WHAT Happen ( ဘာ ဖြစ် မ လဲ )














မင်းကြည်ညိုနေ

WHAT Happen ( ဘာ ဖြစ် မ လဲ )

ကိုယ်ကတော့ ဒီလိုမြင်တာပဲ

ပူတင်တောင် သွားကပ်တာ လနက်ပဲ အကူရတယ် ကျန်တာတွေက ဆောက်ဖြစ်မှ ကျောင်းတကာ ခုကို ရုရှားစီးပွားရေးသမား အယောက် ၅၀ လောက်ပင့်ဖိတ်ပြီး စီးပွားရေးတွေ ဒီလာလုပ်ပါ ခယတာတောင် တကောင်မှလာတာ မတွေ့သေး ဘာစက်ရုံ ညာစက်ရုံဆိုတာကလည်း ဟန်ပြ ဖော်ရှိုးသာ အော်ချက်နဲ့ နောက်ခံ ရုရှားရှိဟန် ပြိုမလဲအောင် ထိန်းထားကွက်တွေ လနက်တောင် ငွေရလို့ မဟုတ် မပေး မရဘူး

ဒီတော့ ခု CIA က ကိုင်နေတဲ့ မူးယ-စ်ကေ့အတွက် အလဲထပ်လုပ် အပေးယူလုပ်ဖို့ ထိုင်းစစ်ချုပ်နဲ့တွေ့တာ ဘာထူးခြားမလဲဆို ပရာယွတ် လုပ်ရဲပါ့မလားပဲ တွေးရမယ် ဒါဟာ နိုင်ငံရေးမဟုတ် မူး-ယ-စ်ရာ-ဇဂို-ဏ်းအမှု ဆက်နွယ်ပတ်သက်ရုံမဟုတ် ကိုယ်၌ကျ နောက်ခံက ဦးဆောင်နေသူ (ထွန်းမင်းလက် ဝန်ခံချက်အရ မအလကိုယ်၌ ကွန်ထရိုးလုပ်နေ)

ဒီတော့ ရွေးကောက်ရယ် ထိုင်ခုံလှုပ်ထားမှုရယ် CIA အမှုဆိုကတည်းက ပရာယွတ် ပါဝါ မရှိတော့ဘူး နောက် UN US အာဆန်ရဲ့ အင်ဒို မလေး စလုံး ဝိုင်းပတ်ချုပ်ထားမှုက

ပရာယွတ် တကေင်ထဲ ချွန်ထွက်ရင် လစ်သွားဖို့ပဲ ရှိတယ်ဆိုတာ သက်ဆင် သမီးကလည်း ရွေးကောက်နဲ့ ဖြုတ်ချ အနိုင်ယူဖို့ Ready ဖြစ်နေတာကို ကြည့်ရင် သိနိုင်တယ်

သက်ဆင် ရွေးချယ်စရာမရှိ မအလဟာ သူ့ထောင်ခြောက် ဿတ်ကွင်းကြီးပဲ ဒီတော့ အလွှင့်မခံပဲ တက်နင်းပြီးပဲ နေရာဆက်ယူဖို့ လုပ်လိမ့်မယ် ဒါဆို ခုလို လာတွေ့စေလွှတ်မှုက ရှင်းပါတယ် .. သာကောမျက်နှာနဲ့ နောက်ဆုံး လာတွေ့ လမ်းကြောင်းခင်းပေးတာပါ နောက် နိုင်ငံရေး အမြင်အရ ကစားကွက် အပေးယူနဲ့ ရှေ့တိုးနောက်ဆုတ်လုပ်ဖို့ ကြိုတင် ကာဗာ လာလုပ်တာ

သဘောက မအလက ထိုင်းကိုပို့နေတဲ့ ဂစ့်လမ်းကြောင်း ပိတ်ချလိုက်ရင် ချက်ခြင်းပြည်သူ ဆူလာပြီး ပရာယွတ် ပြုတ်ကျနိုင်ဟုဆို မကျအောင် အခြားက ဝယ်ယူမယ်ဆိုလည်း ဈေးကြီး အလုပ်ရှုပ် တိုင်ပတ်ရအုံးမယ် မဟုတ်ပါလား

ဒီအချက်ကို ဘယ်မှာ တွေ့ရလဲဆို ရှီကျင့်ဖျင်တောင် ဈေးချိုတဲ့ ရုရှားဆီက ဆီတွေ အနောက်က ပိတ်ချပြီဆို အသင့်ဝယ်ယူ ပြင်ဆင်နိုင်အောင် အရံဆီအတွက် အီရန်အပါ OIC နိုင်ငံတွေကို သွားချုပ်နေတယ်ဆိုတာ တွေ့လိုက် သိလိုက်ရတယ်

ဒါ့အပြင် US က တျုတ်နဲ့ ဘဏ္ဍာရေးကဏ္ဍပါ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုပြီး လေသံပစ် လုပ်လာပြနေတယ် ဒီအချက်ကို အချို့က ဘိုင်ဒန်ဟာ ကျင့်ဖျင့်နဲ့ လက်ဝါးခြင်း ရိုက်နေလို့ ထုတ်ထားတဲ့ NDAA တွေဟာ ဟန်ပြ အလုပ်မဖြစ်တော့ဘူးဆိုနေလေရဲ့ (တမင် Anti လုပ်တာတွေ တလရကို)

အဲ့ Anti NUG တွေရဲ့ အရေးသား အတွေးခေါ်မှားကြောင်းကို ဘိုင်ဒန်သာ အဲလိုလုပ်ရင် အောက်လွှတ်တော်က ပိုးဆိုးပတ်စက်ပြောပြီး ဖိအားပေး ဝေဖန်အရေးဆိုလာမှာရယ် US တျုတ် ခုလို ဆက်ဆံလာမှုကိုယ်က မြန်မာ့အရေးအတွက် အဆင်ပြေပြီး မအလအတွက် အကြပ် ထွက်ခက်ဖြစ်နေတယ်ဆိုတာ သိစေချင်တယ်

ကဲ ခုတော့ No Fly Zone အတွက် ပင်တဂွန်က Eileen Laubacher နှင့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးDonald Lu က ဘင်္ဂလားဒေ့ရှ် နိုင်ငံသွားပြီး မြန်မာနိုင်ငံကို ဘော်စနီးယားလို No-fly-zone သတ်မှတ်ရေးအတွက် လုပ်နေပြီအသံတွေနဲ့အတူ အိန္ဒိယက လေကြောင်း ကျုးကျော်မှုတွေအတွက် စိုးရိမ်ကြောင်း အရိပ်မွှတ်ပြောပြီး သတိပေးနေပြီဆိုတော့

ဪ မေ့လို့ မြန်မာ့အရေး အပြတ်ဖြတ်မယ်လို့ ကြွေးကြော်ထားတဲ့ အင်ဒိုရဲ့ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီကတော့ အင်ဒိုနီးရှားနဲ့ အာဆီယံရဲ့ ရပ်တည်ချက်က ရှင်းလင်းပြီး စစ်ကောင်စီကို မြန်မာအစိုးရအဖြစ် အသိအမှတ်မပြုပါဘူးလို့ ပြောလိုက်ပြီဆိုကတည်းက ပရာယွတ် မအလ တွေ့ဆုံမှု ရခိုင်ပင်လယ်ထဲ မျောလိုက်တော့ဟု ပြောချင်တာပါ

တော်လှန်နှစ်သစ် အောင်ပွဲ ဖြစ်ပါစေ

မင်းကြည်ညိုနေ

 

Leave a Reply

Your email address will not be published. Required fields are marked *