ေ႐ႊဆိုင္ေတြလုံၿခဳံေရးအတြက္ ဆိုင္ေတြမွာ တုတ္ဓားေတြ ေဆာင္ထားၾကပါလို႔ ပန္းဘဲတန္းရဲတပ္ဖြဲ႕မႉးေျပာ

ဇႏၷဝါရီ ၁၉

ရန္ကုန္ၿမိဳ႕က ေ႐ႊဆိုင္ေတြရဲ႕ လုံၿခဳံေရးအတြက္ CCTV ေတြေနရာျပည့္တပ္ဆင္ၿပီး ဆိုင္ေတြမွာ တုတ္၊ ဓားေတြ ေဆာင္ထားၾကပါလို႔ ပန္းဘဲတန္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉးေဇာ္မင္းဦးကေျပာပါတယ္။

ရဲတပ္ဖြဲ႕မႉးေဇာ္မင္းဦးက “ေ႐ႊဆိုင္ေတြမွာ CCTV တပ္ဆင္ဖို႔အေတာ္ေလးအေရးပါတယ္ ျဖစ္ႏိုင္ရင္ေတာ့ ဆိုင္ေတြထဲမွာ ကိုယ့္ကိုကိုယ္ ခုခံကာကြယ္ႏိုင္ဖို႔ ထိုက္သင့္အားေလ်ာ္တဲ့ လက္နက္ေတြထားေစခ်င္ပါတယ္

တုတ္တို႔ ဓားတို႔ ျပန္လည္တုန႔္ျပန္ႏိုင္ေအာင္လို႔၊ အုံလိုက္က်င္းလိုက္ အဓိက႐ုဏ္း ပုံစံမ်ိဳးေဆာင္ထားတာမ်ိဳးမဟုတ္ဘဲ ဓားတစ္လက္တို႔ တုတ္ ႏွစ္ေခ်ာင္းသုံးေခ်ာင္းတို႔ လက္ရွိ အေျခအေနအရ တုတ္ဓားတို႔ေဆာင္ထားသင့္ပါတယ္

သက္ဆိုင္ရာလုံၿခဳံေရးတာဝန္ရွိသူေတြရဲ႕ ဖုန္းနံပါတ္ကို ဖုန္းေတြမွာမွတ္ထားဖို႔လိုပါတယ္။ ဆိုင္ေတြမွာ CCTV ေနရာျပည့္တပ္ဆင္ဖို႔၊ ျဖစ္လာလို႔ရွိရင္ ခ်က္ခ်င္းတုန႔္ျပန္ႏိုင္ေအာင္လို႔ ေၾကာက္႐ြံဖို႔မရွိေစဖို႔ ပတ္ဝန္းက်င္ကို စည္း႐ုံးထားဖို႔ ကိုယ့္ဝန္ထမ္းေတြကို စည္း႐ုံးထားဖို႔၊

သူကိုတုတ္နဲ႔႐ိုက္လိုက္ရင္ ဓားနဲ႔႐ိုက္လိုက္ရင္ ေထာင္က်သြားမလားဆိုတာမ်ိဳးမရွိဘူးဆိုတာ ကိုယ့္ဝန္ထမ္းေတြကို ျပန္ၿပီးေဆြးေႏြးေပးထားပါ မိမိကိုယ္ကိုခုခံပိုင္ခြင့္ ကိုယ္ပစၥည္းကို ကာကြယ္ပိုင္ခြင့္ရွိပါတယ္”လို႔ေ႐ႊဆိုင္ေတြရဲ႕လုံၿခဳံေရးအတြက္

ေ႐ႊဆိုင္ပိုင္ရွင္ေတြနဲ႔ သက္ဆိုင္ရာတာဝန္ရွိသူေတြ ေတြ႕ဆုံေဆြးေႏြးပြဲတစ္ရပ္ကို ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း(YGEA)အသင္း႐ုံးမွာ ဇန္နဝါရီ ၁၈ ရက္ေန႔မွာက်င္းပခဲ့တာျဖစ္ၿပီး အဲ့ဒီအစည္းအေဝးမွာ ေျပာၾကားခဲ့တာကို YGEA အသင္းက ေဖာ္ျပေပးထားပါတယ္

ေ႐ႊဆိုင္ေတြရဲ႕လုံၿခဳံေရးအတြက္ ေဆြးေႏြးေပးတဲ့အခမ္းအနားကို ေ႐ႊဆိုင္လုပ္ငန္းရွင္ (၅၀) ေက်ာ္ တက္ေရာက္ခဲ့တယ္လို႔ သိရပါတယ္

လက္ရွိ ႏိုင္ငံေရးမတည္ၿငိမ္မႈနဲ႔အတူ ရန္ကုန္၊ မႏၲေလးစတဲ့ ၿမိဳ႕ႀကီးေတြမွာ မၾကာခဏဆိုသလို ေ႐ႊဆိုင္ေတြ ဓားျပတိုက္ခံရတဲ့ ျဖစ္စဥ္ေတြျဖစ္ပြားေနတဲ့အတြက္ေၾကာင့္ ေ႐ႊဆိုင္ေတြက လုံၿခဳံေရးကို စိုးရိမ္မႈေတြရွိေနၾကတာလည္းျဖစ္ပါတယ္

myanmaplatform

ရွှေဆိုင်တွေလုံခြုံရေးအတွက် ဆိုင်တွေမှာ တုတ်ဓားတွေ ဆောင်ထားကြပါလို့ ပန်းဘဲတန်းရဲတပ်ဖွဲ့မှူးပြော

ဇန္နဝါရီ ၁၉

ရန်ကုန်မြို့က ရွှေဆိုင်တွေရဲ့ လုံခြုံရေးအတွက် CCTV တွေနေရာပြည့်တပ်ဆင်ပြီး ဆိုင်တွေမှာ တုတ်၊ ဓားတွေ ဆောင်ထားကြပါလို့ ပန်းဘဲတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးဇော်မင်းဦးကပြောပါတယ်။

ရဲတပ်ဖွဲ့မှူးဇော်မင်းဦးက “ရွှေဆိုင်တွေမှာ CCTV တပ်ဆင်ဖို့အတော်လေးအရေးပါတယ် ဖြစ်နိုင်ရင်တော့ ဆိုင်တွေထဲမှာ ကိုယ့်ကိုကိုယ် ခုခံကာကွယ်နိုင်ဖို့ ထိုက်သင့်အားလျော်တဲ့ လက်နက်တွေထားစေချင်ပါတယ်

တုတ်တို့ ဓားတို့ ပြန်လည်တုန့်ပြန်နိုင်အောင်လို့၊ အုံလိုက်ကျင်းလိုက် အဓိကရုဏ်း ပုံစံမျိုးဆောင်ထားတာမျိုးမဟုတ်ဘဲ ဓားတစ်လက်တို့ တုတ် နှစ်ချောင်းသုံးချောင်းတို့ လက်ရှိ အခြေအနေအရ တုတ်ဓားတို့ဆောင်ထားသင့်ပါတယ်

သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတွေရဲ့ ဖုန်းနံပါတ်ကို ဖုန်းတွေမှာမှတ်ထားဖို့လိုပါတယ်။ ဆိုင်တွေမှာ CCTV နေရာပြည့်တပ်ဆင်ဖို့၊ ဖြစ်လာလို့ရှိရင် ချက်ချင်းတုန့်ပြန်နိုင်အောင်လို့ ကြောက်ရွံဖို့မရှိစေဖို့ ပတ်ဝန်းကျင်ကို စည်းရုံးထားဖို့ ကိုယ့်ဝန်ထမ်းတွေကို စည်းရုံးထားဖို့၊

သူကိုတုတ်နဲ့ရိုက်လိုက်ရင် ဓားနဲ့ရိုက်လိုက်ရင် ထောင်ကျသွားမလားဆိုတာမျိုးမရှိဘူးဆိုတာ ကိုယ့်ဝန်ထမ်းတွေကို ပြန်ပြီးဆွေးနွေးပေးထားပါ မိမိကိုယ်ကိုခုခံပိုင်ခွင့် ကိုယ်ပစ္စည်းကို ကာကွယ်ပိုင်ခွင့်ရှိပါတယ်”လို့ရွှေဆိုင်တွေရဲ့လုံခြုံရေးအတွက်

ရွှေဆိုင်ပိုင်ရှင်တွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)အသင်းရုံးမှာ ဇန်နဝါရီ ၁၈ ရက်နေ့မှာကျင်းပခဲ့တာဖြစ်ပြီး အဲ့ဒီအစည်းအဝေးမှာ ပြောကြားခဲ့တာကို YGEA အသင်းက ဖော်ပြပေးထားပါတယ်

ရွှေဆိုင်တွေရဲ့လုံခြုံရေးအတွက် ဆွေးနွေးပေးတဲ့အခမ်းအနားကို ရွှေဆိုင်လုပ်ငန်းရှင် (၅၀) ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်

လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုနဲ့အတူ ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေမှာ မကြာခဏဆိုသလို ရွှေဆိုင်တွေ ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ်တွေဖြစ်ပွားနေတဲ့အတွက်ကြောင့် ရွှေဆိုင်တွေက လုံခြုံရေးကို စိုးရိမ်မှုတွေရှိနေကြတာလည်းဖြစ်ပါတယ်

myanmaplatform

 

Leave a Reply

Your email address will not be published. Required fields are marked *