ေ႐ြးေကာက္ပြဲအတြက္ သန္းေခါင္စာရင္း ေကာက္ေနသူ ပစ္ခတ္ခံရၿပီး ေသဆုံး
ရန္ကုန္၊ ဇန္နဝါရီ ၁၉
မႏၲေလးတိုင္း၊ ေက်ာက္ဆည္ၿမိဳနယ္၊ အေရွ႕သာစည္ေလးေက်း႐ြာမွ စစ္ေကာင္စီ သတင္းေပးဟု စြပ္စြဲခံရသူလည္းျဖစ္၊ စစ္တပ္၏ အတုအေယာင္ ေ႐ြးေကာက္ပြဲအတြက္
သန္းေခါင္စာရင္း ေကာက္ယူ ေနသူ ထြန္းဦး ပစ္ခတ္ခံ ရၿပီး ေသဆုံးသြားေၾကာင္း People Revolution Force Kyaukse က သတင္း ထုတ္ျပန္သည္
ဇန္နဝါရီ ၁၈ ရက္ေန႔ ည ၈ နာရီခန႔္အခ်ိန္ People Revolution Force Kyaukse က ထြန္းဦးကို ေနအိမ္မွ ထြက္လာစဥ္ ဦးေခါင္းႏွင့္ရင္ဘတ္ကို ပစ္ခတ္ရာမွ ေသဆုံးသြားျခင္းျဖစ္ေၾကာင္း သိရွိရသည္
ဦးထြန္းဦးသည္ စစ္ေကာင္စီ သတင္းေပးလုပ္ေနၿပီး ျပည္သူလူထုကို ဒုကၡ အမ်ိဳး မ်ိဳး ေပးေနသူ ျဖစ္သည့္အျပင္ လက္ရွိ စစ္ေကာင္စီ၏ ေ႐ြးေကာက္ပြဲ အတြက္ အစည္းအေဝး တက္ျခင္း၊
သန္းေခါင္စာရင္း ေကာက္ယူျခင္းမ်ားကို ဦး ေဆာင္ျပဳလုပ္ေနသူျဖစ္ေၾကာင္း သိရွိရသည္
ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်း ကောက်နေသူ ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၁၉
မန္တလေးတိုင်း၊ ကျောက်ဆည်မြိုနယ်၊ အရှေ့သာစည်လေးကျေးရွာမှ စစ်ကောင်စီ သတင်းပေးဟု စွပ်စွဲခံရသူလည်းဖြစ်၊ စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲအတွက်
သန်းခေါင်စာရင်း ကောက်ယူ နေသူ ထွန်းဦး ပစ်ခတ်ခံ ရပြီး သေဆုံးသွားကြောင်း People Revolution Force Kyaukse က သတင်း ထုတ်ပြန်သည်
ဇန်နဝါရီ ၁၈ ရက်နေ့ ည ၈ နာရီခန့်အချိန် People Revolution Force Kyaukse က ထွန်းဦးကို နေအိမ်မှ ထွက်လာစဉ် ဦးခေါင်းနှင့်ရင်ဘတ်ကို ပစ်ခတ်ရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်
ဦးထွန်းဦးသည် စစ်ကောင်စီ သတင်းပေးလုပ်နေပြီး ပြည်သူလူထုကို ဒုက္ခ အမျိုး မျိုး ပေးနေသူ ဖြစ်သည့်အပြင် လက်ရှိ စစ်ကောင်စီ၏ ရွေးကောက်ပွဲ အတွက် အစည်းအဝေး တက်ခြင်း၊
သန်းခေါင်စာရင်း ကောက်ယူခြင်းများကို ဦး ဆောင်ပြုလုပ်နေသူဖြစ်ကြောင်း သိရှိရသည်