













မင်းကြည်ညိုနေ


ရန်ကုန်၊ ဇန်နဝါရီ ၁၉






အင်ဒိုရဲ့ အမိုက်စား ဂီတသံစဉ်တေးသွား

အင်ဒိုက ပြောတဲ့ အတိုင်း အပြတ်ဖြုတ်ပြီနော် ဒါတောင် Intro ပဲ ရှိသေးတယ် နောက်ထပ် Solo တွေ Melody တွေ Rhythm တွေ မလာ မတီးခတ်သေးဘူး မရရင်တော့ Matal Rock နဲ့ ဖြုတ်မည့်ပုံ

” အရည်ချင်းမရှိပဲ သမ္မတ မလုပ်ချင်နဲ့တဲ့ ” မင်းလစ်တော့လို့ ပြောတာနဲ့ အတူတူပဲ ဒါမှ ဆက်တွယ်နေမယ်ဆို
Matal နဲ့ ဖြုတ်ပါတော့မယ် Solo လောက်နဲ့ ငြီးမနေဘူး အားလုံး ပြင်းရိ ငြီးငွေ့ စိတ်ပျက်ကုန်မယ် မဟုတ်ပါလား

ဒီဂီတ music တေးသွားကို UN က မူပိုင်ယူပြီး တီးခတ်ထားပြီးသား US က hard rock , slow rock နဲ့ ကြိုကြား ဝင်ဆို တီးခတ်ရုံသာ

မြန်မာပြည်သူက ဒီဂီတ တေးသွားတွေကို မကြိုက်ကြဘူး ခပ်ကြမ်းကြမ်း ဖြဲရွဲမည့် Matal Rock လောက် မျှော် ရင်ခုန်တာ

ဒီတော့ မြန်မာပြည်မှာလည်း solo တွေ melody တွေ ခေတ်မစား လူမကြိုက် ပွဲမတိုးတော့ဘူးဆိုတာ ကမ္ဘာက သိနေပြီးသား

ဒီတော့ နောက်လာမည့် သံစဉ်တွေဟာ မြန်မာပြည်သူကြိုက်တဲ့ နတ်ဒိုး Electrical music တွေနဲ့ အော်တာနေးလ်တစ် Matal ခေတ်အလွန် အပြင်းစား ပေါက်ကွဲအားနှုန်းကောင်းတဲ့ Black music တွေနဲ့ ကခုန်စေမလား

ဒီဂီတအမျိုးစားတွေသာ နွေဦးတော်လှန်ရေးပြည်သူကလည်း စိတ်ဝင်စား ရင်ခုန် ကြိုဆိုနေကြပြီ ဆိုတော့ကာ
လာမည့် ခပ်ကြမ်းကြမ်း ဂီတ music တွေ ဖြစ်တဲ့ အင်ဒိုရဲ့ ပေါက်ကွဲသံစဉ် ဂီတတွေဟာ ဘာဂီတ music အမျိုးစားတွေ ဖြစ်မလဲဆိုတာ

အင်ဒိုဟာ ခု နွေဦးတော်လှန်ရေးအတွက် အမိုက်စား တီးလုံးတွေ စတင် တီးခတ် နေပြီလေ ဒါဟာ အင်ဒိုရဲ့ ကိုယ်ပိုင် သံစဉ် တေးသွားတွေပဲပေါ့

မြန်မာပြည်သူအတွက် နားဆင်ရတာ နားဝင်ချိုပြီး လှပ ချိုမြိန် မိုက်နေလေရဲ့ ဒီတော့ နောက်ထပ်လည်း မည်သူတွေ မည်သည့် တေးသွား ဂီတအမျိုးစားတွေနဲ့ ပါဝင်တီးခတ် ဖျော်ဖြေ ပေးကြအုံးမလဲဆိုတာနဲ့

နွေဉီးတော်လှန်ရေး သူရဲကောင်း ပြည်သူများရဲ့ အော်ဟစ် ပေါက်ကွဲကြွေးကြော်သံများနဲ့အတူ ထပ်တူမျှ ဖြစ်ပေါ်ခံစားလာရမည့် ထိုဂီတ အမျိုးစားတွေဟာ

နွေဦးပြည်သူများနဲ့အတူ ရင်ခုန်သံခြင်း ထပ်တူကျမလား

စည်းချက်နဲ့အညီ အော်ဟစ် ပေါက်ကွဲ ကခုန်နိုင်စေမလား

အားလုံးပျော်မြူး လန်းစေမလားဆိုတာ ဆက်နားဆင် ကခုန်ဖို့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာပါပဲ

မင်းကြည်ညိုနေ

“အရည်အချင်းမရှိဘဲ ဘာကြောင့် သမ္မတ ဖြစ်ချင်တာလဲ” ဟု မင်းအောင် လှိုင် ကို အင်ဒိုနီးရှားဝန်ကြီး၊ ဗိုလ်ချုပ်ကြီးဟောင်း Luhut Panjaitan မေး ခွန်း ထုတ်၊ အင်ဒိုနီးရှားစစ်တပ်ကို နမူနာ ယူရန် တိုက်တွန်း

ရန်ကုန်၊ ဇန်နဝါရီ ၁၉

မြန်မာနိုင်ငံမှ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် “အရည် အချင်း မရှိဘဲ ဘာ ကြောင့် သမ္မတဖြစ်ချင်တာလဲ” ဟု အင်ဒိုနီးရှားအစိုးရ၊ ရေ ကြောင်း နှင့် ရင်းနှီးမြှုပ်နှံဆိုင်ရာ ဝန်ကြီး လည်းဖြစ်၊ အင်ဒိုနီးရှား တပ်မ တော် မှ ဗိုလ်ချုပ်ကြီးဟောင်းလည်း ဖြစ်သူ Luhut Panjaitan က မေးခွန်း ထုတ် လိုက် ကြောင်း သိရှိရသည်

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စီးပွားရေး ပိတ်ဆို့အရေးယူမှုများနှင့် ပြည်တွင်းစစ်များ ပိုမိုဆိုးရွား လာခြင်း ကြောင့် ယိုယွင်းနေသည့် နိုင်ငံကို အရည် အချင်းပြည့်မီသော ခေါင်းဆောင် များ အုပ်ချုပ်ခွင့် ပေးရန်နှင့် မြန်မာ စစ်တပ် အနေဖြင့် နိုင်ငံရေးမှ နောက်ပြန်ဆုတ်ရန် အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီး ဟောင်းက တိုက်တွန်းသည်

မြန်မာစစ်တပ်အနေဖြင့် အင်ဒိုနီးရှား၏နမူနာကို ယူသင့်ကြောင်း၊ အင်ဒိုနီးရှား တွင် စစ်တပ်က လွန်ခဲ့သောဆယ်စုနှစ်များအတွင်း နိုင်ငံရေးမှ ဆုတ်ခွာသွား သည့် လမ်းကြောင်း လိုက်နာသင့်ကြောင်း ၎င်းက ဆိုသည်

“အစိုးရထဲမှာ စစ်ဘက်ကလူတွေ အများကြီးရှိနေတာပဲ။ ဒါပေမဲ့ အရည်အချင်း မရှိဘဲ သမ္မတဖြစ်ချင်လို့ရမလား။အရည်အချင်းရှိတဲ့သူ အုပ်ချုပ်ပါစေ” ဟု ဆွစ်ဇာလန်တွင်ပြု လုပ် သည့် ကမ္ဘာ့ စီးပွား ရေးဖိုရမ်တွင် မြန်မာစစ် ခေါင်း ဆောင် မင်းအောင်လှိုင်ကို ရည်ညွှန်း၍ အင်ဒိုနီးရှား ဝန်ကြီး က ထောက်ပြ ပြောဆိုသည်

အင်ဒိုနီးရှားနိုင်ငံတွင် ၁၉၆၆ ခုနှစ် အာဏာသိမ်းခဲ့သော စစ်ဗိုလ်ချုပ်ဟောင်း ဆူ ဟာ တိုကို ၁၉၉၈ ခုနှစ်တွင် ဖြုတ်ချပြီးနောက် ဒီမိုကရေစီသို့ ပြန်လည် ရောက် ရှိခဲ့ပြီး အင်ဒိုနီးရှား စစ်တပ်သည် နိုင်ငံ ရေးမှ လုံး၀ ထွက်ခွာသွားခဲ့သည်

 

Leave a Reply

Your email address will not be published. Required fields are marked *