ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံး မီးရႈိ႕ခံရ

တမူး၊ ဇႏၷဝါရီ ၁၉၊ ၂၀၂၃။

စစ္ကိုင္းတိုင္း(အထက္ပိုင္း)၊ တမူးၿမိဳ႕က စစ္ေကာင္စီလက္ေအာက္ခံ တမူးၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးမွာ ဒီကေန႔ ဇန္နဝါရီလ ၁၉ ရက္မနက္ ၁၀ နာရီခန႔္က မီးေလာင္မႈျဖစ္ပြားခဲ့ပါတယ္

အာရွလမ္း၊ ေစာ္ဘြားရပ္ကြက္မွာရွိတဲ့ စစ္ေကာင္စီလက္ေအာက္ခံေ႐ြးေကာ္႐ုံးကို ေတာ္လွန္ေရးအင္အားစုေတြဘက္က စီးနင္း မီးရႈိ႕ခဲ့တာျဖစ္ၿပီး နာရီဝက္နီးပါးအၾကာ မီးေလာင္ကြၽမ္းခဲ့လို႔ ႐ုံးတြင္းစာ႐ြက္စာတမ္းေတြနဲ႔ ႐ုံးအေဆာက္အဦး မီးေလာင္ပ်က္စီးခဲ့တယ္လို႔ တမူး ABSDF တပ္ရင္း ၅ မွ တာဝန္ရွိသူတဦးက ေျမလတ္အသံကို ေျပာပါတယ္

”စစ္ေကာင္စီရဲ႕ အတုအေယာင္ေ႐ြးေကာက္ပြဲ စာ႐ြက္စာတမ္းေတြကို မီးရႈိ႕ဖ်က္ဆီးခဲ့တာ ျဖစ္ပါတယ္။ ေလာင္တာ နာရီဝက္ေလာက္ ၾကာတယ္။ စာ႐ြက္စာတမ္းေတြ အကုန္မီးေလာင္ၿပီး ႐ုံးအေဆာက္အဦလည္း ပ်က္စီးတယ္” လို႔ ေျပာပါတယ္

စစ္ေကာင္စီေ႐ြးေကာ္႐ုံး မီးရႈိ႕ဖ်က္ဆီးတာကို တမူး ABSDF တပ္ရင္း ၅ နဲ႔ တမူးပကဖတို႔ ပူးေပါင္းလုပ္ေဆာင္ခဲ့တာလို႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕-တမူးက ဒီကေန႔မနက္ပိုင္းမွာ ထုတ္ျပန္ထားၿပီး ဒီျဖစ္စဥ္နဲ႔ပက္သက္တဲ့ ေနာက္ဆက္တြဲအေျခအေနေတြကိုေတာ့ ေျမလတ္အသံက ဆက္လက္စုံစမ္းေနဆဲ ျဖစ္ပါတယ္

ေျမလတ္အသံ

ရွေးကောက်ပွဲကော်မရှင်ရုံး မီးရှို့ခံရ

တမူး၊ ဇန္နဝါရီ ၁၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ တမူးမြို့က စစ်ကောင်စီလက်အောက်ခံ တမူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဒီကနေ့ ဇန်နဝါရီလ ၁၉ ရက်မနက် ၁၀ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်

အာရှလမ်း၊ စော်ဘွားရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံရွေးကော်ရုံးကို တော်လှန်ရေးအင်အားစုတွေဘက်က စီးနင်း မီးရှို့ခဲ့တာဖြစ်ပြီး နာရီဝက်နီးပါးအကြာ မီးလောင်ကျွမ်းခဲ့လို့ ရုံးတွင်းစာရွက်စာတမ်းတွေနဲ့ ရုံးအဆောက်အဦး မီးလောင်ပျက်စီးခဲ့တယ်လို့ တမူး ABSDF တပ်ရင်း ၅ မှ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်

”စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲ စာရွက်စာတမ်းတွေကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ လောင်တာ နာရီဝက်လောက် ကြာတယ်။ စာရွက်စာတမ်းတွေ အကုန်မီးလောင်ပြီး ရုံးအဆောက်အဦလည်း ပျက်စီးတယ်” လို့ ပြောပါတယ်

စစ်ကောင်စီရွေးကော်ရုံး မီးရှို့ဖျက်ဆီးတာကို တမူး ABSDF တပ်ရင်း ၅ နဲ့ တမူးပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-တမူးက ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားပြီး ဒီဖြစ်စဉ်နဲ့ပက်သက်တဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်

မြေလတ်အသံ

 

Leave a Reply

Your email address will not be published. Required fields are marked *