လဝက႐ုံးထဲသို႔ ဗုံးပစ္သြင္းသျဖင့္ လဝက တစ္႐ုံးလုံး ထြက္ ေျပး၊ စစ္တပ္က ဗုံးကို သိမ္းဆည္းေဖာက္ခြဲလိုက္ၿပီး ဗုံးပစ္သူ၏ CCTV မွတ္ တမ္း ရရွိသြား

ရန္ကုန္၊ ဇန္နဝါရီ ၁၉

ရန္ကုန္တိုင္း၊ မရမ္းကုန္းၿမိဳ႕နယ္၊ အမွတ္ ၁ ရပ္ကြက္ရွိ လဝက႐ုံးတြင္ အိတ္ အမည္း ျဖင့္ ဗုံး ပစ္သြားၿပီး စစ္တပ္က ယင္းဗုံးကို သိမ္းဆည္း ေဖာက္ခြဲ လိုက္ ေၾကာင္း‌ ေဒသျပည္သူမ်ားထံမွ သိရွိရသည္

ဇန္နဝါရီလ ၁၉ ရက္ေန႔ မြန္းလြဲ ၁၂ နာရီခြဲအခ်ိန္တြင္ မရမ္းကုန္းၿမိဳ႕နယ္၊ အမွတ္ ၁ ရပ္ကြက္ရွိ ၿမိဳ႕နယ္ လဝက႐ုံးထဲသို႔ အိတ္ အမည္းျဖင့္ ထုတ္ထားသည့္ ဗုံးကို ပစ္ခတ္သြားေၾကာင္း၊ ခ်က္ခ်င္း မေပါက္ကြဲသျဖင့္ လဝကတစ္႐ုံးလုံး ထြက္ေျပး ၾကၿပီး စစ္တပ္က လာေရာက္ကာ ဗုံးကို သိမ္းဆည္း ေဖာက္ခြဲ လိုက္ေၾကာင္း သိရွိရသည္

“႐ုံးထဲကို အိတ္အမည္းနဲ႔ ဗုံး ဝင္ပစ္သြား တယ္။ လဝက႐ုံးထဲက ဝန္ထမ္းေတြ အကုန္ လုံး ထြက္ေျပးၾကတာ။ ေနာက္ေတာ့ ရဲေတြ အရင္ေရာက္လာၿပီး တပင္ ေ႐ႊထီးလမ္းနဲ႔ ဗိုလ္ခ်ဳပ္လမ္းေထာင့္ကို ပိတ္လိုက္တယ္

ၿပီးေတာ့ စစ္ကား ၂ စီး ေရာက္လာတယ္။ အနီးအနားက ဆိုင္ေတြ အားလုံး ပိတ္ခိုင္းတယ္။ စစ္ ကား ေတြနဲ႔ ဗုံးစစ္တဲ့အဖြဲ႕ေတြထပ္ေရာက္လာၿပီး ရႈပ္ေထြးသြားတယ္

ၿပီးေတာ့ ၁ နာရီ ၄၅ မိနစ္ေလာက္မွာ ဗုံးကို စစ္တပ္က ခြဲလိုက္တယ္” ဟု ေဒသျပည္သူ တစ္ဦးက ေျပာသည္

စစ္တပ္က ဗုံးကို ေဖာက္ခြဲစဥ္ အသံအလြန္က်ယ္ေလာင္ၿပီး မီးခိုးလုံးမ်ား တက္ လာသျဖင့္ အမွတ္ ၁ ရပ္ကြက္ပတ္ဝန္းက်င္မွ ျပည္သူမ်ားအားလုံး ၾကားသိရ ေၾကာင္း ၊

စစ္တပ္က လမ္းပိတ္စစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့ၿပီး CCTV မွတ္ တမ္း မ်ား လိုက္လံ ေတာင္းယူသြားေၾကာင္း၊ လဝက႐ုံးမွာ လူမရွိေတာ့ဘဲ လုပ္ ငန္းမ်ား ရပ္နားလိုက္ေၾကာင္း သိရွိရသည္

မရမ္းကုန္း လဝက႐ုံး အနီး တပင္ေ႐ႊထီးလမ္းတြင္ စစ္ တပ္ က ပိတ္ဆို႔စစ္ေဆးေနစဥ္

လဝကရုံးထဲသို့ ဗုံးပစ်သွင်းသဖြင့် လဝက တစ်ရုံးလုံး ထွက် ပြေး၊ စစ်တပ်က ဗုံးကို သိမ်းဆည်းဖောက်ခွဲလိုက်ပြီး ဗုံးပစ်သူ၏ CCTV မှတ် တမ်း ရရှိသွား

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်ရှိ လဝကရုံးတွင် အိတ် အမည်း ဖြင့် ဗုံး ပစ်သွားပြီး စစ်တပ်က ယင်းဗုံးကို သိမ်းဆည်း ဖောက်ခွဲ လိုက် ကြောင်း‌ ဒေသပြည်သူများထံမှ သိရှိရသည်

ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်ရှိ မြို့နယ် လဝကရုံးထဲသို့ အိတ် အမည်းဖြင့် ထုတ်ထားသည့် ဗုံးကို ပစ်ခတ်သွားကြောင်း၊ ချက်ချင်း မပေါက်ကွဲသဖြင့် လဝကတစ်ရုံးလုံး ထွက်ပြေး ကြပြီး စစ်တပ်က လာရောက်ကာ ဗုံးကို သိမ်းဆည်း ဖောက်ခွဲ လိုက်ကြောင်း သိရှိရသည်

“ရုံးထဲကို အိတ်အမည်းနဲ့ ဗုံး ဝင်ပစ်သွား တယ်။ လဝကရုံးထဲက ဝန်ထမ်းတွေ အကုန် လုံး ထွက်ပြေးကြတာ။ နောက်တော့ ရဲတွေ အရင်ရောက်လာပြီး တပင် ရွှေထီးလမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်ကို ပိတ်လိုက်တယ်

ပြီးတော့ စစ်ကား ၂ စီး ရောက်လာတယ်။ အနီးအနားက ဆိုင်တွေ အားလုံး ပိတ်ခိုင်းတယ်။ စစ် ကား တွေနဲ့ ဗုံးစစ်တဲ့အဖွဲ့တွေထပ်ရောက်လာပြီး ရှုပ်ထွေးသွားတယ်

ပြီးတော့ ၁ နာရီ ၄၅ မိနစ်လောက်မှာ ဗုံးကို စစ်တပ်က ခွဲလိုက်တယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောသည်

စစ်တပ်က ဗုံးကို ဖောက်ခွဲစဉ် အသံအလွန်ကျယ်လောင်ပြီး မီးခိုးလုံးများ တက် လာသဖြင့် အမှတ် ၁ ရပ်ကွက်ပတ်ဝန်းကျင်မှ ပြည်သူများအားလုံး ကြားသိရ ကြောင်း ၊

စစ်တပ်က လမ်းပိတ်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး CCTV မှတ် တမ်း များ လိုက်လံ တောင်းယူသွားကြောင်း၊ လဝကရုံးမှာ လူမရှိတော့ဘဲ လုပ် ငန်းများ ရပ်နားလိုက်ကြောင်း သိရှိရသည်

မရမ်းကုန်း လဝကရုံး အနီး တပင်ရွှေထီးလမ်းတွင် စစ် တပ် က ပိတ်ဆို့စစ်ဆေးနေစဉ်

 

Leave a Reply

Your email address will not be published. Required fields are marked *