“အရည္အခ်င္း မျပည့္မီဘဲ ဘာေၾကာင့္ သမၼတ ျဖစ္သင့္တာလဲ” ဟု မင္းေအာင္ လႈိင္ ကို အင္ဒိုနီးရွားဝန္ႀကီး၊ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း Luhut Panjaitan ေမး ခြန္း ထုတ္၊ အင္ဒိုနီးရွားစစ္တပ္ကို နမူနာ ယူရန္ တိုက္တြန္း

ရန္ကုန္၊ ဇန္နဝါရီ ၁၉

ျမန္မာႏိုင္ငံမွ အၾကမ္းဖက္ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္အေနျဖင့္ “အရည္ အခ်င္း မျပည့္မီဘဲ ဘာ ေၾကာင့္ သမၼတျဖစ္သင့္တာလဲ” ဟု အင္ဒိုနီးရွားအစိုးရ၊ ေရ ေၾကာင္း ႏွင့္ ရင္းႏွီးျမႇဳပ္ႏွံဆိုင္ရာ ဝန္ႀကီး လည္းျဖစ္၊ အင္ဒိုနီးရွား တပ္မ ေတာ္ မွ ဗိုလ္ခ်ဳပ္ႀကီးေဟာင္းလည္း ျဖစ္သူ Luhut Panjaitan က ေမးခြန္း ထုတ္ လိုက္ ေၾကာင္း သိရွိရသည္

ျမန္မာႏိုင္ငံတြင္ စစ္အာဏာသိမ္းၿပီးေနာက္ စီးပြားေရး ပိတ္ဆို႔အေရးယူမႈမ်ားႏွင့္ ျပည္တြင္းစစ္မ်ား ပိုမိုဆိုး႐ြား လာျခင္း ေၾကာင့္ ယိုယြင္းေနသည့္ ႏိုင္ငံကို အရည္ အခ်င္းျပည့္မီေသာ ေခါင္းေဆာင္ မ်ား အုပ္ခ်ဳပ္ခြင့္ ေပးရန္ႏွင့္ ျမန္မာ စစ္တပ္ အေနျဖင့္ ႏိုင္ငံေရးမွ ေနာက္ျပန္ဆုတ္ရန္ အင္ဒိုနီးရွား ဗိုလ္ခ်ဳပ္ႀကီး ေဟာင္းက တိုက္တြန္းသည္

ျမန္မာစစ္တပ္အေနျဖင့္ အင္ဒိုနီးရွား၏နမူနာကို ယူသင့္ေၾကာင္း၊ အင္ဒိုနီးရွား တြင္ စစ္တပ္က လြန္ခဲ့ေသာဆယ္စုႏွစ္မ်ားအတြင္း ႏိုင္ငံေရးမွ ဆုတ္ခြာသြား သည့္ လမ္းေၾကာင္း လိုက္နာသင့္ေၾကာင္း ၎က ဆိုသည္

“အစိုးရမွာ တာဝန္ထမ္းေဆာင္ေနတဲ့ စစ္သားေတြအမ်ားႀကီးရွိပါတယ္။ ဒါေပ မယ့္ အရည္အခ်င္း မျပည့္မီရင္ေတာ့ မင္း ဘာေၾကာင့္ သမၼတ ျဖစ္သင့္တာလဲ

အင္ဒိုနီးရွား နမူနာကို ယူၿပီး ျမန္မာ ႏိုင္ငံကို အရည္အခ်င္းျပည့္မီတဲ့ ေခါင္း ေဆာင္ ကို အုပ္ခ်ဳပ္ခြင့္ေပးလိုက္ပါ” ဟု ဆြစ္ဇာလန္တြင္ျပဳ လုပ္ သည့္ ကမာၻ႔ စီးပြား ေရးဖိုရမ္တြင္ ျမန္မာစစ္ေခါင္းေဆာင္မင္းေအာင္လႈိင္ကို ရည္ၫႊန္း၍ အင္ဒိုနီးရွား ဝန္ႀကီး က ေထာက္ျပ ေျပာဆိုသည္

အင္ဒိုနီးရွားႏိုင္ငံတြင္ ၁၉၆၆ ခုႏွစ္ အာဏာသိမ္းခဲ့ေသာ စစ္ဗိုလ္ခ်ဳပ္ေဟာင္း ဆူ ဟာ တိုကို ၁၉၉၈ ခုႏွစ္တြင္ ျဖဳတ္ခ်ၿပီးေနာက္ ဒီမိုကေရစီသို႔ ျပန္လည္ ေရာက္ ရွိခဲ့ၿပီး အင္ဒိုနီးရွား စစ္တပ္သည္ ႏိုင္ငံ ေရးမွ လုံး၀ ထြက္ခြာသြားခဲ့သည္

“အရည်အချင်း မပြည့်မီဘဲ ဘာကြောင့် သမ္မတ ဖြစ်သင့်တာလဲ” ဟု မင်းအောင် လှိုင် ကို အင်ဒိုနီးရှားဝန်ကြီး၊ ဗိုလ်ချုပ်ကြီးဟောင်း Luhut Panjaitan မေး ခွန်း ထုတ်၊ အင်ဒိုနီးရှားစစ်တပ်ကို နမူနာ ယူရန် တိုက်တွန်း

ရန်ကုန်၊ ဇန်နဝါရီ ၁၉

မြန်မာနိုင်ငံမှ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် “အရည် အချင်း မပြည့်မီဘဲ ဘာ ကြောင့် သမ္မတဖြစ်သင့်တာလဲ” ဟု အင်ဒိုနီးရှားအစိုးရ၊ ရေ ကြောင်း နှင့် ရင်းနှီးမြှုပ်နှံဆိုင်ရာ ဝန်ကြီး လည်းဖြစ်၊ အင်ဒိုနီးရှား တပ်မ တော် မှ ဗိုလ်ချုပ်ကြီးဟောင်းလည်း ဖြစ်သူ Luhut Panjaitan က မေးခွန်း ထုတ် လိုက် ကြောင်း သိရှိရသည်

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စီးပွားရေး ပိတ်ဆို့အရေးယူမှုများနှင့် ပြည်တွင်းစစ်များ ပိုမိုဆိုးရွား လာခြင်း ကြောင့် ယိုယွင်းနေသည့် နိုင်ငံကို အရည် အချင်းပြည့်မီသော ခေါင်းဆောင် များ အုပ်ချုပ်ခွင့် ပေးရန်နှင့် မြန်မာ စစ်တပ် အနေဖြင့် နိုင်ငံရေးမှ နောက်ပြန်ဆုတ်ရန် အင်ဒိုနီးရှား ဗိုလ်ချုပ်ကြီး ဟောင်းက တိုက်တွန်းသည်

မြန်မာစစ်တပ်အနေဖြင့် အင်ဒိုနီးရှား၏နမူနာကို ယူသင့်ကြောင်း၊ အင်ဒိုနီးရှား တွင် စစ်တပ်က လွန်ခဲ့သောဆယ်စုနှစ်များအတွင်း နိုင်ငံရေးမှ ဆုတ်ခွာသွား သည့် လမ်းကြောင်း လိုက်နာသင့်ကြောင်း ၎င်းက ဆိုသည်

“အစိုးရမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေအများကြီးရှိပါတယ်။ ဒါပေ မယ့် အရည်အချင်း မပြည့်မီရင်တော့ မင်း ဘာကြောင့် သမ္မတ ဖြစ်သင့်တာလဲ

အင်ဒိုနီးရှား နမူနာကို ယူပြီး မြန်မာ နိုင်ငံကို အရည်အချင်းပြည့်မီတဲ့ ခေါင်း ဆောင် ကို အုပ်ချုပ်ခွင့်ပေးလိုက်ပါ” ဟု ဆွစ်ဇာလန်တွင်ပြု လုပ် သည့် ကမ္ဘာ့ စီးပွား ရေးဖိုရမ်တွင် မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ရည်ညွှန်း၍ အင်ဒိုနီးရှား ဝန်ကြီး က ထောက်ပြ ပြောဆိုသည်

အင်ဒိုနီးရှားနိုင်ငံတွင် ၁၉၆၆ ခုနှစ် အာဏာသိမ်းခဲ့သော စစ်ဗိုလ်ချုပ်ဟောင်း ဆူ ဟာ တိုကို ၁၉၉၈ ခုနှစ်တွင် ဖြုတ်ချပြီးနောက် ဒီမိုကရေစီသို့ ပြန်လည် ရောက် ရှိခဲ့ပြီး အင်ဒိုနီးရှား စစ်တပ်သည် နိုင်ငံ ရေးမှ လုံး၀ ထွက်ခွာသွားခဲ့သည်

 

Leave a Reply

Your email address will not be published. Required fields are marked *