လွ်ိဝွက္အစည္းအေဝး မွတ္တမ္းေပါက္ၾကားလို သကၤာမကင္းသူေတြကိုဖမ္းစစ္တဲ့ ေနာက္သတင္း ထပ္ေပါက္ၾကား။ ဟာ ဟာ့။

“လုပ္သမွ် သတင္းေပါက္ ႀကံသမွ် ဒုကၡေရာက္ မအိပ္မေန ၾကင္စိုးေသ”

ေခတ္သစ္ ဘ်င္႐ူး ေမာင္ေပါက္ၾကား ရဲ႕ စကားႀကီး ၃ ခြန္း

ေမာင္သံဟိတ္လို ေသတာေတာင္ ဝမ္းေလ်ာက မရပ္ ဖ်ာလိပ္နဲ႔ပတ္ထားရင္း တစက္စက္က်ေနေသး

လကုန္ ကာ/လုံ ေခၚမယ္တဲ့။ အေသးစိတ္ေတာ့ မဲလုံးက ခုမေျပာႏိုင္ေသး

အက္က် က်မွ ေစာင့္ၾကည့္ၾကတဲ့။ ေခြးဖ်င္ပူးတာေတာင္ လက္ဖြဲကလိုခ်င္ေသးတယ္ ကိုယ္ေဆြ ကိုယ္မ်ိဳးေဒြ

အာ႐ုံေတြ မမ်ားၾကနဲ႔ ။ ေန႔ဆြမ္းေတြ လြတ္ကုန္မယ္။ ဒို႐ြာသားေတြ ကိုယ့္အလုပ္ကိုယ္လုပ္

ႏုၾကည္ရဲ႕ ကြန္ဒို ၂၁ ရက္ေန႔မွ စေရာင္းမွာကို ပရီေအာ္ဒါ အခု အခန္း ၃၀၀ ေက်ာ္ၿပီတဲ့ဗ်ား

ၾကက္သီးေမႊးညင္းေတြ ေထာင္ထ။ ေအာင္စိတ္ေတြ လႊမ္းၿခဳံ။ ငတို ႏိုင္ကို ႏိုင္ေတာ့မယ္ေဟ့

ကိုခ်စ္စမ္းေမာင္ မခ်စ္စမ္းေမ တိုေရ။ ဆက္ဆြဲလိုက္ၾကစို။

လာကြယ္ … …. အတူ႐ုန္းၾကမယ္။

ဆိုစ္ – က်ဴးလိေပါင္ သတင္းစဥ္ (ၾကင္စိုးတျဖစ္လဲ ခတ္သစ္ေမာင္ေပါက္ၾကား က႑)

စစ္ေကာင္စီ၏ လွ်ိဳ႕ဝွက္ အစည္းအေဝး မွတ္တမ္း ေပါက္ၾကားမႈ မွတ္တမ္းဌာန ေခါင္းေဆာင္ ရဲမႉးခ်ဳပ္ ေအာင္ေဌး ျမင့္ ႏွင့္ ႐ုံးအဖြဲ႕ဝင္မ်ား ထိန္းသိမ္းစစ္ေမးခံရ၊ အစည္း အေဝး တက္သူ အရာရွိမ်ား၏ မိုဘိုင္းလ္ဖုန္းမ်ားလည္း သိမ္းဆည္း စစ္ ေဆး ခံေနရ

ရန္ကုန္၊ ဇန္နဝါရီ ၁၈

NUG ၊ CRPH ႏွင့္ PDF တို႔ကို ေခ်မႈန္းေရး အတြက္ ျပည္ထဲေရးဝန္ႀကီး စိုးထြဋ္ ဦးေဆာင္က်င္းပသည့္ စစ္ေကာင္စီ၏ လွ်ိဳ႕ဝွက္ အစည္းအေဝး မွတ္တမ္းမ်ား ေပါက္ၾကားသျဖင့္ မွတ္တမ္းဌာန ေခါင္းေဆာင္ ရဲမႉးခ်ဳပ္ ေအာင္ေဌးျမင့္ႏွင့္ ႐ုံး အဖြဲ႕ဝင္ ရဲအရာရွိႀကီး တခ်ိဳ႕ စစ္ေမးခံေနရေၾကာင္း သိရွိရသည္

Khit Thit သတင္းဌာနက စစ္ေကာင္စီ၏ လွ်ိဳ႕ဝွက္အစည္းအေဝး မွတ္တမ္းမ်ား ကို ဇန္နဝါရီလ ၁၅ ရက္ေန႔တြင္ သတင္းေဖာ္ျပခဲ့ရာ ယင္းေဖာ္ျပမႈေနာက္ ဆက္ တြဲ ထိန္းသိမ္းစစ္ေဆးမႈမ်ား ေပၚေပါက္လာျခင္းျဖစ္ေၾကာင္း သိရွိရသည္

ရဲမႉးခ်ဳပ္ေအာင္ေဌးျမင့္ႏွင့္ ႐ုံးအဖြဲ႕သည္ လွ်ိဳ႕ဝွက္ အစည္းအေဝး မွတ္တမ္းမ်ား ကို မွတ္တမ္းတင္ ေရးသားၿပီး အစီရင္ခံစာမ်ားကို ျပည္နယ္/တိုင္း အသီးသီး၊ ဝန္ႀကီးဌာနမ်ားသို႔ ေပးပို႔ရသည့္ တာဝန္ယူထားၾကသူမ်ားျဖစ္သည္။”အစည္းအေဝးမွတ္တမ္း တက္လာတဲ့ညမွာပဲ ရဲမႉးခ်ဳပ္ ေအာင္ေဌးျမင့္နဲ႔ ႐ုံးအဖြဲ႕ ေတြ ထိန္းသိမ္းစစ္ေမးခံရတယ္။ ဖမ္းတာေတာ့မဟုတ္ဘူး။ ဖုန္းေတြစစ္တယ္။ ခဏ ေခၚေမးသလိုေပါ့။ အဲဒီလိုပဲ သိထားပါတယ္

ေနာက္ၿပီး အစည္းအေဝး တက္တဲ့သူေတြထဲက အရပ္ဘက္ စစ္ဘက္ အရာရွိေတြရဲ႕ မိုဘိုင္းလ္ဖုန္းေတြကို ေတာင္းၿပီး စစ္ေဆးတာေတြလည္းရွိတယ္ အေတာ္ေတာ့ ေျဗာင္းဆန္ သြား တယ္။ ဒီအစည္းအေဝးမွာ ခ်မွတ္တာေတြက ဒီ ၂၀၂၃ ခုႏွစ္မွာ လုပ္မယ့္ စီမံ ခ်က္ ေတြကို ေဆြးေႏြးတာဆိုေတာ့ အေရးႀကီးတဲ့ အစည္းအေဝး လည္း ျဖစ္ တယ္။ ဒါကို တစ္ဖက္အဖြဲ႕က သိသြားေတာ့ လုပ္မယ့္ အလုပ္ေတြ အားလုံး အကုန္ ပ်က္စီးေႏွာင့္ေႏွးမယ့္သေဘာ ျဖစ္ကုန္ေတာ့ အခုလို စစ္ေဆးမႈေတြ ျဖစ္လာတာပါ” ဟု ရန္ကုန္ေခတ္သစ္၏ သတင္းရင္းျမစ္က ေျပာသည္

အဆိုပါအစည္းအေဝးသို႔ ျပည္ထဲေရးဝန္ႀကီး စိုးထြဋ္ အပါအဝင္ ဌာနေပါင္းစုံမွ အရာရွိႀကီး ၅၅ ဦးတက္ေရာက္ခဲ့ေၾကာင္း သိရွိရသည္

လတ္တေလာ ယာယီ ထိန္းသိမ္းစစ္ေမးခံရေသာ ရဲမႉးခ်ဳပ္ေအာင္ေဌးျမင့္သည္ ႏိုင္ငံျဖတ္ေက်ာ္မႈခင္းဌာန၏ ဌာနႀကီးမႉးျဖစ္ၿပီး အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဗဟိုအဖြဲ႕၏ တြဲဖက္အတြင္းေရးမႉးလည္းျဖစ္သည္

လက္ရွိတြင္ ျပည္ထဲေရးဝန္ႀကီးဌာနႏွင့္ အရပ္ဘက္ ဌာနမ်ားအတြင္း ေခတ္သစ္ သတင္းဌာနထံသို႔ သတင္းေပးသည့္ အရာရွိ ဖရဲ သီး ရွိရမည္ဆိုေသာ ယူဆခ်က္ ျဖင့္ စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေသာ္လည္း လက္ရွိအခ်ိန္အထိ ဖရဲသီး ဆိုသူ ကို ဖမ္းဆီး ရမိျခင္း မရွိေသးဟု သိရွိရသည္

စစ္ေကာင္စီ၏ လွ်ိဳ႕ဝွက္ အစည္းအေဝးမွတ္တမ္းကို အစည္းအေဝး တက္ ေရာက္ သူမ်ားသို႔ ေပးပိုရာတြင္ အစည္းအေဝး တက္ေရာက္သူမ်ား၏ နံပါတ္ အစဥ္ အလိုက္ လွ်ိဳ႕ဝွက္ကုတ္မ်ား ေရးသြင္း ေပးပို႔ခဲ့ေသာ္လည္း ေခတ္ သစ္ က ျပန္လည္ ေဖာ္ျပခ်ိန္တြင္ လွ်ိဳ႕ဝွက္ကုတ္မ်ား ႏွင့္ စာအမွတ္မ်ား ဖ်က္၍ ျပန္ လည္ ေဖာ္ျပခဲ့ျခင္းျဖစ္သည္

ယခင္ႏွစ္အတြင္း PDF ကို ေၾကာက္လန႔္ေနရဟု မေကြးဝန္ႀကီးခ်ဳပ္ တင့္ လြင္ ေျပာဆိုသည့္ မေကြး တိုင္း၊ စစ္ေကာင္စီအစည္းအေဝး အသံဖိုင္ Khit Thit သို႔ ေပါက္ၾကားမႈျဖင့္ မေကြးတိုင္းအစိုးရ အတြင္းေရးမႉး ဒုၫႊန္ခ်ဳပ္ ဝင္းရွိန္ကို ယမန္ႏွစ္ ေမလ ၂ ရက္ေန႔တြင္ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ ဥပေဒခ်ိဳး ေဖာက္သည္ဟု ဆိုကာ ရာထူးမွ ျဖဳတ္ခ် ဖမ္းဆီးအေရးယူခဲ့ေၾကာင္း သိရွိရသည္

ထို႔ျပင္ ရန္ကုန္ေခတ္သစ္က ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔ မင္းေအာင္ လႈိင္ ဦးေဆာင္တက္ေရာက္ခဲ့သည့္ စစ္ေကာင္စီအလြတ္သေဘာ လွ်ိဳ႕ဝွက္ အစည္း အေဝး မွတ္တမ္းမ်ားကိုလည္း Khit Thit သတင္းဌာနက ေဖာ္ျပခဲ့ သျဖင့္ အရာရွိႏွင့္ဝန္ထမ္းတခ်ိဳ႕ ဖမ္းဆီးအေရးယူမႈမ်ား ျဖစ္ေပၚခဲ့သည္

အလားတူ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ ၂၅ ရက္ေန႔ ေနျပည္ေတာ္တြင္ အသံတိတ္ သပိတ္ တားဆီးေရး ျပည္ထဲေရးဝန္ႀကီး စိုးထြဋ္ေျပာဆိုေသာ လွ်ိဳ႕ဝွက္ အစည္း အေဝး အသံဖိုင္ကို ရန္ကုန္ေခတ္သစ္သတင္းဌာနက ေဖာ္ျပခဲ့ရာ အစည္း အေဝး တက္ေရာက္ခဲ့သူ ဒုဝန္ႀကီးမွစ၍ ေထြ/အုပ္အရာရွိႀကီးမ်ား၊ ရဲတပ္ဖြဲ႕ အရာရွိႀကီး မ်ားႏွင့္ စည္ပင္ အရာရွိမ်ား၊ ဌာနဆိုင္ရာမ်ားကို ေခၚယူ စစ္ေဆးျခင္း၊ မိုဘိုင္းလ္ ဖုန္း မ်ားကို စစ္ေဆးျခင္းမ်ား စစ္တပ္က လုပ္ ေဆာင္ခဲ့ေၾကာင္း သိရွိရသည္

ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ စစ္ဘက္၊ အရပ္ဘက္ လွ်ိဳ႕ဝွက္ ၫႊန္ၾကားမႈ မွန္ သမွ် ေပါက္ၾကားေနသျဖင့္ စစ္ေကာင္စီက ၫႊန္ၾကားခ်က္မ်ား မေပါက္ ၾကား ေစရန္ နည္းလမ္းမ်ိဳးစုံ၊ ပုံစံမ်ိဳးစုံျဖင့္ ႀကိဳးပမ္းခဲ့ေသာ္လည္း ေအာင္ျမင္မႈ မရခဲ့ေပ

လျှိဝှက်အစည်းအဝေး မှတ်တမ်းပေါက်ကြားလို သင်္ကာမကင်းသူတွေကိုဖမ်းစစ်တဲ့ နောက်သတင်း ထပ်ပေါက်ကြား။ ဟာ ဟာ့။

“လုပ်သမျှ သတင်းပေါက် ကြံသမျှ ဒုက္ခရောက် မအိပ်မနေ ကြင်စိုးသေ”

ခေတ်သစ် ဘျင်ရူး မောင်ပေါက်ကြား ရဲ့ စကားကြီး ၃ ခွန်း

မောင်သံဟိတ်လို သေတာတောင် ဝမ်းလျောက မရပ် ဖျာလိပ်နဲ့ပတ်ထားရင်း တစက်စက်ကျနေသေး

လကုန် ကာ/လုံ ခေါ်မယ်တဲ့။ အသေးစိတ်တော့ မဲလုံးက ခုမပြောနိုင်သေး

အက်ကျ ကျမှ စောင့်ကြည့်ကြတဲ့။ ခွေးဖျင်ပူးတာတောင် လက်ဖွဲကလိုချင်သေးတယ် ကိုယ်ဆွေ ကိုယ်မျိုးဒွေ

အာရုံတွေ မများကြနဲ့ ။ နေ့ဆွမ်းတွေ လွတ်ကုန်မယ်။ ဒိုရွာသားတွေ ကိုယ့်အလုပ်ကိုယ်လုပ်

နုကြည်ရဲ့ ကွန်ဒို ၂၁ ရက်နေ့မှ စရောင်းမှာကို ပရီအော်ဒါ အခု အခန်း ၃၀၀ ကျော်ပြီတဲ့ဗျား

ကြက်သီးမွှေးညင်းတွေ ထောင်ထ။ အောင်စိတ်တွေ လွှမ်းခြုံ။ ငတို နိုင်ကို နိုင်တော့မယ်ဟေ့

ကိုချစ်စမ်းမောင် မချစ်စမ်းမေ တိုရေ။ ဆက်ဆွဲလိုက်ကြစို။

လာကွယ် … …. အတူရုန်းကြမယ်။

ဆိုစ် – ကျူးလိပေါင် သတင်းစဉ် (ကြင်စိုးတဖြစ်လဲ ခတ်သစ်မောင်ပေါက်ကြား ကဏ္ဍ)

စစ်ကောင်စီ၏ လျှို့ဝှက် အစည်းအဝေး မှတ်တမ်း ပေါက်ကြားမှု မှတ်တမ်းဌာန ခေါင်းဆောင် ရဲမှူးချုပ် အောင်ဌေး မြင့် နှင့် ရုံးအဖွဲ့ဝင်များ ထိန်းသိမ်းစစ်မေးခံရ၊ အစည်း အဝေး တက်သူ အရာရှိများ၏ မိုဘိုင်းလ်ဖုန်းများလည်း သိမ်းဆည်း စစ် ဆေး ခံနေရ

ရန်ကုန်၊ ဇန်နဝါရီ ၁၈

NUG ၊ CRPH နှင့် PDF တို့ကို ချေမှုန်းရေး အတွက် ပြည်ထဲရေးဝန်ကြီး စိုးထွဋ် ဦးဆောင်ကျင်းပသည့် စစ်ကောင်စီ၏ လျှို့ဝှက် အစည်းအဝေး မှတ်တမ်းများ ပေါက်ကြားသဖြင့် မှတ်တမ်းဌာန ခေါင်းဆောင် ရဲမှူးချုပ် အောင်ဌေးမြင့်နှင့် ရုံး အဖွဲ့ဝင် ရဲအရာရှိကြီး တချို့ စစ်မေးခံနေရကြောင်း သိရှိရသည်

Khit Thit သတင်းဌာနက စစ်ကောင်စီ၏ လျှို့ဝှက်အစည်းအဝေး မှတ်တမ်းများ ကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် သတင်းဖော်ပြခဲ့ရာ ယင်းဖော်ပြမှုနောက် ဆက် တွဲ ထိန်းသိမ်းစစ်ဆေးမှုများ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရှိရသည်

ရဲမှူးချုပ်အောင်ဌေးမြင့်နှင့် ရုံးအဖွဲ့သည် လျှို့ဝှက် အစည်းအဝေး မှတ်တမ်းများ ကို မှတ်တမ်းတင် ရေးသားပြီး အစီရင်ခံစာများကို ပြည်နယ်/တိုင်း အသီးသီး၊ ဝန်ကြီးဌာနများသို့ ပေးပို့ရသည့် တာဝန်ယူထားကြသူများဖြစ်သည်။”အစည်းအဝေးမှတ်တမ်း တက်လာတဲ့ညမှာပဲ ရဲမှူးချုပ် အောင်ဌေးမြင့်နဲ့ ရုံးအဖွဲ့ တွေ ထိန်းသိမ်းစစ်မေးခံရတယ်။ ဖမ်းတာတော့မဟုတ်ဘူး။ ဖုန်းတွေစစ်တယ်။ ခဏ ခေါ်မေးသလိုပေါ့။ အဲဒီလိုပဲ သိထားပါတယ်

နောက်ပြီး အစည်းအဝေး တက်တဲ့သူတွေထဲက အရပ်ဘက် စစ်ဘက် အရာရှိတွေရဲ့ မိုဘိုင်းလ်ဖုန်းတွေကို တောင်းပြီး စစ်ဆေးတာတွေလည်းရှိတယ် အတော်တော့ ဗြောင်းဆန် သွား တယ်။ ဒီအစည်းအဝေးမှာ ချမှတ်တာတွေက ဒီ ၂၀၂၃ ခုနှစ်မှာ လုပ်မယ့် စီမံ ချက် တွေကို ဆွေးနွေးတာဆိုတော့ အရေးကြီးတဲ့ အစည်းအဝေး လည်း ဖြစ် တယ်။ ဒါကို တစ်ဖက်အဖွဲ့က သိသွားတော့ လုပ်မယ့် အလုပ်တွေ အားလုံး အကုန် ပျက်စီးနှောင့်နှေးမယ့်သဘော ဖြစ်ကုန်တော့ အခုလို စစ်ဆေးမှုတွေ ဖြစ်လာတာပါ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်

အဆိုပါအစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီး စိုးထွဋ် အပါအဝင် ဌာနပေါင်းစုံမှ အရာရှိကြီး ၅၅ ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်

လတ်တလော ယာယီ ထိန်းသိမ်းစစ်မေးခံရသော ရဲမှူးချုပ်အောင်ဌေးမြင့်သည် နိုင်ငံဖြတ်ကျော်မှုခင်းဌာန၏ ဌာနကြီးမှူးဖြစ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ တွဲဖက်အတွင်းရေးမှူးလည်းဖြစ်သည်

လက်ရှိတွင် ပြည်ထဲရေးဝန်ကြီးဌာနနှင့် အရပ်ဘက် ဌာနများအတွင်း ခေတ်သစ် သတင်းဌာနထံသို့ သတင်းပေးသည့် အရာရှိ ဖရဲ သီး ရှိရမည်ဆိုသော ယူဆချက် ဖြင့် စစ်ဆေးမှုများ လုပ်ဆောင်နေသော်လည်း လက်ရှိအချိန်အထိ ဖရဲသီး ဆိုသူ ကို ဖမ်းဆီး ရမိခြင်း မရှိသေးဟု သိရှိရသည်

စစ်ကောင်စီ၏ လျှို့ဝှက် အစည်းအဝေးမှတ်တမ်းကို အစည်းအဝေး တက် ရောက် သူများသို့ ပေးပိုရာတွင် အစည်းအဝေး တက်ရောက်သူများ၏ နံပါတ် အစဉ် အလိုက် လျှို့ဝှက်ကုတ်များ ရေးသွင်း ပေးပို့ခဲ့သော်လည်း ခေတ် သစ် က ပြန်လည် ဖော်ပြချိန်တွင် လျှို့ဝှက်ကုတ်များ နှင့် စာအမှတ်များ ဖျက်၍ ပြန် လည် ဖော်ပြခဲ့ခြင်းဖြစ်သည်

ယခင်နှစ်အတွင်း PDF ကို ကြောက်လန့်နေရဟု မကွေးဝန်ကြီးချုပ် တင့် လွင် ပြောဆိုသည့် မကွေး တိုင်း၊ စစ်ကောင်စီအစည်းအဝေး အသံဖိုင် Khit Thit သို့ ပေါက်ကြားမှုဖြင့် မကွေးတိုင်းအစိုးရ အတွင်းရေးမှူး ဒုညွှန်ချုပ် ဝင်းရှိန်ကို ယမန်နှစ် မေလ ၂ ရက်နေ့တွင် နိုင်ငံတော်လျှို့ဝှက် ဥပဒေချိုး ဖောက်သည်ဟု ဆိုကာ ရာထူးမှ ဖြုတ်ချ ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရှိရသည်

ထို့ပြင် ရန်ကုန်ခေတ်သစ်က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မင်းအောင် လှိုင် ဦးဆောင်တက်ရောက်ခဲ့သည့် စစ်ကောင်စီအလွတ်သဘော လျှို့ဝှက် အစည်း အဝေး မှတ်တမ်းများကိုလည်း Khit Thit သတင်းဌာနက ဖော်ပြခဲ့ သဖြင့် အရာရှိနှင့်ဝန်ထမ်းတချို့ ဖမ်းဆီးအရေးယူမှုများ ဖြစ်ပေါ်ခဲ့သည်

အလားတူ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ နေပြည်တော်တွင် အသံတိတ် သပိတ် တားဆီးရေး ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ပြောဆိုသော လျှို့ဝှက် အစည်း အဝေး အသံဖိုင်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့ရာ အစည်း အဝေး တက်ရောက်ခဲ့သူ ဒုဝန်ကြီးမှစ၍ ထွေ/အုပ်အရာရှိကြီးများ၊ ရဲတပ်ဖွဲ့ အရာရှိကြီး များနှင့် စည်ပင် အရာရှိများ၊ ဌာနဆိုင်ရာများကို ခေါ်ယူ စစ်ဆေးခြင်း၊ မိုဘိုင်းလ် ဖုန်း များကို စစ်ဆေးခြင်းများ စစ်တပ်က လုပ် ဆောင်ခဲ့ကြောင်း သိရှိရသည်

ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ စစ်ဘက်၊ အရပ်ဘက် လျှို့ဝှက် ညွှန်ကြားမှု မှန် သမျှ ပေါက်ကြားနေသဖြင့် စစ်ကောင်စီက ညွှန်ကြားချက်များ မပေါက် ကြား စေရန် နည်းလမ်းမျိုးစုံ၊ ပုံစံမျိုးစုံဖြင့် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ

 

Leave a Reply

Your email address will not be published. Required fields are marked *