ေတာင္ငူခ႐ိုင္ PDF တပ္ရင္းအမွတ္ ၃၅၀၁ တပ္ခြဲ ၄၊ ပူးေပါင္းတပ္ဖြဲ႕ႏွင့္ အၾကမ္းဖက္စစ္ေကာင္စီတပ္တို႔ တိုက္ပြဲ(၃)ႀကိမ္ျဖစ္ပြားရာ စစ္‌ေကာင္စီဖက္မွ အရာရွိ(၃)ဦးအပါအဝင္ (၄၀)ဦးေက်ာ္ ေသဆုံး

ဇႏၷဝါရီ ၁၈၊ ၂၀၂၃

ပဲခူးတိုင္း၊ ေတာင္ငူခ႐ိုင္၊ ေရတာရွည္ၿမိဳ႕နယ္အတြင္း စစ္ေၾကာင္းထိုး ခ်ီတက္လာေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားႏွင့္ ေတာင္ငူခ႐ိုင္ PDF တပ္ရင္း ၃၅၀၁ တပ္ခြဲ၄ ႏွင့္ပူးေပါင္းအဖြဲ႕တို႔ တိုက္ပြဲ(၃)ႀကိမ္ျဖစ္ပြားရာ စစ္ေကာင္စီဖက္မွ အရာရွိ(၃)ဦးအပါအဝင္ (၄၀)ဦး‌ေက်ာ္ေသဆုံးၿပီး အမ်ားအျပားဒဏ္ရာရရွိခဲ့သည္

၁၆-၁-၂၀၂၃ ရက္ေန႔ ည(၆)နာရီ၌ အင္အား (၁၀၀) ဝန္းက်င္ရွိ စစ္ေကာင္စီတပ္ဖြဲ႕မ်ားသည္ နဂ်ပ္ေတာင္ဖက္သို႔ ခ်ဥ္းကပ္လာရာ တပ္ခြဲ(၄) တပ္စု(၂) က မိုင္းဆြဲတိုက္ခိုက္ခဲ့သျဖင့္ စစ္ေကာင္စီဖက္မွ (၂)ဦးထက္မနည္းေသဆုံးၿပီး (၆)ဦး ဒဏ္ရာျပင္းထန္ရရွိခဲ့သည္။ အထိနာသြားေသာ စစ္ေကာင္စီတပ္မွာ ျပန္လည္ဆုတ္ခြာသြားခဲ့သည္

၁၇-၁-၂၀၂၃ ရက္ေန႔ နံနက္(၅) နာရီအခ်ိန္ခန႔္မွစ၍ ထပ္မံ စစ္ေၾကာင္းထိုးလာေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕မ်ားအား နဂ်ပ္ အေရွ႕ေျမာက္ဖက္ ဝက္ပုပ္လမ္းအတက္တြင္ တပ္ခြဲ(၄) တပ္စု(၃)က တိုက္မိုင္းဆြဲ တိုက္ခိုက္ခဲ့ၿပီး တပ္စု(၃)ကင္းပုန္းႏွင့္ ပထမအႀကိမ္ မိနစ္(၂၀)ခန႔္ ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့သည္

နံနက္(၁၀)နာရီဝန္းက်င္၌ နဂ်ပ္ အေရွ႕ေျမာက္ဖက္ဝက္ပုပ္လမ္းတြင္ ထပ္မံတပ္ျဖန႔္၍ တက္လာေသာ အင္အား(၁၅၀)ေက်ာ္ အၾကမ္းဖက္စစ္ေကာင္စီစစ္ေၾကာင္းအား တပ္ခြဲ(၄)မွ တပ္စု(၃)ႏွင့္ တပ္စု(၂)တို႔ ပူးေပါင္းတပ္ဖြဲ႕က ထပ္မံတိုက္ခိုက္ခဲ့ရာ တိုက္ပြဲအခ်ိန္ မိနစ္(၃၀)ေက်ာ္ၾကာျမင့္ခဲ့သည္

ေန႔လယ္(၁၂)နာရီဝန္းက်င္တြင္ နဂ်ပ္-ကြင္းေခ်ာင္းလမ္း ေက်ာက္ပုံကုန္း၌ တပ္ခြဲ ၄၊ အထူးေဒသ တပ္ဖြဲ႕၊ ေဒါင္းမင္းသားပူးေပါင္းတပ္ဖြဲ႕တို႔က အင္အားထပ္ျဖည့္၍ ေရွ႕တိုးလာေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ႏွင့္ ကိုက္(၅၀)စည္းအတြင္း တတိယအႀကိမ္တိုက္ပြဲျဖစ္ပြားခဲ့ရာ တိုက္ပြဲအခ်ိန္ (၁)နာရီခြဲခန႔္ ၾကာျမင့္ခဲ့သည္

ထိေတြ႕တိုက္ပြဲ(၃)ႀကိမ္တြင္ ပထမ(၂)ႀကိမ္၌ PDF တပ္ရင္း ၃၅၀၁၊ တပ္ခြဲ ၄ (တပ္စု ၂ ႏွင့္ တပ္စု ၃ ) တို႔က တိုက္ခိုက္ခဲ့ၿပီး တတိယအႀကိမ္ ထိေတြ႕မႈတိုက္ပြဲအား မဟာမိတ္တပ္ေပါင္းစုႏွင့္ ပူးေပါင္းကာ တိုက္ပြဲေဖာ္ေဆာင္ခဲ့ျခင္း ျဖစ္သည္

အဆိုပါ ထိေတြ႕တိုက္ပြဲ(၃)ႀကိမ္တြင္ အၾကမ္းဖက္စစ္ေကာင္စီဖက္မွ အရာရွိ(၃)ဦး အပါအဝင္ (၄၀)ဦးေက်ာ္ ေသဆုံးခဲ့ၿပီး ထိခိုက္ဒဏ္ရာ အမ်ားအျပားရွိခဲ့သည္။ ေသဆုံးဒဏ္ရာရရွိသူမ်ားအား စစ္ေကာင္စီဖက္က ယခုအခ်ိန္ထိ ကားမ်ားျဖင့္ သယ္ထုတ္ေနၾကဆဲျဖစ္သည္

မိမိတို႔တပ္ဖြဲ႕ဝင္(၁)ဦး ျမင့္ျမတ္စြာ အသက္‌ ေပးလႉခဲ့ရၿပီး တပ္ဖြဲ႕ဝင္(၁)ဦး ဒဏ္ရာရရွိခဲ့သည္။ရန္သူ႔ဖက္မွ ထိခိုက္ေသဆုံးမႈမ်ားျပားစြာျဖင့္ ထြက္ေျပးစဥ္ က်က်န္ခဲ့ေသာ ေက်ာပိုးအိတ္(၂)လုံးအား ဖြင့္စစ္ေဆးၾကည့္ခဲ့ရာ အေျမာက္တပ္ ဘတ္တံဆိပ္ျဖစ္ေၾကာင္း အတည္ျပဳႏိုင္ခဲ့သည္

ယခုအခ်ိန္ထိလည္း အဆိုပါေဒသတြင္ စစ္ဆိုင္ထားဆဲ အေျခအေနျဖစ္ၿပီး ျပည္သူမ်ားအေနျဖင့္ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕မ်ားႏွင့္ အေဝးဆုံးေနရာမ်ားတြင္သာ ေနထိုင္ၾကရန္ အသိေပးပန္ၾကားအပ္ပါသည္

BAGOPDF

တောင်ငူခရိုင် PDF တပ်ရင်းအမှတ် ၃၅၀၁ တပ်ခွဲ ၄၊ ပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲ(၃)ကြိမ်ဖြစ်ပွားရာ စစ်‌ကောင်စီဖက်မှ အရာရှိ(၃)ဦးအပါအဝင် (၄၀)ဦးကျော် သေဆုံး

ဇန္နဝါရီ ၁၈၊ ၂၀၂၃

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုး ချီတက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ တပ်ခွဲ၄ နှင့်ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ(၃)ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီဖက်မှ အရာရှိ(၃)ဦးအပါအဝင် (၄၀)ဦး‌ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်

၁၆-၁-၂၀၂၃ ရက်နေ့ ည(၆)နာရီ၌ အင်အား (၁၀၀) ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့များသည် နဂျပ်တောင်ဖက်သို့ ချဉ်းကပ်လာရာ တပ်ခွဲ(၄) တပ်စု(၂) က မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီဖက်မှ (၂)ဦးထက်မနည်းသေဆုံးပြီး (၆)ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။ အထိနာသွားသော စစ်ကောင်စီတပ်မှာ ပြန်လည်ဆုတ်ခွာသွားခဲ့သည်

၁၇-၁-၂၀၂၃ ရက်နေ့ နံနက်(၅) နာရီအချိန်ခန့်မှစ၍ ထပ်မံ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များအား နဂျပ် အရှေ့မြောက်ဖက် ဝက်ပုပ်လမ်းအတက်တွင် တပ်ခွဲ(၄) တပ်စု(၃)က တိုက်မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး တပ်စု(၃)ကင်းပုန်းနှင့် ပထမအကြိမ် မိနစ်(၂၀)ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်

နံနက်(၁၀)နာရီဝန်းကျင်၌ နဂျပ် အရှေ့မြောက်ဖက်ဝက်ပုပ်လမ်းတွင် ထပ်မံတပ်ဖြန့်၍ တက်လာသော အင်အား(၁၅၀)ကျော် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအား တပ်ခွဲ(၄)မှ တပ်စု(၃)နှင့် တပ်စု(၂)တို့ ပူးပေါင်းတပ်ဖွဲ့က ထပ်မံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲအချိန် မိနစ်(၃၀)ကျော်ကြာမြင့်ခဲ့သည်

နေ့လယ်(၁၂)နာရီဝန်းကျင်တွင် နဂျပ်-ကွင်းချောင်းလမ်း ကျောက်ပုံကုန်း၌ တပ်ခွဲ ၄၊ အထူးဒေသ တပ်ဖွဲ့၊ ဒေါင်းမင်းသားပူးပေါင်းတပ်ဖွဲ့တို့က အင်အားထပ်ဖြည့်၍ ရှေ့တိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ကိုက်(၅၀)စည်းအတွင်း တတိယအကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲအချိန် (၁)နာရီခွဲခန့် ကြာမြင့်ခဲ့သည်

ထိတွေ့တိုက်ပွဲ(၃)ကြိမ်တွင် ပထမ(၂)ကြိမ်၌ PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ (တပ်စု ၂ နှင့် တပ်စု ၃ ) တို့က တိုက်ခိုက်ခဲ့ပြီး တတိယအကြိမ် ထိတွေ့မှုတိုက်ပွဲအား မဟာမိတ်တပ်ပေါင်းစုနှင့် ပူးပေါင်းကာ တိုက်ပွဲဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်

အဆိုပါ ထိတွေ့တိုက်ပွဲ(၃)ကြိမ်တွင် အကြမ်းဖက်စစ်ကောင်စီဖက်မှ အရာရှိ(၃)ဦး အပါအဝင် (၄၀)ဦးကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ အများအပြားရှိခဲ့သည်။ သေဆုံးဒဏ်ရာရရှိသူများအား စစ်ကောင်စီဖက်က ယခုအချိန်ထိ ကားများဖြင့် သယ်ထုတ်နေကြဆဲဖြစ်သည်

မိမိတို့တပ်ဖွဲ့ဝင်(၁)ဦး မြင့်မြတ်စွာ အသက်‌ ပေးလှူခဲ့ရပြီး တပ်ဖွဲ့ဝင်(၁)ဦး ဒဏ်ရာရရှိခဲ့သည်။ရန်သူ့ဖက်မှ ထိခိုက်သေဆုံးမှုများပြားစွာဖြင့် ထွက်ပြေးစဉ် ကျကျန်ခဲ့သော ကျောပိုးအိတ်(၂)လုံးအား ဖွင့်စစ်ဆေးကြည့်ခဲ့ရာ အမြောက်တပ် ဘတ်တံဆိပ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်

ယခုအချိန်ထိလည်း အဆိုပါဒေသတွင် စစ်ဆိုင်ထားဆဲ အခြေအနေဖြစ်ပြီး ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် အဝေးဆုံးနေရာများတွင်သာ နေထိုင်ကြရန် အသိပေးပန်ကြားအပ်ပါသည်

BAGOPDF

 

Leave a Reply

Your email address will not be published. Required fields are marked *