တပ္ပ်က္ေနၿပီဆိုေတာ့ ၿမဳံက်ဘူး ခုၾကည့္ေလ
” တပ္မ (၆၆)မွတပ္သားတစ္ဦးအလင္းဝင္လာ ဒိုက္ဦးၿမိဳ႕ အေျခစိုက္ ခဘရ(၃၀)တပ္သားအမ်ားအျပားထြက္ေျပးေနဟုသတင္းထြက္ေပၚ ” တဲ့ ( ဗိုလ္မႈးကိုယ္တိုင္ဦးစီးေသာ စစ္သား ၄၀ေက်ာ္ ထြက္ေျပးဟု ၾကားသိရ )
ေနာက္ဆုံးစစ္အတြက္ သတိထားရမယ္ဆိုေပမယ့္ ကိုယ့္ဘက္က အေတြ႕ႀကဳံရင့္က်က္မႈနဲ႔ စစ္ေရး ဖြဲ႕စည္းပုံ က်စ္လစ္လာမႈရယ္ အင္အားေတာင့္တင္းေကာင္းလာမႈရယ္ အရင္ထက္ ေငြေၾကး ရိကၡာ အဆင္ေျပမႈ စစ္ေရးအားသာမႈေတြက ဘက္ေျပာင္း CDM ခိုလႈံ အလင္းဝင္ေရာက္လာသူေတြအတြက္ အဆင္ေျပၿပီး နည္းပညာနဲ႔ လနက္သစ္ေတြေၾကာင့္လည္း ေဆ့ျဖစ္႐ုံမက ဝင္လာသူေတြေရာ ေနာက္က်န္စခေတြပါ မတိုးႏိုင္ မလွန္ႏိုင္ေတာ့
ခုလို End Game ကာလမွာ စစ္ေရးသက္သာေစဖို႔နဲ႔ ရန္သူတပ္ပ်က္ အားေလ်ာ့ေစဖို႔ ဘက္ေျပာင္းလာသူ ခိုဝင္လာသမွ် welcome လုပ္ရမည္ဆိုတာနဲ႔ ထိုအတြက္ NUG မွ သီးသန႔္ target ထားၿပီး ျပင္ဆင္ ေဆာင္႐ြက္ေနတယ္ဆိုတာ ႏွစ္ဖက္ စစ္ေရးအတြက္ အေတာ္ အားတက္ရပါတယ္
သေဘာသည္ ခုခါ မအလရဲ႕ အၾကမ္းဖက္ ယုတ္မာမႈမ်ားေန စစ္ကို မနားပဲ အေႆခံ တိုက္ခိုင္းေနသည္ကို ေအာက္ေျခတပ္သားမ်ားလည္း အျမင္မွန္ရ သိရွိလာသည့္အျပင္ ဖရဲသီးမွဆိုၿပီး စစ္တပ္က ဖမ္းမည့္သူစာရင္းေတြကို ႀကိဳအသိေပး ထုတ္ျပန္ေနျခင္းေတြဟာလည္း သတင္းရရွိသူ ဖမ္းမိန႔္က်ထားသူမ်ားမွ ဖမ္းခ်င္စိတ္မရွိပဲ မအလစခေတြ အတင္းၾကပ္ ဖိအားေပး ေစခိုင္းလို႔သာ လုပ္ေဆာင္ေနရ၍ မလုပ္ေဆာင္ခ်င္ေၾကာင္း ေပၚလြင္ေနမႈကို ႀကိဳသတင္းေပးၿပီး ေရွာင္ခိုင္းေနျခင္းေတြကို ၾကည့္ရင္ သိႏိုင္သလို ရန္သူတပ္ပ်က္ၿပီး ဖြဲ႕စည္းပုံပါ ထိခိုက္ ကဆန႔္လ်ားထိ ျဖစ္သြားဖို႔ဆိုရင္ အင္အားေလ်ာ့နည္း စစ္ေရးသက္သာသြားေစဖို႔ ခုလို အျမင္မွန္ အသိတရားရသူေတြကို လက္ခံ ႀကိဳဆိုၿပိး သက္ေသအျဖစ္ ထားရွိၾကရမည္ဆိုတာ စစ္ပြဲအေျခေနမွန္ျဖစ္ေသာေၾကာင့္ ေနာက္လာမည့္ သူမ်ားအားလည္း NUG ရဲ႕ စီမံခ်က္နဲ႔အညီ ေသခ်ာလက္ခံၿပိး ေဆာင္႐ြက္သြားၾကဖို႔လိုသည္ဆိုတာ သို႔ဆို ေသခ်ာေနပါၿပီ အခြင့္ေရး မရၾကေသးလို႔သာ ေနာက္ဆို ဒီထက္ပိုမ်ားျပားေသာ ဘက္ေျပာင္းသူေတြ ပိုမိုေရာက္ရွိ လာပါလိမ့္မည္ဆိုတာ ဒါသည္ပင္ တပ္ပ်က္ တပ္ၿပိဳျခင္းနဲ႔ အလြယ္တကူ စစ္ေရး ႏိုင္ျခင္းပင္ မဟုတ္ပါေလာ !
နန္းၾကည္ညိဳေဝ
တပ္မ(၆၆)မွ တပ္သားတစ္ဦး အလင္းဝင္လာ
ဒိုက္ဦးၿမိဳ႕ အေျခစိုက္ ခလရ(၃၀)တပ္သား အမ်ားအျပားထြက္ေျပးေနဟု သတင္းထြက္ေပၚ
ရဲေခါင္/People’s Spring
တပ္မ(၆၆)လက္ေအာက္ခံ ခလရ – ၁၀၂မွ စစ္ေကာင္စီတပ္သားတစ္ဦး လက္နက္အျပည့္အစုံ ျဖင့္ CDM ဝင္ေရာက္လာေၾကာင္း ကရင္နီျပည္သူ႔ရင္ခြင္မွ တာဝန္ရွိသူတစ္ဦးက လူထုေႏြဦးသို႔ ေျပာသည္။ယေန႔(ဇန္နဝါရီ၁၈ရက္)နံနက္ပိုင္းက အသက္ (၂၃)ႏွစ္အ႐ြယ္ စစ္ေကာင္စီတပ္သားစိုးဝင္းမွာ ကရင္နီအမ်ိဳးသားမ်ားကာကြယ္ေရးတပ္(KNDF)တပ္ရင္း – ၁၀သို႔ လက္နက္အျပည့္ အစုံေရာက္ရွိလာခဲ့ျခင္းဟု ဆိုသည္
“ကြၽန္ေတာ္သိရသေလာက္ သူတို႔တပ္တြင္းမွာလုံးဝ အဆင္မေျပေတာ့လို႔ မေန႔ကညက ထြက္ ေျပးလာတာလို႔ ေလာေလာဆယ္သိရတယ္။က်န္တာေတာ့ တပ္ရင္းက စိစစ္ေနဆဲပဲ”ဟု အထက္ ပါတာဝန္ရွိသူက ရွင္းျပသည္
ထို႔အျပင္ ၎သည္ ကရင္နီျပည္သို႔ ေရာက္ရွိလာသည္မွာ (၆)လရွိေနၿပီး ယခင္တပ္တြင္း သုံးႏွစ္ေက်ာ္တာဝန္ထမ္းေဆာင္သည့္ ကာလအတြင္း ေဖာက္ခြဲေရးတာဝန္ယူထားရေၾကာင္း ထြက္ဆိုထားသည္
CDM ဝင္လာသည့္ တပ္သားထံမွ MA-1 တစ္လက္၊ က်ည္ေဘာက္ ၄ေဘာက္၊ က်ည္ဆံ ၂၆၀ႏွင့္ လက္ပစ္ဗုံးတစ္လုံးပါရွိသည္။KNDF တပ္ရင္း-၁၀ တပ္ရင္းမွ လက္နက္ႏွင့္အတူ CDM ျပဳလုပ္သည့္တပ္သားကို ဂုဏ္ျပဳေငြ က်ပ္သိန္း ၃၀ေပးအပ္ခ်ီးျမင့္ထားေၾကာင္းလည္း သိရသည္
ဒီးေမာ့ဆိုၿမိဳ႕နယ္ ေငြေတာင္အေျခစိုက္ ခလရ (၁၀၂)တပ္ရင္းသည္ ယမန္ႏွစ္ စက္တင္ဘာ ၂၂ ရက္က တပ္တြင္းျပင္းထန္သည့္ေပါက္ကြဲမႈ ျဖစ္ပြားခဲ့သည္။ခလရ (၁၀၂)တပ္သည္ ကရင္နီေဒသတြင္းတိုက္ပြဲမ်ား၌ လက္နက္ႀကီးပစ္ကူေပးေနသည့္ တပ္စခန္းျဖစ္သည္
ထို႔အျပင္ ပဲခူးတိုင္း၊ဒိုက္ဦးၿမိဳ႕နယ္၊ က်ိဳက္စေကာေက်း႐ြာ ခလရ(၃၀)တပ္ရင္းမွ ဗိုလ္မႉးကိုယ္တိုင္ဦးစီးေသာ စစ္သား(၄၀)ေက်ာ္သည္ လြန္ခဲ့ေသာ ဇန္နဝါရီ ၁၄ ရက္ကစ၍ တပ္တြင္းမွ ေပ်ာက္ဆုံးထြက္ေျပးမႈရွိခဲ့သည္ဟု ေဒသခံသတင္းရင္းျမစ္က အသိေပးသည္။
(ယေန႔ နံနက္ပိုင္းက အလင္းဝင္လာသည့္ စစ္ေကာင္စီတပ္သား၊ ဓာတ္ပုံ – ကႏၲရဝတီ)
စစ္ေကာင္စီတပ္သားတစ္ဦး KNLA တပ္မဟာ(၅) ထံ လက္နက္ႏွင့္အတူ အလင္းဝင္
ေမာင္ေမာင္/People’s Spring
စစ္ေကာင္စီစစ္တပ္ (ခမရ – ၄၃၄)မွ တပ္သားခ်စ္ေကာင္းသည္ လက္နက္ႏွင့္အတူ အလင္းဝင္ လာေၾကာင္း ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္(KNLA) တပ္မဟာ (၅) က ယေန႔ သတင္းထုတ္ျပန္သည္။တပ္သား ခ်စ္ေကာင္းသည္ ဇန္နဝါရီ ၁ရက္ တြင္ MA-1 တစ္လက္၊ က်ည္ေဘာက္ႏွစ္ခု၊ က်ည္ဆံ မ်ားႏွင့္အတူ လက္နက္ခ်အလင္းဝင္ လာျခင္းျဖစ္သည္ဟု ေဖာ္ျပသည္
စစ္ေကာင္စီ ေခါင္းေဆာင္မ်ားႏွင့္ တပ္ဖြဲ႕ဝင္မ်ားအားလုံးက ျပည္သူလူထု၏ အခြင့္အေရးကို ဆန႔္က်င္ခ်ိဳးေဖာက္ေနျခင္းေၾကာင့္ KNLAတပ္မဟာ(၅)ထံ လက္နက္ခ်ခဲ့ျခင္းျဖစ္သည္ဟု တပ္သားခ်စ္ေကာင္း၏ ေျပာၾကားခ်က္ကို ေဖာ္ျပထားသည္
ထို႔ျပင္ စစ္ေကာင္စီေခါင္းေဆာင္ပိုင္းက ငယ္သားမ်ားအေပၚ အႏိုင့္က်င့္ျခင္း၊အျပင္သြားလာခြင့္မျပဳျခင္း၊ စားေသာက္ေရး၌ အခက္အခဲႀကဳံရျခင္းမ်ား ရွိသည္ဟု အဆိုပါ တပ္သားက ေျပာၾကားသည္။ အလင္းဝင္လာသည့္ စစ္ေကာင္စီတပ္သားကို ေကာင္းမြန္စြာႀကိဳဆိုလက္ခံခဲ့ၿပီး လြတ္ေျမာက္နယ္ေျမသို႔ ပို႔ေပးခဲ့ေၾကာင္း KNLA တပ္မဟာ(၅) က ထုတ္ျပန္သည္
(အလင္းဝင္လာေသာ တပ္သား ခ်စ္ေကာင္းအား ေတြ႕ရစဥ္၊ ဓာတ္ပုံ – KNU-Mutraw News)
တပ်ပျက်နေပြီဆိုတော့ မြုံကျဘူး ခုကြည့်လေ
” တပ်မ (၆၆)မှတပ်သားတစ်ဦးအလင်းဝင်လာ ဒိုက်ဦးမြို့ အခြေစိုက် ခဘရ(၃၀)တပ်သားအများအပြားထွက်ပြေးနေဟုသတင်းထွက်ပေါ် ” တဲ့ ( ဗိုလ်မှုးကိုယ်တိုင်ဦးစီးသော စစ်သား ၄၀ကျော် ထွက်ပြေးဟု ကြားသိရ )
နောက်ဆုံးစစ်အတွက် သတိထားရမယ်ဆိုပေမယ့် ကိုယ့်ဘက်က အတွေ့ကြုံရင့်ကျက်မှုနဲ့ စစ်ရေး ဖွဲ့စည်းပုံ ကျစ်လစ်လာမှုရယ် အင်အားတောင့်တင်းကောင်းလာမှုရယ် အရင်ထက် ငွေကြေး ရိက္ခာ အဆင်ပြေမှု စစ်ရေးအားသာမှုတွေက ဘက်ပြောင်း CDM ခိုလှုံ အလင်းဝင်ရောက်လာသူတွေအတွက် အဆင်ပြေပြီး နည်းပညာနဲ့ လနက်သစ်တွေကြောင့်လည်း ဆေ့ဖြစ်ရုံမက ဝင်လာသူတွေရော နောက်ကျန်စခတွေပါ မတိုးနိုင် မလှန်နိုင်တော့
ခုလို End Game ကာလမှာ စစ်ရေးသက်သာစေဖို့နဲ့ ရန်သူတပ်ပျက် အားလျော့စေဖို့ ဘက်ပြောင်းလာသူ ခိုဝင်လာသမျှ welcome လုပ်ရမည်ဆိုတာနဲ့ ထိုအတွက် NUG မှ သီးသန့် target ထားပြီး ပြင်ဆင် ဆောင်ရွက်နေတယ်ဆိုတာ နှစ်ဖက် စစ်ရေးအတွက် အတော် အားတက်ရပါတယ်
သဘောသည် ခုခါ မအလရဲ့ အကြမ်းဖက် ယုတ်မာမှုများနေ စစ်ကို မနားပဲ အဿေခံ တိုက်ခိုင်းနေသည်ကို အောက်ခြေတပ်သားများလည်း အမြင်မှန်ရ သိရှိလာသည့်အပြင် ဖရဲသီးမှဆိုပြီး စစ်တပ်က ဖမ်းမည့်သူစာရင်းတွေကို ကြိုအသိပေး ထုတ်ပြန်နေခြင်းတွေဟာလည်း သတင်းရရှိသူ ဖမ်းမိန့်ကျထားသူများမှ ဖမ်းချင်စိတ်မရှိပဲ မအလစခတွေ အတင်းကြပ် ဖိအားပေး စေခိုင်းလို့သာ လုပ်ဆောင်နေရ၍ မလုပ်ဆောင်ချင်ကြောင်း ပေါ်လွင်နေမှုကို ကြိုသတင်းပေးပြီး ရှောင်ခိုင်းနေခြင်းတွေကို ကြည့်ရင် သိနိုင်သလို ရန်သူတပ်ပျက်ပြီး ဖွဲ့စည်းပုံပါ ထိခိုက် ကဆန့်လျားထိ ဖြစ်သွားဖို့ဆိုရင် အင်အားလျော့နည်း စစ်ရေးသက်သာသွားစေဖို့ ခုလို အမြင်မှန် အသိတရားရသူတွေကို လက်ခံ ကြိုဆိုပြိး သက်သေအဖြစ် ထားရှိကြရမည်ဆိုတာ စစ်ပွဲအခြေနေမှန်ဖြစ်သောကြောင့် နောက်လာမည့် သူများအားလည်း NUG ရဲ့ စီမံချက်နဲ့အညီ သေချာလက်ခံပြိး ဆောင်ရွက်သွားကြဖို့လိုသည်ဆိုတာ သို့ဆို သေချာနေပါပြီ အခွင့်ရေး မရကြသေးလို့သာ နောက်ဆို ဒီထက်ပိုများပြားသော ဘက်ပြောင်းသူတွေ ပိုမိုရောက်ရှိ လာပါလိမ့်မည်ဆိုတာ ဒါသည်ပင် တပ်ပျက် တပ်ပြိုခြင်းနဲ့ အလွယ်တကူ စစ်ရေး နိုင်ခြင်းပင် မဟုတ်ပါလော !
နန်းကြည်ညိုဝေ
တပ်မ(၆၆)မှ တပ်သားတစ်ဦး အလင်းဝင်လာ
ဒိုက်ဦးမြို့ အခြေစိုက် ခလရ(၃၀)တပ်သား အများအပြားထွက်ပြေးနေဟု သတင်းထွက်ပေါ်
ရဲခေါင်/People’s Spring
တပ်မ(၆၆)လက်အောက်ခံ ခလရ – ၁၀၂မှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်အပြည့်အစုံ ဖြင့် CDM ဝင်ရောက်လာကြောင်း ကရင်နီပြည်သူ့ရင်ခွင်မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။ယနေ့(ဇန်နဝါရီ၁၈ရက်)နံနက်ပိုင်းက အသက် (၂၃)နှစ်အရွယ် စစ်ကောင်စီတပ်သားစိုးဝင်းမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၀သို့ လက်နက်အပြည့် အစုံရောက်ရှိလာခဲ့ခြင်းဟု ဆိုသည်
“ကျွန်တော်သိရသလောက် သူတို့တပ်တွင်းမှာလုံးဝ အဆင်မပြေတော့လို့ မနေ့ကညက ထွက် ပြေးလာတာလို့ လောလောဆယ်သိရတယ်။ကျန်တာတော့ တပ်ရင်းက စိစစ်နေဆဲပဲ”ဟု အထက် ပါတာဝန်ရှိသူက ရှင်းပြသည်
ထို့အပြင် ၎င်းသည် ကရင်နီပြည်သို့ ရောက်ရှိလာသည်မှာ (၆)လရှိနေပြီး ယခင်တပ်တွင်း သုံးနှစ်ကျော်တာဝန်ထမ်းဆောင်သည့် ကာလအတွင်း ဖောက်ခွဲရေးတာဝန်ယူထားရကြောင်း ထွက်ဆိုထားသည်
CDM ဝင်လာသည့် တပ်သားထံမှ MA-1 တစ်လက်၊ ကျည်ဘောက် ၄ဘောက်၊ ကျည်ဆံ ၂၆၀နှင့် လက်ပစ်ဗုံးတစ်လုံးပါရှိသည်။KNDF တပ်ရင်း-၁၀ တပ်ရင်းမှ လက်နက်နှင့်အတူ CDM ပြုလုပ်သည့်တပ်သားကို ဂုဏ်ပြုငွေ ကျပ်သိန်း ၃၀ပေးအပ်ချီးမြင့်ထားကြောင်းလည်း သိရသည်
ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် ခလရ (၁၀၂)တပ်ရင်းသည် ယမန်နှစ် စက်တင်ဘာ ၂၂ ရက်က တပ်တွင်းပြင်းထန်သည့်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ခလရ (၁၀၂)တပ်သည် ကရင်နီဒေသတွင်းတိုက်ပွဲများ၌ လက်နက်ကြီးပစ်ကူပေးနေသည့် တပ်စခန်းဖြစ်သည်
ထို့အပြင် ပဲခူးတိုင်း၊ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောကျေးရွာ ခလရ(၃၀)တပ်ရင်းမှ ဗိုလ်မှူးကိုယ်တိုင်ဦးစီးသော စစ်သား(၄၀)ကျော်သည် လွန်ခဲ့သော ဇန်နဝါရီ ၁၄ ရက်ကစ၍ တပ်တွင်းမှ ပျောက်ဆုံးထွက်ပြေးမှုရှိခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်က အသိပေးသည်။
(ယနေ့ နံနက်ပိုင်းက အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား၊ ဓာတ်ပုံ – ကန္တရဝတီ)
စစ်ကောင်စီတပ်သားတစ်ဦး KNLA တပ်မဟာ(၅) ထံ လက်နက်နှင့်အတူ အလင်းဝင်
မောင်မောင်/People’s Spring
စစ်ကောင်စီစစ်တပ် (ခမရ – ၄၃၄)မှ တပ်သားချစ်ကောင်းသည် လက်နက်နှင့်အတူ အလင်းဝင် လာကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၅) က ယနေ့ သတင်းထုတ်ပြန်သည်။တပ်သား ချစ်ကောင်းသည် ဇန်နဝါရီ ၁ရက် တွင် MA-1 တစ်လက်၊ ကျည်ဘောက်နှစ်ခု၊ ကျည်ဆံ များနှင့်အတူ လက်နက်ချအလင်းဝင် လာခြင်းဖြစ်သည်ဟု ဖော်ပြသည်
စစ်ကောင်စီ ခေါင်းဆောင်များနှင့် တပ်ဖွဲ့ဝင်များအားလုံးက ပြည်သူလူထု၏ အခွင့်အရေးကို ဆန့်ကျင်ချိုးဖောက်နေခြင်းကြောင့် KNLAတပ်မဟာ(၅)ထံ လက်နက်ချခဲ့ခြင်းဖြစ်သည်ဟု တပ်သားချစ်ကောင်း၏ ပြောကြားချက်ကို ဖော်ပြထားသည်
ထို့ပြင် စစ်ကောင်စီခေါင်းဆောင်ပိုင်းက ငယ်သားများအပေါ် အနိုင့်ကျင့်ခြင်း၊အပြင်သွားလာခွင့်မပြုခြင်း၊ စားသောက်ရေး၌ အခက်အခဲကြုံရခြင်းများ ရှိသည်ဟု အဆိုပါ တပ်သားက ပြောကြားသည်။ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို ကောင်းမွန်စွာကြိုဆိုလက်ခံခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ပေးခဲ့ကြောင်း KNLA တပ်မဟာ(၅) က ထုတ်ပြန်သည်
(အလင်းဝင်လာသော တပ်သား ချစ်ကောင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ – KNU-Mutraw News)