မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ စစ်ကောင်စီ၏ လင်းကတောစခန်းအား နေ့လည်ပိုင်းက ဒေသကာကွယ်ရေးတပ်များ ဝင်ရောင်တိုက်ခိုက်ခဲ့ကြောင်း Salingyi Special Task Force (SSTF)က

သတင်းထုတ်ပြန်လာသည်တိုက်ပွဲဖြစ်နေစဉ် နေ့လည်ပိုင်းတွင် မုံရွာ န.မ.ခ မှ Mi35 တစ်စီးဖြင့်အချက်ပေါင်းများစွာ လာရောက်ပစ်ခတ်ခဲ့ကာ ညနေပိုင်းတွင် ဒေသကာကွယ်ရေးတပ်များက ထပ်မံတိုက်ခိုက်သိမ်းပိုက်နေစဉ်

မဟာမိတ်အဖွဲ့များဘက်မှစခန်း ဘန်ကာ ၄ ခု မှ ၂ ခုကိုသိမ်းပိုက်ထားပြီး စခန်းခြံစည်းရိုးကိုမီးရိူ့ဖျက်စီးနေစဉ် မုံရွာ န.မ.ခ မှ Mi35 ဖြင့် ထက်မံလာရောက်ပြီး စက်သေနက်ဖြင့် မနားတမ်း ပစ်ကူခဲ့သည်ဟု သိရသည်။

စခန်းကိုသိမ်းယူနေစဉ် ည ၆ နာရီခွဲခန့်အကြာအတွင် လက်နက်ခဲယမ်းလိုအပ်ချက်အရဆုတ်ခွာပေးခဲ့ရပြီး စစ်ကောင်စီတပ်သား ၇ ဦးသေကာ မဟာမိတ်တပ်ဖွဲ့များဘက်မှ မစိုးရိမ်ရဒဏ်ရာတချို့သာရရှိခဲ့သည်ဟု သိရသည်။

၎င်းရဲစခန်းကို Salingyi Special Task Force  (SSTF) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ်( ပ.က.ဖ )၊ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)တပ်ရင်း၂ နှင့် Earthquakepeople`sdefenceforceညီနောင်မဟာမိတ်အဖွဲ့တို့ပူးပေါင်းပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်

Leave a Reply

Your email address will not be published. Required fields are marked *