ထိုင်းက ဆီတင်သင်္ဘော ပေါက်ကွဲမှုတွင် မြန်မာ လုပ်သား ၇ ဦးသေဆုံးပြီး ယနေ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိ

ဇန်နဝါရီ ၁၈ ထိုင်းက ဆီတင်သင်္ဘော ပေါက်ကွဲမှုတွင် မြန်မာ လုပ်သား ၇ ဦးသေဆုံးပြီး ယနေ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိတယ်လို့ ဗနိကောက်ရှိ မြန်မာသံရုံးက ပြောပါတယ်။

ဖြစ်စဉ်မှာ စမုဆွန်ခါခရိုင်၊ မဲခေါင်မြစ်ခွဲအတွင်း၌ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက် ရန်အတွက် ရပ်နားထားသည့် ဆီတင်ယာဉ်သင်္ဘော Smoosh Sea C22 သည် ဇန်နဝါရီ ၁၇ရက် နေ့ ၁၀ နာရီအချိန်တွင် အလုပ်သမား(၃၀)ဉီးခန့်ဖြင့်

ဆီပိုက်လိုင်းများ ဂဟေဆော် သည့် လုပ်ငန်းများဆောင်ရွက်စဉ် ပိုက်လိုင်းများအတွင်းရှိ ဆီလက်ကျန်များမှတစ်ဆင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပျောက်ဆုံးလျက်ရှိသူများကို ရှာဖွေခဲ့ရာ ၁၇-၁-၂၀၂၃ ရက်တွင် မြန်မာနိုင်ငံသား(၁)ဉီး၏ ရုပ်အလောင်းကို

စတင်ရှာဖွေတွေ့ရှိခဲ့ပြီး ၁၈-၁-၂၀၂၃ ရက် နံနက်ပိုင်းတွင် မြန်မာ နိုင်ငံသား(၆)ဉီးနှင့်ထိုင်းနိုင်ငံသား(၁)ဉီးတို့၏ ရုပ်အလောင်းများကို ဆက်လက်ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ စမုဆွန်ခါခရိုင်၊ စမုဆွန်ခရာမြို့ရှိ မဲခေါင်မြစ်ခွဲအတွင်း၌ ဆီတင်သင်္ဘော ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသားအလုပ်သမားများ ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရဖြင့် မြန်မာသံရုံးက ယနေ့ ဇန်နဝါရီ ၁၈ ရက် နေ့တွင် သွားရောက်ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။

သံအမတ် ဉီးသန်းထွေးက သေဆုံးသွားသည့် အလုပ်သမားများ၏ မိသားစုဝင်များ ကို သွားရောက်တွေ့ဆုံခဲ့ပြီး ၎င်းတို့၏ အာမခံကြေးများ၊ ဆုကြေးများ၊ နစ်နာကြေးများ မိသားစုဝင်များထံ အမြန်ဆုံးရရှိနိုင်ရေး ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန၊

အလုပ်ရှင် များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး သံရုံးအနေဖြင့် မိသားစု ဝင်များကို တစ်ဉီးလျင် ထိုင်ဘတ်ငွေ ၅၀၀၀/ စီ ထောက်ပံ့ပေးခဲ့ယ်ဘို့ ဆိုပါတယ်။

ယင်းအပြင် ထိခိုက် ဒဏ်ရာရရှိခဲ့သည့် မြန်မာနိုင်ငံသား(၂)ဉီးအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက် ပေးသွားမယ်လို့ သံရုံးက ပြောကါတယ်

Leave a Reply

Your email address will not be published. Required fields are marked *