လွ်ိဳ႕ဝွက္ခ်က္ ေပါက္ၾကားမႈျဖင့္ ဆိုကာ ရဲမႉးခ်ဳပ္ ေအာင္ေဌးျမင့္ ဖမ္းဆီးခံထားရ၊ ရဲမႉးႀကီး ႏွစ္ဦးေပ်ာက္ဆုံးေန

CJ Platform

လွ်ိဳ႕ဝွက္ခ်က္ ေပါက္ၾကားမႈျဖင့္ဆိုကာ ရဲမႉးခ်ဳပ္ ေအာင္ေဌးျမင့္ ဖမ္းဆီးခံထားရကာ ရဲမႉးႀကီးႏွစ္ဦး ေပ်ာက္ဆုံးေနေၾကာင္း ရဲသတင္းအရင္းျမစ္ တစ္ဦးက CJ Platform သို႔ေျပာၾကားသည္

“ ေခတ္သစ္သတင္းဌာနမွာ လွ်ိဳ႕ဝွက္ အစည္းအ ေဝး စာေတြ ေဖာ္ျပတာ၊ အတြင္းရာထူးႀကီးပိုင္းကေန ေပးပို႔လို႔ဆိုၿပီးေတာ့ ေအာင္ေဌးျမင့္ကို ဖမ္းလိုက္တာ၊ ေနာက္ၿပီးေတာ့ ရဲမႉးႀကီးႏွစ္ဦးလည္း ေပ်ာက္ေနတယ္။ ဘာသတင္းအစအနမွ မရဘူး” ဟု ရဲသတင္းအရင္းအျမစ္ တစ္ဦးကေျပာၾကားသည္

ထို႔ျပင္ စစ္ေကာင္စီ ဒုေခါင္းေဆာင္ျဖစ္သူ ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းသည္ ဇန္နဝါရီ ၁၇ ရက္တြင္ ေအာင္မဂၤလာဝင္းအေရွ႕ရွိ စစ္ဖက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႕ဝင္းသို႔ လာေရာက္ၿပီး လွ်ိဳ႕ဝွက္စာေပါက္ၾကားခဲ့မႈႏွင့္ ပတ္သက္ကာ စရဖ အႀကီးပိုင္းအရာရွိမ်ားကို ေငါက္ငမ္းမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္းလည္း သိရသည္

“မေန႔က သီးသန႔္ကို ေခၚၿပီးဆူတာ၊ စရဖက အႀကီးပိုင္းေတြ အကုန္ပါတယ္။ အေရးႀကီးတဲ့ လွ်ိဳ႕ဝွက္စာကို ေပါက္ၾကားရမလားဆိုၿပီး ေဒါသူပုန္ေတြထေနတာ၊ သူေတာ္ေတာ္ႀကီးကို ေဒါသထြက္ေနတယ္”ဟု ရဲသတင္အရင္းျမစ္က ဆက္လက္ ေျပာၾကားသည္

ဖမ္းဆီးခံရသည့္ ရဲမႉးခ်ဳပ္ ေအာင္ေဌးျမင့္သည္ ႏိုင္ငံျဖတ္ေက်ာ္မႈခင္းဌာန တာဝန္ယူထားရသူျဖစ္ၿပီး၊ စစ္ေကာင္စီ အာဏာသိမ္းၿပီးေနာက္ပိုင္းတြင္ ရဲမႉးခ်ဳပ္အျဖစ္ ရာထူးတိုးလာခဲ့သူတစ္ဦးျဖစ္သည္

ဒီဇင္ဘာ ၂၃ ရက္တြင္ စစ္ေကာင္စီ၏ ျပည္ထဲေရး ဝန္ႀကီး စိုးထြန္ဦးေဆာင္ကာ ၊ ဒုဝန္ႀကီးမ်ား၊ ကာကြယ္ေရးဝန္ႀကီးဌာန၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ဗဟိုဘဏ္၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ အပါအဝင္ ဌာနဆိုင္ရာမွ ထိပ္တန္းအရာရွိ ၅၅ ဦး၏ လွ်ိဳ႕ဝွက္အစည္းအေဝးမွတ္တမ္းကို ေခတ္သစ္သတင္းဌာနက ထုတ္ေဖာ္ေရးသားခဲ့သည္

အဆိုပါ အစည္းအေဝးမွတ္တမ္းတြင္ NUG, CRPH ႏွင့္ PDF မ်ားကို ေခ်မႈန္းေရး၊ ျပည္သူအခ်င္းခ်င္း ရန္တိုက္ေပးရန္ စီမံခ်က္မ်ား၊ ေငြေၾကးစီးဆင္းမႈ ထိန္းခ်ဳပ္ေရး၊

CDM မ်ား ျပည္ပထြက္ခြင့္ပိတ္ပင္ထားၿပီး ေစာင့္ၾကည့္ရန္ စီမံခ်က္မ်ား၊ ခ်ိတ္ပိတ္ထားသည့္ အိမ္မ်ားကို စစ္တပ္ပိုင္ သိမ္းယူရန္ ကိစၥမ်ားကို ေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ျခင္းျဖစ္သည္

လင္းခိုင္

လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် ဆိုကာ ရဲမှူးချုပ် အောင်ဌေးမြင့် ဖမ်းဆီးခံထားရ၊ ရဲမှူးကြီး နှစ်ဦးပျောက်ဆုံးနေ

CJ Platform

လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့်ဆိုကာ ရဲမှူးချုပ် အောင်ဌေးမြင့် ဖမ်းဆီးခံထားရကာ ရဲမှူးကြီးနှစ်ဦး ပျောက်ဆုံးနေကြောင်း ရဲသတင်းအရင်းမြစ် တစ်ဦးက CJ Platform သို့ပြောကြားသည်

“ ခေတ်သစ်သတင်းဌာနမှာ လျှို့ဝှက် အစည်းအ ဝေး စာတွေ ဖော်ပြတာ၊ အတွင်းရာထူးကြီးပိုင်းကနေ ပေးပို့လို့ဆိုပြီးတော့ အောင်ဌေးမြင့်ကို ဖမ်းလိုက်တာ၊ နောက်ပြီးတော့ ရဲမှူးကြီးနှစ်ဦးလည်း ပျောက်နေတယ်။ ဘာသတင်းအစအနမှ မရဘူး” ဟု ရဲသတင်းအရင်းအမြစ် တစ်ဦးကပြောကြားသည်

ထို့ပြင် စစ်ကောင်စီ ဒုခေါင်းဆောင်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇန်နဝါရီ ၁၇ ရက်တွင် အောင်မင်္ဂလာဝင်းအရှေ့ရှိ စစ်ဖက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်းသို့ လာရောက်ပြီး လျှို့ဝှက်စာပေါက်ကြားခဲ့မှုနှင့် ပတ်သက်ကာ စရဖ အကြီးပိုင်းအရာရှိများကို ငေါက်ငမ်းမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်

“မနေ့က သီးသန့်ကို ခေါ်ပြီးဆူတာ၊ စရဖက အကြီးပိုင်းတွေ အကုန်ပါတယ်။ အရေးကြီးတဲ့ လျှို့ဝှက်စာကို ပေါက်ကြားရမလားဆိုပြီး ဒေါသူပုန်တွေထနေတာ၊ သူတော်တော်ကြီးကို ဒေါသထွက်နေတယ်”ဟု ရဲသတင်အရင်းမြစ်က ဆက်လက် ပြောကြားသည်

ဖမ်းဆီးခံရသည့် ရဲမှူးချုပ် အောင်ဌေးမြင့်သည် နိုင်ငံဖြတ်ကျော်မှုခင်းဌာန တာဝန်ယူထားရသူဖြစ်ပြီး၊ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရဲမှူးချုပ်အဖြစ် ရာထူးတိုးလာခဲ့သူတစ်ဦးဖြစ်သည်

ဒီဇင်ဘာ ၂၃ ရက်တွင် စစ်ကောင်စီ၏ ပြည်ထဲရေး ဝန်ကြီး စိုးထွန်ဦးဆောင်ကာ ၊ ဒုဝန်ကြီးများ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဗဟိုဘဏ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပါအဝင် ဌာနဆိုင်ရာမှ ထိပ်တန်းအရာရှိ ၅၅ ဦး၏ လျှို့ဝှက်အစည်းအဝေးမှတ်တမ်းကို ခေတ်သစ်သတင်းဌာနက ထုတ်ဖော်ရေးသားခဲ့သည်

အဆိုပါ အစည်းအဝေးမှတ်တမ်းတွင် NUG, CRPH နှင့် PDF များကို ချေမှုန်းရေး၊ ပြည်သူအချင်းချင်း ရန်တိုက်ပေးရန် စီမံချက်များ၊ ငွေကြေးစီးဆင်းမှု ထိန်းချုပ်ရေး၊

CDM များ ပြည်ပထွက်ခွင့်ပိတ်ပင်ထားပြီး စောင့်ကြည့်ရန် စီမံချက်များ၊ ချိတ်ပိတ်ထားသည့် အိမ်များကို စစ်တပ်ပိုင် သိမ်းယူရန် ကိစ္စများကို ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်

လင်းခိုင်

 

Leave a Reply

Your email address will not be published. Required fields are marked *