မႏၲေလးမွာ ေ႐ြးေကာက္ပြဲ မဲစာရင္းလုပ္ေနတဲ့ အုပ္ခ်ဳပ္ေရးမႉး႐ုံး ဗုံးခြဲခံရ

မႏၲေလး၊ ဇန္နဝါရီ ၁၈၊ ၂၀၂၃။

မႏၲေလးတိုင္း၊ မဟာေအာင္ေျမၿမိဳ႕နယ္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးကို ဇန္နဝါရီလ ၁၇ ရက္မေန႔ညေနက လက္ပစ္ဗုံးနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ No More Dictatorship People Defence Force – MND အဖြဲ႕က သတင္းထုတ္ျပန္ခဲ့ပါတယ္

မဟာေအာင္ေျမၿမိဳ႕နယ္၊ ၃၇လမ္း၊ ၇၄လမ္းနဲ႔ ၇၅ လမ္းၾကားရွိ စၾကာႏြယ္စဥ္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးကို မေန႔ကညေန ၅ နာရီဝန္းက်င္ေလာက္က တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္

“က်ေနာ္တို႔ပစ္ၿပီးေတာ့ သူတို႔ဘက္က ၃ ဦးေလာက္ ထြက္လာၿပီး ဆဲဆိုႀကိမ္းေမာင္းေနတယ္။ ရပ္ကြက္မီးရႈိ႕ပစ္မွာေတြေရာ ပါတယ္

႐ုံးထဲက လူဦးေရေတာ့ မသိရဘူး ထိခိုက္မႈေတာ့ မၾကားရေသးဘူး” လို႔ NMDအဖြဲ႕မွ တာဝန္ရွိသူ နဂါးႀကီးက ေျပာပါတယ္

ဒါ့အျပင္ စစ္ေကာင္စီက်င္းပမယ့္ တရားမွ်တမႈမရွိတဲ့ အမည္ခံေ႐ြးေကာက္ပြဲကို နည္းမ်ိဳးစုံနဲ႔ တားဆီးသြားမွာျဖစ္ၿပီး ျပည္သူလုထူအေနနဲ႔ အေယာင္ေဆာင္ေ႐ြးေကာက္ပြဲမွာ မပါဝင္ဖို႔နဲ႔ စစ္အုပ္စုနဲ႔ ေဝးေဝးေနၾကဖို႔လည္း သူက ဆက္ေျပာပါတယ္

NMD အဖြဲ႕ဟာ ဇန္နဝါရီလ ၁၆ ရက္ကလည္း ေအာင္ေျမသာစံၿမိဳ႕နယ္၊ ၈၇ လမ္း ၂၃ လမ္းနဲ႔ ၂၄ လမ္းၾကားရွိ သီရီမာလာအေရွ႕ရပ္ကြက္႐ုံးနဲ႔ အမရပူရၿမိဳ႕နယ္၊ လဝက႐ုံးတို႔ကိုလည္း တခ်ိန္တည္း လက္ပစ္ဗုံးနဲ႔ တိုက္ခိုက္ခဲ့ၾကပါေသးတယ္

မႏၲေလးၿမိဳ႕မွာ အခုႏွစ္ ဇန္နဝါရီလဆန္းပိုင္းကစလို႔ စစ္ေကာင္စီလက္ေအာက္ခံ အုပ္ခ်ဳပ္ေရးမႉး႐ုံးေတြနဲ႔ လဝက႐ုံးေတြဟာ ေတာ္လွန္ေရးအင္အားစုေတြရဲ႕ မၾကာခဏတိုက္ခိုက္တာကို ခံေနၾကရတာလည္း ျဖစ္ပါတယ္

ပုံစာ – No More Dictatorship People Defence Force – MND တပ္ဖြဲ႕ဝင္မ်ား

သတင္း – ခန႔္ေအာင္၊ စာတည္း – လင္း

#ေျမလတ္အသံ

မန္တလေးမှာ ရွေးကောက်ပွဲ မဲစာရင်းလုပ်နေတဲ့ အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲခံရ

မန္တလေး၊ ဇန်နဝါရီ ၁၈၊ ၂၀၂၃။

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဇန်နဝါရီလ ၁၇ ရက်မနေ့ညနေက လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship People Defence Force – MND အဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်

မဟာအောင်မြေမြို့နယ်၊ ၃၇လမ်း၊ ၇၄လမ်းနဲ့ ၇၅ လမ်းကြားရှိ စကြာနွယ်စဉ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မနေ့ကညနေ ၅ နာရီဝန်းကျင်လောက်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်

“ကျနော်တို့ပစ်ပြီးတော့ သူတို့ဘက်က ၃ ဦးလောက် ထွက်လာပြီး ဆဲဆိုကြိမ်းမောင်းနေတယ်။ ရပ်ကွက်မီးရှို့ပစ်မှာတွေရော ပါတယ်

ရုံးထဲက လူဦးရေတော့ မသိရဘူး ထိခိုက်မှုတော့ မကြားရသေးဘူး” လို့ NMDအဖွဲ့မှ တာဝန်ရှိသူ နဂါးကြီးက ပြောပါတယ်

ဒါ့အပြင် စစ်ကောင်စီကျင်းပမယ့် တရားမျှတမှုမရှိတဲ့ အမည်ခံရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ တားဆီးသွားမှာဖြစ်ပြီး ပြည်သူလုထူအနေနဲ့ အယောင်ဆောင်ရွေးကောက်ပွဲမှာ မပါဝင်ဖို့နဲ့ စစ်အုပ်စုနဲ့ ဝေးဝေးနေကြဖို့လည်း သူက ဆက်ပြောပါတယ်

NMD အဖွဲ့ဟာ ဇန်နဝါရီလ ၁၆ ရက်ကလည်း အောင်မြေသာစံမြို့နယ်၊ ၈၇ လမ်း ၂၃ လမ်းနဲ့ ၂၄ လမ်းကြားရှိ သီရီမာလာအရှေ့ရပ်ကွက်ရုံးနဲ့ အမရပူရမြို့နယ်၊ လဝကရုံးတို့ကိုလည်း တချိန်တည်း လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့ကြပါသေးတယ်

မန္တလေးမြို့မှာ အခုနှစ် ဇန်နဝါရီလဆန်းပိုင်းကစလို့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ လဝကရုံးတွေဟာ တော်လှန်ရေးအင်အားစုတွေရဲ့ မကြာခဏတိုက်ခိုက်တာကို ခံနေကြရတာလည်း ဖြစ်ပါတယ်

ပုံစာ – No More Dictatorship People Defence Force – MND တပ်ဖွဲ့ဝင်များ

သတင်း – ခန့်အောင်၊ စာတည်း – လင်း

#မြေလတ်အသံ

 

Leave a Reply

Your email address will not be published. Required fields are marked *