မတရားပြုကျင့်ခံရတဲ့အနေအထားတွေနဲ့ သေဆုံးခဲ့ရတဲ့ အသက် ၁၁နှစ်အရွယ်မပွားစိန် အမှု နောက်ဆက်တွဲ အခြေအနေ

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ မှာ ၁ရက်ကြာပျောက်ဆုံးပြီး နောက်ရုပ်အလောင်း သာပြန်ရခဲ့တဲ့ အသက် ၁၁ နှစ်အရွယ် ကလေးငယ် မပွားစိန် သေဆုံးခဲ့ရမှုအတွက် အမှုဖွင့်တိုင်ကြားထားတယ်လို့ မိသားစုဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်

ရုပ်အလောင်းကိုတွေ့ချိန်မှာ ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းဝတ်လစ်စလစ်အနေအထားနဲ့ မတရားပြုကျင့်ခံရတဲ့ ‌အခြေအနေကို တွေ့ရတယ်လို့ မျက်မြင်တွေ့ခဲ့ရသူ မိသားစုဝင်တွေနဲ့ ပရဟိတအဖွဲ့တွေကပြောပါတယ်။ ဒါ့ကြောင့် မတရားပြုကျင့်ခံရပြီးနောက် သေဆုံးတာလို့ မိသားစုဝင်တွေကကောက်ချက်ချထားပါတယ်။

 

လည်ပင်းညှစ်ဒဏ်ရာ၊ ရိုက်နှက်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ မပွားစိန် ရဲ့ ရုပ်အလောင်းကို ရွှေဘိုက ပရဟိတအဖွဲ့နဲ့ မိသားစုဝင်အချို့က ရွှေဘိုဆေးရုံကိုပို့ဆောင်ခဲ့ပြီးနောက် ဆေးစစ်ချက်ကိုတော့ ဆေးရုံဘက်က ပြောတာမရှိသေးဘူးလို့ ဆိုပါတယ်။

” ကျွန်တော်တို့ကတော့ ကလေးဇောနဲ့ဆိုတော့ ဆေးစစ်ချက်ပါအချက်တွေကိုမမေးမိဘူး။ သူတို့(ဆေးရုံ)ကလည်းမပြောဘူး။ သေချာတာကတော့ မုဒိမ်းကျင့်ခံရတာသေချာပါတယ်။ ကလေးမှာ အဝတ်တွေလည်းမရှိဘူးဗျာ။ မြင်ရတာတော်‌တော်ကို အဆင်မပြေတာပါ။ အခုက သူ့ကို တနေ့ကတော့ သဂြိုလ်လိုက်ပြီ

၁၈ရက်နေ့မှာ ရက်လည်လုပ်ပေးမယ်။ နောက် ဒီက မြို့က ပရဟိတအဖွဲ့တွေက နာရေးအတွက် ငွေလှူတယ်။ မိသားစုက အရမ်းဆင်းရဲတယ်။ မနေ့က တော့ ရဲစခန်းက ခေါ်မေးတယ်ပြောတယ်” လို့ ဦးလေးတော်စပ်သူက ပြောပြပါတယ်။

မပွားစိန်ဟာ ရွှေဘိုမြို့ ပန်းခြံတောင်ဘက် လမ်းဘေးမှာ ကန်စွန်းဥပြုတ်၊ ငုံးဥပြုတ် ရောင်းတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ရက်က အိမ်ပြန်မရောက်ဘဲ ‌ပျောက်ဆုံးခဲ့ပြီး နောက်တစ်နေ့ ဇန်နဝါရီ ၁၃ရက်မှာတော့ ရွှေဘို မြို့ရှောင်လမ်းဘေးက လယ်ကွင်းထဲမှာ မတရားပြုကျင့်ခံရတဲ့ အနေအထားနဲ့အသတ်ခံထားရတဲ့ ရုပ်အလောင်းကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ မှာ အခုဇန်နဝါရီလ နှစ်ပတ်အတွင်း အသက်မပြည့်သေးတဲ့ မိန်းခလေးငယ်အပါဝင် အမျိုးသမီးနှစ်ဦး မတရားပြုကျင့်ခံရတဲ့အခြေအနေနဲ့ အသတ်ခံရတယ်လို့ ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ရက်ကလည်း ရွှေဘိုမြို့၊ သက်သာပန်းတောင်းရပ်က စိတ်မနှံ့တဲ့ အသက်၃၀ကျော် အမျိုးသမီးတစ်ဦး နှစ်ရက်ခန့်ပျောက်ဆုံးပြီးနောက် ရွှေဘိုအနောက်ဘက် ညောင်ပင်သာကျေးရွာဘက်မှာ အဓမ္မပြုကျင့်ခံရပြီး အသတ်ခံထားရတဲ့ ရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့တာပါ

ရွှေဘိုမြို့ မှာပေါ်မှာ ပြီးခဲ့တဲ့နှစ်အတွင်းမှာလည်း လုယက်လူသတ်မှုဖြစ်စဉ် အများအပြားရှိခဲ့ပြီးနဲ့ အမျိုးသမီးနဲ့ LGBT တချို့ မတရားပြုကျင့်ခံရပြီး အသတ်ခံရတဲ့ဖြစ်စဉ်တချို့လည်းဖြစ်ခဲ့တဲ့ အမှုဖော်ထုတ်နိုင်တာမျိုးမရှိတဲ့အခြေအနေလို့ ဒေသခံတချို့ကပြောပါတယ်

” ရွှေဘိုမှာပြီးခဲ့တဲ့နှစ်ထဲမှာ လုယက်လူသတ်တဲ့အမှုတွေတော်တော်များတယ်။ မြို့ပေါ်မှာလည်း စစ်ကောင်စီက ပဲ အုပ်စီးထားတာ၊ ဒါပေမဲ့ သူတို့က PDF တွေနဲ့ သူတို့ကိုဆန့်ကျင်သူတွေလောက်ပဲဖမ်းတာ၊ကျန်တဲ့သူတွေကိုလုံးဝဖမ်းတာမတွေ့ရဘူး ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ‌မေးမြန်းဖို့ ဘီဘီစီက ရွှေဘိုရဲစခန်းကိုဖုန်းခေါ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူးဓာတ်ပုံ – သိင်္ဃဂုဏ်ရည်လူမှုကူညီရေး

Leave a Reply

Your email address will not be published. Required fields are marked *