တစ်ချိန်ကစစ်ကိုင်းဘက် ဝါးချက်ချောင်တွင် ဝါးချက်ဆရာတော်ကြီး သီးတင်းသုံးနေထိုင်၏။ ဆရာတော်ကြီးသည် ကျမ်းတတ်ရုံမျှမက အနေအထိုင်လည်း ဝိနည်းအရာတွင်သိပ်သည်းကျစ်လစ်အောင် နေထိုင်၍ အများအားဖြင့် ဓုတင်ဖြင့် ဖြူစင်အောင် အထူးနေထိုင်၏

ဟိတ်လည်းမရှိ ဟန်လည်းမဆောင် ကြည်ညိုဖွယ်အသွင် အမြဲရှိအောင် နေထိုင်၏။ မကြာမကြာ မန္တလေးဘက်သို့ ကူးလာ၏။ လာတိုင်းဘုရားကြီးတိုက် ဦးရန်ကုန်ကျောင်းသို့ အမြဲဝင်၏။ ဦးရန်ကုန်ဆရာတော်ကား မန်းတခွင်နှံ့အောင် ကျော်ကြားတော်မူသော ဆရာတော်တစ်ပါးပေ။ ဦးရန်ကုန်သည် ဝါးချက်ဆရာတော်အား အထူးလေးစား၏

တစ်နေ့တွင် ဝါးချက်ဆရာတော်ကြီး မန္တလေးဘက်သို့ ကူးလာရာ ဘုရားကြီးတိုက် ဦးရန်ကုန်ကျောင်းရောက်၏။ ဦးရန်ကုန်ကား စာချလျက်ရှိ၏။ စာဝါပြီးလျှင် ဆရာတော်ကြီးအား ဦးချရောက်လာ၏။ ဦးရန်ကုန်ရောက်လာလျှင် ဝါးချက်ဆရာတော်ကြီးက မဆီမဆိုင် လက်ပံသားဓားနှင့် ချိုင်ဆိုတာလို ကောက်ကာငင်ကာ “ဟဲ့မောင်ရန်ကုန် မင်းတို့တောင်ပြင်မှာ သီလလုံတာဘယ်နှစ်ပါး ရှိသလဲ”ဟုမေးလေ၏

ရုပ်တရက်သော် ဆရာတော်ဦးရန်ကုန်က ပဟေဠိဆန်သောမေးခွန်းဖြစ်၍ အဖြေကြပ်နေ၏။ သို့သော် ပညာရှင်ချင်း ဉာဏ်စမ်းသဘောဖြစ်၍ ဦးရန်ကုန်က”တောင်ပြင်မှာ သီလလုံတာ တစ်ပါးရှိပါသညဘုရား”ဟု လျှောက်ထားလေသည်။ ဝါးချက်ဆရာတော်က “ဘယ်သူလဲ မောင်ရန်ကုန်ရဲ့”ဟု မေးလေ၏။ ” မဟာမြတ်မုနိပါဘုရား”ဟု လျှောက်ထားလေသည်

“ငါလည်းထင်သားပဲ”ဟုဝါးချက်ဆရာတော်ကြီးကပြောကာရယ်မော၍နေပါတော့သည်။ ထို့အတူပါပဲ ခုခေတ်ကြီးထဲမှာ တစ်ချို့သင်္ကန်းကိုသာ ကြည်ညိုတာ လူကိုမကြည်ညိုဘူးဟုပြောဆိုနေကြ၏။ သင်္ကန်းကိုသာ ကြည်ညိုရင်တော့ ပုံပါ ကိုယ်တော်ကြီးသာ ပင့်သွားကြပါ။ ဒီသစ်တုံး ကိုယ်တော်ကြီးသည်

အာပါတ်လည်းမသင့်။ ပါတီနိုင်ငံရေးလည်းမဟော။ စာချ စာသင်ပရိယတ္တိပဋိပတ္တိလည်းမပါ။ ဘယ်အဖွဲ့အစည်းမို့ ဆွမ်းမလောင်းဟု ဘယ်သူတွေ ဘာပြောပြော တုဏှီဘောနဲ့ ငြိမ်သက်နေမယ့် ကိုယ်တော်ကြီး ဖြစ်နေလို့ပါတဲ့ရှေးကဆရာတော်ကြီးတစ်ပါးစကားပြန်မျှဝေသည်Credit ; သာသနာသည်သာအသက်အသွေး

Leave a Reply

Your email address will not be published. Required fields are marked *