ပအို့ဝ် ဒေသမှာ နျူစက်ရုံ ဆောက်မို့ထင်တယ်။ ပုံစံငယ် ထွက်လာတယ်။ ကြည့်ရတာ ပတ္တမြားနဂါး အပေးအယူကြမ်းပီထင်တယ်။
ပအို့ဝ်သွေးချင်းများ ငြိမ်မနေသင့်ပါ။ မူကျိမြက်ဖုတ် မီးဟတ်ရင်တောင် “ကိုကြင်စိုးနဲ့ရောင်းရင်းများမီးသတ်အဖွဲ့က” တလင်းပြောင်တဲ့အထိ ငြိမ်းလို့ မနိုင်သေးဘူး။ ဂရင်းရွိုင်ရယ် ဖြစ်အင်ကိုသာ ကြည့်။ လူငါးရာလောက် ပစ္စည်းစုံနဲ့ ဝိုင်းငြိမ်းတာ အနည်းလေး ၅ နာရီကြာတယ်။
နျူမတော်တဆ ဆိုရင်တော့ ပစ္စည်းမမက်လည်း လူလွတ်အောင် ပြေးနိုင်ဖွယ်ရာ မမြင်။ ဒေသတခုလုံး စမုံတုံးမှာ။ အက်ကိစ္စ ပေါ့မရ။
အကောင်းဆုံးက ဘိုတုအပါ မသူတော်တွေအားလုံးကို အပြီးတိုင် ချေမှုန်းကြဖို့ပဲ။ အမြစ်တူးထုတ် အက်ဆစ်လောင်း မီးရှို့ အပြုတ်ဆော် ရမယ်။
တနိုင်ငံလုံး ကနေတဲ့ ပွဲတွေမှာ ဂိုးပြတ်ချည်း နိုင်တယ်ဆိုဘေမက် ကိုယ့်ဖက်မှာလည်း ပေးဂိုးတချို့ ရှိနေတာ ခါးသီးတဲ့အရှိတရားပဲ။ နောက်ပိုင်း ဒီထက်ပိုကြမ်းမယ်။ ငတို့တွေ မဆုတ်မနစ် အားကုန်ထုတ်ကြရမယ်။
ကမ့် ဗစ်တိုးရီးယား တိုက်ခိုက်ခံရမှုအပြီး တော်လှန်စိတ်က ပိုပြီးတောင် အားကောင်းမောင်းသန် ခေါင်းထောင်ထလာတယ်။ ဖိလေကြွလေ စိတ်ပိုင်းဖြတ်မှုတွေ ထုထည်ပိုကြီးလာလေပဲ။
နုကြည်ရဲ့ ဝမ်းရီးယားပလန် အချိန်ကိုက် အင်ဒိုအာဆမ်ချဲ ဖြစ်တယ်။ UNSC က မဖြစ်မနေလိုက်နာရမယ့် ဆုံးဖြတ်ချက်ကျတယ်။ ဒို့ဖက်မှာ လည်း ပစ္စည်းစုံနဲ့ ရေမီးစုံပွဲတွေ ကလာနိုင်ကြပြီ။ မဲဝိုင်စခန်းရဲ့ ဆေးစားပြီးပုံ တချက်ရှိုးလိုက်။ ဒရုန်းစစ်ဆင်ရေးမှာ ထူးရှယ်မီးလောင်ဗုံးတွေတောင် သုံးလာနိုင်ပြီတဲ့။
အရေးကြီးတာက အညာအကြေ၊ တောင်ပေါ်တောင်အောက် သွေးချင်းအားလုံး ညီညွတ်မှုကိုပြကြဖို့သာ။
ပွဲအစ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပါဘူးဗျာလို့ ငြီးတွားရင်း အိပ်ပျော်နေခဲ့တဲ့ SNLD လည်း အခုတော့ အသံထွက်လာပြီ။ ပါတီဖျက်သိမ်းခံရလည်း တတ်နိုင်ဘူးတဲ့
အားလုံးကျောချင်းကပ် ရင်ချင်းအပ်ကြရအောင်တဲ့ အပြောနဲ့တင်လမ်းမဆုံးဘဲ ရှေ့ရဲရဲတိုးခဲ့စမ်းပါ။ ပါတီဆိုတာ မအလဖျက်တိုင်း ဖျက်တဲ့အမျိုးမှ မဟုတ်ဘဲ
တွေတွေဝေဝေ တိမ်းတိမ်းပါးပါးနဲ့ လုံးပါးပါး မခံစမ်းပါနဲ့ ဘော်ဒါတို့။ ရှေ့ကသာ စုစုစည်းစည်း ချီတက်ပြစမ်းပါ။ ပြည်သူကို လှည့်မကြည့်နဲ့။ နောက်က ပါပြီးသား။ ကဲ ဆက်ဆွဲလိုက်ရအောင်
ဆို့စ် – ကျူးလိပေါင် သတင်းစဉ် (ကျူလင်ပြုတ် ကျူငုတ်မကျန်စေရ ကဏ္ဍ)
Leave a Reply
Your email address will not be published. Required fields are marked *