ဆားလင္းႀကီးတြင္ PDF မ်ား ညႇပ္တိုက္ခံရ

ဧရာဝတီ၊ ဇႏၷဝါရီ ၁၄၊ ၂၀၂၃

စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္တြင္း ေက်း႐ြာမ်ားအား မီးရႈိ႕ေနသည့္ စစ္ေၾကာင္းကို မိုင္းဆြဲ တိုက္ခိုက္ရန္ လုပ္ေဆာင္သည့္ ကာကြယ္ေရး တပ္ဖြဲ႕ဝင္မ်ားအား စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ညႇပ္ပူးတိုက္ခိုက္သျဖင့္ လက္နက္ခဲယမ္းႏွင့္ ေမာ္ေတာ္ယာဥ္ အပါအဝင္ သိန္းရာခ်ီ ဆုံးရႈံးခဲ့ရေၾကာင္း သတင္းရရွိသည္

ဆားလင္းႀကီးၿမိဳ႕နယ္ရွိ ပိုင္းေတာင္ႀကီးႏွင့္ ေက်ာက္ေမွာ္ေက်း႐ြာမ်ားကို မီးရႈိ႕ၿပီးေနာက္ စစ္ေၾကာင္းထိုးလာေသာ စစ္ေကာင္စီတပ္ဖြဲ႕ကို ဇန္နဝါရီလ ၁၂ ရက္ေန႔တြင္ ေညာင္ပင္ႀကီး – ဆားလင္းႀကီး လမ္းေပၚအေရာက္ ျပည္သူ႔ကာကြယ္ေရး အဖြဲ႕မ်ားက မိုင္းဆြဲတိုက္ခိုက္ရန္ ျပင္ဆင္ေနခ်ိန္တြင္ စစ္ေၾကာင္းက ၂ ဖက္ပိတ္ တိုက္ခိုက္ျခင္းေၾကာင့္ အျပန္အလွန္ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္

ေသမင္းတမန္ ေျပာက္က်ားတပ္ဖြဲ႕ဝင္ တဦးက “စစ္ေၾကာင္းတေၾကာင္းက သုံးဆယ္ေလာက္ပါတယ္။ အဲဒီသုံးဆယ္ေလာက္ စစ္ေၾကာင္းက ေရွ႕ကေန ပိတ္ထားတာ။ ေနာက္ဖက္ကေန လက္နက္ႀကီးနဲ႔ ပစ္တဲ့ အဖြဲ႕လည္း ရွိတယ္။ ေရွ႕ေရာ ေနာက္ေရာ ညႇပ္ထားတဲ့ သေဘာေပါ့။ က်ေနာ္တို႔ ျပန္ဆုတ္လာတဲ့ လမ္းေၾကာင္းက မွန္လို႔ အထိ အခိုက္မရွိခဲ့တာ။ က်ေနာ္တို႔ကို ရွစ္လက္ေလာက္နဲ႔ လမ္းေပၚထြက္ပစ္ေသးတာ။ ကားကို ေဘးဆြဲခ်ၿပီး ဆင္းေျပးခဲ့ ရတာေပါ့ ဝါးတစ္ျပန္ ေက်ာ္ေက်ာ္ပဲေဝးေတာ့မယ္” ဟု ေျပာသည္

ဇန္နဝါရီ ၁၂ တြင္ ပိုင္းေတာင့္ႀကီးႏွင့္ ေက်ာက္ေမွာ္႐ြာ၊ ဇန္နဝါရီ ၁၃ ရက္ေန႔တြင္ ေဖာင္းကထာ႐ြာႏွင့္ ေက်ာက္ျဖဴေတာင္႐ြာတို႔ကို အင္အား ၁၀၀ ဝန္းက်င္ခန႔္ရွိသည့္ စစ္ေကာင္စီတပ္က စီးနင္းၿပီး မီးရႈိ႕ဖ်က္ဆီးခဲ့သည္

မိုင္းဆြဲတိုက္ခိုက္ရန္ ျပင္ဆင္မႈတြင္ ပါဝင္ခဲ့သည့္ ေသမင္းတမန္ေျပာက္ၾကားအဖြဲ႕ ( Salingyi ) ၊ ေ႐ႊညီကိုေျပာက္ၾကားအဖြဲ႕( Salingyi ) ႏွင့္ Salingyi Revolution Army မဟာမိတ္ပူးေပါင္း ၃ ဖြဲ႕ေပါင္းမွ ေမာ္ေတာ္ယာဥ္ ၃ စီး၊ ဆိုင္ကယ္ ၁ စီး၊ လက္လုပ္ေရွာ့ဂန္းမ်ား၊ မိုင္း၊ တဖက္ပြင့္ ေရွာ့တိုက္ေျပာင္းမ်ား၊ ၆၀ မမ၊ ၁၆၀ မမ၊ ၄၀ မမ ဗုန္းသီးပစ္ လက္နက္အျပင္ မိုင္းႏွင့္ ဆက္စပ္ပစၥည္းမ်ား စုစုေပါင္း သိန္း ၁၅၀ ေက်ာ္ ဆုံးရႈံးခဲ့ေၾကာင္း သိရသည္

ေသမင္းတမန္ ေျပာက္က်ားတပ္ဖြဲ႕ဝင္ တဦးက “အစထဲက ေမာင္းျပန္မရွိဘဲ လက္လုပ္ေတြနဲ႔ တိုက္ပြဲဝင္ေနရတဲ့ အဖြဲ႕ပါဗ်။ တကယ္လို႔ ေမာင္းျပန္ ၃၊၄ လက္ပါရင္ Battle ေကာင္းေကာင္းဆိုင္လို႔ရေပမယ့္ အခုလိုျဖစ္သြားေတာ့ က်ေနာ္တို႔ အမ်ားႀကီး ဆုံးရႈံးခဲ့ရတာေပါ့ လက္နက္ကလဲ မရွိတဲ့ၾကားက ပါသြားတာဆိုေတာ့ အခုခ်ိန္မွာ က်ေနာ္တို႔ ဘာမွ မရွိေတာ့သလိုျဖစ္သြားတာေပါ့” ဟု ဆိုသည္

ထိုသို႔ သိမ္းဆည္းရေသာ ကားမ်ားကို ယင္းေနရာတြင္ပင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက မီးရႈိ႕ခဲ့ေၾကာင္းႏွင့္ အဆိုပါ ပစ္ခတ္မႈတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁ ဦး ေသဆုံးၿပီး ၂ ဦးဒဏ္ရာ အျပင္းအထန္ ရရွိခဲ့ကာ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ဝင္ ၁ ဦးေျခေထာက္က်ည္ထိမွန္ ဒဏ္ရာရွိခဲ့ေၾကာင္း သိရသည္

ဆားလင်းကြီးတွင် PDF များ ညှပ်တိုက်ခံရ

ဧရာဝတီ၊ ဇန္နဝါရီ ၁၄၊ ၂၀၂၃

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင်း ကျေးရွာများအား မီးရှို့နေသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရန် လုပ်ဆောင်သည့် ကာကွယ်ရေး တပ်ဖွဲ့ဝင်များအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညှပ်ပူးတိုက်ခိုက်သဖြင့် လက်နက်ခဲယမ်းနှင့် မော်တော်ယာဉ် အပါအဝင် သိန်းရာချီ ဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်

ဆားလင်းကြီးမြို့နယ်ရှိ ပိုင်းတောင်ကြီးနှင့် ကျောက်မှော်ကျေးရွာများကို မီးရှို့ပြီးနောက် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ညောင်ပင်ကြီး – ဆားလင်းကြီး လမ်းပေါ်အရောက် ပြည်သူ့ကာကွယ်ရေး အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရန် ပြင်ဆင်နေချိန်တွင် စစ်ကြောင်းက ၂ ဖက်ပိတ် တိုက်ခိုက်ခြင်းကြောင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်

သေမင်းတမန် ပြောက်ကျားတပ်ဖွဲ့ဝင် တဦးက “စစ်ကြောင်းတကြောင်းက သုံးဆယ်လောက်ပါတယ်။ အဲဒီသုံးဆယ်လောက် စစ်ကြောင်းက ရှေ့ကနေ ပိတ်ထားတာ။ နောက်ဖက်ကနေ လက်နက်ကြီးနဲ့ ပစ်တဲ့ အဖွဲ့လည်း ရှိတယ်။ ရှေ့ရော နောက်ရော ညှပ်ထားတဲ့ သဘောပေါ့။ ကျနော်တို့ ပြန်ဆုတ်လာတဲ့ လမ်းကြောင်းက မှန်လို့ အထိ အခိုက်မရှိခဲ့တာ။ ကျနော်တို့ကို ရှစ်လက်လောက်နဲ့ လမ်းပေါ်ထွက်ပစ်သေးတာ။ ကားကို ဘေးဆွဲချပြီး ဆင်းပြေးခဲ့ ရတာပေါ့ ဝါးတစ်ပြန် ကျော်ကျော်ပဲဝေးတော့မယ်” ဟု ပြောသည်

ဇန်နဝါရီ ၁၂ တွင် ပိုင်းတောင့်ကြီးနှင့် ကျောက်မှော်ရွာ၊ ဇန်နဝါရီ ၁၃ ရက်နေ့တွင် ဖောင်းကထာရွာနှင့် ကျောက်ဖြူတောင်ရွာတို့ကို အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိသည့် စစ်ကောင်စီတပ်က စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့သည်

မိုင်းဆွဲတိုက်ခိုက်ရန် ပြင်ဆင်မှုတွင် ပါဝင်ခဲ့သည့် သေမင်းတမန်ပြောက်ကြားအဖွဲ့ ( Salingyi ) ၊ ရွှေညီကိုပြောက်ကြားအဖွဲ့( Salingyi ) နှင့် Salingyi Revolution Army မဟာမိတ်ပူးပေါင်း ၃ ဖွဲ့ပေါင်းမှ မော်တော်ယာဉ် ၃ စီး၊ ဆိုင်ကယ် ၁ စီး၊ လက်လုပ်ရှော့ဂန်းများ၊ မိုင်း၊ တဖက်ပွင့် ရှော့တိုက်ပြောင်းများ၊ ၆၀ မမ၊ ၁၆၀ မမ၊ ၄၀ မမ ဗုန်းသီးပစ် လက်နက်အပြင် မိုင်းနှင့် ဆက်စပ်ပစ္စည်းများ စုစုပေါင်း သိန်း ၁၅၀ ကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်

သေမင်းတမန် ပြောက်ကျားတပ်ဖွဲ့ဝင် တဦးက “အစထဲက မောင်းပြန်မရှိဘဲ လက်လုပ်တွေနဲ့ တိုက်ပွဲဝင်နေရတဲ့ အဖွဲ့ပါဗျ။ တကယ်လို့ မောင်းပြန် ၃၊၄ လက်ပါရင် Battle ကောင်းကောင်းဆိုင်လို့ရပေမယ့် အခုလိုဖြစ်သွားတော့ ကျနော်တို့ အများကြီး ဆုံးရှုံးခဲ့ရတာပေါ့ လက်နက်ကလဲ မရှိတဲ့ကြားက ပါသွားတာဆိုတော့ အခုချိန်မှာ ကျနော်တို့ ဘာမှ မရှိတော့သလိုဖြစ်သွားတာပေါ့” ဟု ဆိုသည်

ထိုသို့ သိမ်းဆည်းရသော ကားများကို ယင်းနေရာတွင်ပင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့ကြောင်းနှင့် အဆိုပါ ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦးခြေထောက်ကျည်ထိမှန် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်

 

Leave a Reply

Your email address will not be published. Required fields are marked *