အဖြစ်ဆိုးလိုက်တာ ကလေးရယ်… 😢
သာကေတ ၁၀ တောင်၊ ၁၃ ရပ်ကွက် ခရေလမ်း၊ သံလျင်တံတားအိမ်ရာဝင်းမှာခြံသံပန်းတံခါးပိ၍ အသက် (၆) နှစ်အရွယ် သားငယ်လေး မောင်ကောင်းထက်ကျော် အသက်ဆုံးရှူံးခဲ့ရ💔
ဝိတ်လေးသည့် သံပန်းတံခါးဟာ အောက်ခြေဘီးတွေက သေးသည့်အပြင် ပြုလုပ်စဉ်ကတည်းက အထိန်းအကွပ်မပါကြောင်းလည်း သိရပါတယ်
ကလေးငယ်အပေါ် လှဲ၍ပိကျသွားတဲ့အချိန် အတော်နာကျင်ခံစားရမှာပါ၊ မှုခင်းလာစစ်တမ်းယူတော့ လူအုပ်နဲ့ဝိုင်းပြီး သံပန်းတံခါးကို မ,ယူကြရတဲ့ အဖြစ်မျိုးပါ။
သံပန်းတပ်ဆင်သူတွေအနေနဲ့ Safety First အရင်ဦးစားပေးဖို့ လိုပါတယ်။ အခုတော့ မဖြစ်သင့်ဘဲ ကလေးငယ်ရဲ့ အသက် ဆုံးရှူံးလိုက်ကြရပြီ၊
တာဝန်ယူမှု တာဝန်ခံမှုမရှိဘူးလို့လည်း သိရတယ်၊ မိဘတွေတော့ ရင်ကွဲမတတ်ဖြစ်ကြမှာပဲ😢
ကလေးငယ်၏ဦးလေးဖြစ်သူ ရေးသည့်စာ-
အခုတော့ စောက်သုံးမကျတဲ့ သံပန်းလုပ်သူ တွေရယ် အလုပ်တခုလုပ်ရင် ဆရာကျအောင်လုပ်ပါကွာ၊ မူခင်းစစ်လာတော့ ဒီတံခါးကို လူ ( ၇ ) ယောက်မရတယ
အခု ငါ့တူ အသက်တချောင်း ပါသွားပြီ၊ အခုဝိုင်းပြထားတဲ့ နေရာမှာ ပုံမှန်ဆို အထိန်း နှစ်ခုက ပါကိုပါရတယ်
အခုတော့ကွာ သူဘယ်လောက်တောင် နာကျင်ရမလဲ။တူလေးရယ်😭
သားလေး ကောင်းရာဘုံဘဝရောက်ပါစေ
Leave a Reply
Your email address will not be published. Required fields are marked *