NUG ၊ CRPH ႏွင့္ PDFတပ္မ်ားကို မႏိုင္ေတာ့ဟု အဓိပၸာယ္သက္ေရာက္သည့္ အေျခအေနမ်ားကို စစ္ေကာင္စီ၏ လွ်ိဳ႕ဝွက္အစည္းအေဝးတြင္ ေဆြးေႏြး

အေမရိကန္၏ Burma Act ၊ ကုလလုံၿခဳံေရးေကာင္စီ၏ ဆုံးျဖတ္ခ်က္၊ တ ႐ုတ္-အာဆီယံ၊ G-7၊ G-20 မ်ား၏ ဖိအားေၾကာင့္ ပိုမိုခက္ခဲလာႏိုင္ဟု ဗိုလ္ ခ်ဳပ္ ခြန္သန႔္ေဇာ္ထူး ေျပာ

ရန္ကုန္၊ ဇန္နဝါရီ ၁၄

အေမရိကန္၏ Burma Act ၊ ကုလလုံၿခဳံေရးေကာင္စီ ၏ ဆုံး ျဖတ္ခ်က္၊ တ ႐ုတ္-အာဆီယံ၏ ဖိအား၊ G-7၊ G-20 မ်ား၏ ဖိအားမ်ားေၾကာင့္ စစ္ေကာင္စီအတြက္ ပိုမိုခက္ခဲလာႏိုင္ၿပီး အၾကမ္းဖက္မႈမ်ား ျမင့္မားလာႏိုင္ေၾကာင္း ျပည္ထဲ ေရးဝန္ႀကီး စိုးထြဋ္ဦးေဆာင္ေသာ လွ်ိဳ႕ ဝွက္ အစည္းအေဝးတြင္ ေဆြးေႏြးေၾကာင္း သိရွိရသည္

ေနျပည္ေတာ္၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ အရိႏၷာခန္းမတြင္ ဒီဇင္ဘာလ ၂၃ ရက္ေန႔ က်င္းပခဲ့သည့္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဗဟိုအဖြဲ႕ အစည္း အေဝး အမွတ္ ၁ / ၂၀၂၂ တြင္ ထိုသို႔ ေဆြးေႏြးၾကျခင္းျဖစ္ေၾကာင္း သိရွိရသည္

ယင္းအစည္းအေဝးတြင္ ျပည္ထဲေရးဝန္ႀကီး စိုးထြဋ္ ဦးေဆာင္ ေဆြးေႏြးၿပီး ျပည္နယ္/တိုင္း ရဲခ်ဳပ္မ်ား၊ ဌာနဆိုင္ရာ စုစုေပါင္း ၅၅ ဦး တက္ေရာက္ခဲ့ၾကသည္

ယင္းအစည္းအေဝးတြင္ နယ္စပ္ေရးရာဒုဝန္ႀကီး ဗိုလ္ခ်ဳပ္ခြန္သန႔္ေဇာ္ထူးက လက္ရွိအေျခအေနမ်ားကို ၾကည့္လွ်င္ G-7 ၊ G-20 အစည္းအေဝးမ်ားမွ ထြက္လာသည့္ ရလဒ္မ်ား၊ တ႐ုတ္-အာဆီယံမွ ထြက္လာသည္ံ ရလဒ္မ်ားအရ ျမန္မာႏိုင္ငံတြင္ အၾကမ္းဖက္မႈမ်ား ျမင့္မားလာႏိုင္သည္ဟု သုံးသပ္ေၾကာင္း၊

အေမရိကန္ႏိုင္ငံက အတည္ျပဳလိုက္သည့္ Burma Act ၊ ကုလသမဂၢက ေတာင္းဆိုေနမႈ၊ အာဆီယံ၏ ဖိအားမ်ားေၾကာင့္ ပိုမိုခက္ခဲလာႏိုင္ေၾကာင္း ၎က ဆိုသည္

ဗိုလ္ခ်ဳပ္ ခြန္သန႔္ေဇာ္ထူးက လက္ရွိ PDF ၊NUG တို႔ႏွင့္ ဆက္စပ္ေနမႈမ်ား၊ အၾကမ္း ဖက္မႈမ်ားႏွင့္ ဆက္စပ္မႈမ်ားကို အေရးယူၿပီးေနာက္ လြတ္ ၿငိမ္းခ်မ္းသာခြင့္ မရွိေစရဟု ဆိုေသာ ဥပေဒျပ႒န္းျခင္းမ်ိဳး ျပဳလုပ္ႏိုင္ပါက အတိုင္း အတာ တစ္ခုအထိ ထိန္းသိမ္းႏိုင္မည္ဟု သုံးသပ္ေၾကာင္း အပါအဝင္ အႀကံျပဳခ်က္ ၄ ခ်က္ တင္ျပခဲ့ေၾကာင္း သိရွိရသည္

အဆိုပါအစည္းအေဝးတြင္ ေဆြးေႏြးခ်က္မ်ားကို ရန္ကုန္ေခတ္သစ္က ရရွိထားၿပီး ယင္းအစည္းအေဝး ေဆြးေႏြးမႈမ်ားတြင္ စစ္တပ္က ယခုထက္ပိုေသာ ဖိႏွိပ္မႈမ်ားကို ပို၍ အရွိန္ျမႇင့္ရန္ စဥ္းစားလုပ္ေဆာင္မည့္ အခ်က္မ်ားစြာ ပါဝင္ေနသည္ကို ေတြ႕ရွိရသည္

ဓာတ္ပုံ- နယ္စပ္ေရးရာဒုဝန္ႀကီး ဗိုလ္ခ်ဳပ္ခြန္သန႔္ေဇာ္ထူး

NUG ၊ CRPH နှင့် PDFတပ်များကို မနိုင်တော့ဟု အဓိပ္ပာယ်သက်ရောက်သည့် အခြေအနေများကို စစ်ကောင်စီ၏ လျှို့ဝှက်အစည်းအဝေးတွင် ဆွေးနွေး

အမေရိကန်၏ Burma Act ၊ ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်၊ တ ရုတ်-အာဆီယံ၊ G-7၊ G-20 များ၏ ဖိအားကြောင့် ပိုမိုခက်ခဲလာနိုင်ဟု ဗိုလ် ချုပ် ခွန်သန့်ဇော်ထူး ပြော

ရန်ကုန်၊ ဇန်နဝါရီ ၁၄

အမေရိကန်၏ Burma Act ၊ ကုလလုံခြုံရေးကောင်စီ ၏ ဆုံး ဖြတ်ချက်၊ တ ရုတ်-အာဆီယံ၏ ဖိအား၊ G-7၊ G-20 များ၏ ဖိအားများကြောင့် စစ်ကောင်စီအတွက် ပိုမိုခက်ခဲလာနိုင်ပြီး အကြမ်းဖက်မှုများ မြင့်မားလာနိုင်ကြောင်း ပြည်ထဲ ရေးဝန်ကြီး စိုးထွဋ်ဦးဆောင်သော လျှို့ ဝှက် အစည်းအဝေးတွင် ဆွေးနွေးကြောင်း သိရှိရသည်

နေပြည်တော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အရိန္နာခန်းမတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ ကျင်းပခဲ့သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ အစည်း အဝေး အမှတ် ၁ / ၂၀၂၂ တွင် ထိုသို့ ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရှိရသည်

ယင်းအစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီး စိုးထွဋ် ဦးဆောင် ဆွေးနွေးပြီး ပြည်နယ်/တိုင်း ရဲချုပ်များ၊ ဌာနဆိုင်ရာ စုစုပေါင်း ၅၅ ဦး တက်ရောက်ခဲ့ကြသည်

ယင်းအစည်းအဝေးတွင် နယ်စပ်ရေးရာဒုဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးက လက်ရှိအခြေအနေများကို ကြည့်လျှင် G-7 ၊ G-20 အစည်းအဝေးများမှ ထွက်လာသည့် ရလဒ်များ၊ တရုတ်-အာဆီယံမှ ထွက်လာသည်ံ ရလဒ်များအရ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ မြင့်မားလာနိုင်သည်ဟု သုံးသပ်ကြောင်း၊

အမေရိကန်နိုင်ငံက အတည်ပြုလိုက်သည့် Burma Act ၊ ကုလသမဂ္ဂက တောင်းဆိုနေမှု၊ အာဆီယံ၏ ဖိအားများကြောင့် ပိုမိုခက်ခဲလာနိုင်ကြောင်း ၎င်းက ဆိုသည်

ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးက လက်ရှိ PDF ၊NUG တို့နှင့် ဆက်စပ်နေမှုများ၊ အကြမ်း ဖက်မှုများနှင့် ဆက်စပ်မှုများကို အရေးယူပြီးနောက် လွတ် ငြိမ်းချမ်းသာခွင့် မရှိစေရဟု ဆိုသော ဥပဒေပြဋ္ဌန်းခြင်းမျိုး ပြုလုပ်နိုင်ပါက အတိုင်း အတာ တစ်ခုအထိ ထိန်းသိမ်းနိုင်မည်ဟု သုံးသပ်ကြောင်း အပါအဝင် အကြံပြုချက် ၄ ချက် တင်ပြခဲ့ကြောင်း သိရှိရသည်

အဆိုပါအစည်းအဝေးတွင် ဆွေးနွေးချက်များကို ရန်ကုန်ခေတ်သစ်က ရရှိထားပြီး ယင်းအစည်းအဝေး ဆွေးနွေးမှုများတွင် စစ်တပ်က ယခုထက်ပိုသော ဖိနှိပ်မှုများကို ပို၍ အရှိန်မြှင့်ရန် စဉ်းစားလုပ်ဆောင်မည့် အချက်များစွာ ပါဝင်နေသည်ကို တွေ့ရှိရသည်

ဓာတ်ပုံ- နယ်စပ်ရေးရာဒုဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး

 

Leave a Reply

Your email address will not be published. Required fields are marked *