









လာမယ့် မိုးရာသီမှာ ရွာသွန်းမြဲထက် ၂ ဆပိုမိုရွာသွန်းနိုင်တဲ့ ဒေသများအတွက် ၆ လကြိုတင် မိုးလေဝသ ခန့်မှန်းချက်များ

လာမယ့် မိုးရာသီမှာ ရွာသွန်းမြဲထက် ၂ ဆပိုမိုရွာသွန်းနိုင်တဲ့ ဒေသများအတွက် မိုးလေဝသ စုစုစံရဲ့ ၆ လကြိုတင် မိုးလေဝသ ခန့်မှန်းချက်များကို စုစည်းဖော်ပြပေးလိုက်ပါတယ်

၂၀၂၃ မေလ ဇွန်လတွေမှာ နေပြည်တော်နှင့် ပဲခူးတိုင်းအရှေ့ပိုင်း တောင်ငူခရိုင် ညောင်လေးပင်ခရိုင် ပဲခူးခရိုင်ဒေသတွေမှာ မုတ်သုန်မိုးတွေရွာပါမယ်။

အထူးသဖြင့် ဇွန်လမှာ ပဲခူးတိုင်းအရှေ့ပိုင်းဒေသအားလုံး မိုးစပါးစိုက်ပျိုးရေအလုံအလောက်ရရှိမှာဖြစ်တဲ့အပြင် ဇူလိုင်လတွင်ရွာသွန်းမြဲထက် ၂ဆပိုမိုရွာသွန်းနိုင်သဖြင့် လယ်ယာမြေများရေလျှံနိုင်ပါတယ်

၆ လကြို ခန့်မှန်းချက် မိုး
၂၀၂၃ ဇူလိုင်လတွင် မုတ်သုန်လေတိုးမြှင့်လေဖိအားနည်လေဝဲများ ရခိုင်ကမ်းရိုးတန်းအနီးမှာ ၂ ကြိမ်မှ၃ကြိမ်အထိဖြစ်ပေါ်နိုင်ပြီး

ဧရာဝတီတိုင်း ပုသိမ် သာပေါင်း ကျောင်းကုန်း ရေကြည် အသုတ် ကျုံပျော် အိုင်သပြု မြို့ကွင်း လေးမျက်နှာ ဘန်ဘွေးကုန်း ဘက်ရဲ ဂွ ကျိန္တလိ ငပလီ တောင်ဂုတ် ဒေသများတွင် ရွာသွန်းမြဲထက် ၂ဆ ကျော် ပိုမိုရွာသွန်းနိုင်သဖြင့် အဆိုပါဒေသတွေမှာရေကြီးရေလျှံခြင်းကို သတိပြုရမည့်ကာလပဲဖြစ်ပါတယ်

၂၀၂၃ ဇွန်လနှင့်ဇူလိုင်လတွေမှာ တနင်္သာရီကမ်းရိုးတန်းနှင့် မုတ္တမပင်လယ်ကွေအတွင်း Monsoon Low Pressure cell များ အကြိမ်ကြိမ်စုဖွဲနိုင်ပြီး တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်ကရင်ပြည်နယ် ဒေသတွေမှာ ရွာသွန်းမြဲထက် ၃ ဆပိုမိုရွာသွန်းနိုင်သဖြင့် မိုးကြီးရေလျှံ ခြင်း တောင်ပြိုခြင်း ရေကြီးနစ်မြုပ်မှုတွေကိုအထူးသတိပြုရပါမယ်

၂၀၂၃ ဇွန်လတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းကို လေဖိအားနည်းလေဝဲတစ်ခုဝင်ရောက်နိုင်ပြီးရခိုင်ပြည်နယ်၊ မကွေးတိုင်းအနောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်းဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်ပါတယ်

ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတောင်ပိုင်းဒေသတွေမှာ ၂၀၂၃ မေလနောက်ဆုံးပတ်မှာ မုတ်သုန်လေလွှမ်းခြုံရောက်ရှိလာနိုင်ပြီး မိုးရွာစေမှာဖြစ်သလို ဇွန်လ ဇူလိုင်လတွေမှာလည်း မိုးဆက်တိုက်ရွာသွန်းမှာဖြစ်လို့ မိုးစပါးစိုက်သူတွေအတွက် မင်္ဂလာသတင်းကောင်း

လေးဖြစ်စေမှာဖြစ်ပါတယ် ဆိုပြီး ကြိုတင်ခန့်မှန်းထုတ်ပြန်ပေးထားတာဖြစ်ပါတယ်

 

Leave a Reply

Your email address will not be published. Required fields are marked *