” လုံၿခဳံေရးေကာင္စီကေန ျမန္မာစစ္အာဏာရွင္ေတြကို ICC တင္ဖို႔ ေတာင္းဆိုလိုက္တဲ့ လူ႔အခြင့္အေရးအဖြဲ႕ ”
ျမန္မာစစ္တပ္က တိုက္ေလယာဥ္ေတြဟာ အိႏၵိယေလပိုင္နက္ကို က်ဴးလြန္ၿပီး ျမန္မာ-အိႏၵိယနယ္စပ္က ဗစ္တိုးရီးယားစခန္းကို တိုက္ခိုက္ခဲ့ပါတယ္ ။ ဒါဟာ ႏိုင္ငံတကာ ဥပေဒ ခ်ိဳးေဖာက္တာျဖစ္တဲ့အတြက္ အိႏၵိယေလပိုင္နက္ကို ျမန္မာစစ္တပ္က တိုက္ေလယာဥ္ေတြ ဝင္ခြင့္မေပးဖို႔အတြက္ ႏိုင္ငံတကာ လူ႔အခြင့္အေရးအဖြဲ႕က ေတာင္းဆိုထားပါတယ္

ၿပီးခဲ့တဲ့ အဂၤါေန႔နဲ႔ ဗုဒၶဟူးေန႔ေတြမွာ ျမန္မာ-အိႏၵိယနယ္စပ္မွာ ျမန္မာစစ္တပ္က တိုက္ေလယာဥ္ေတြက ဗုံးက်ဲခဲ့ပါတယ္ ။ ခ်င္းတိုင္းရင္းသား လက္နက္ကိုင္ ၅ ဦး ေသဆုံးခဲ့ပါတယ္ ။ ဒါ့အျပင္ အရပ္သားေတြေနတဲ့ အိမ္ေတြနဲ႔ ဘုရားေက်ာင္းေတြေပၚကိုလည္း ဗုံးက်ဲခဲ့ပါတယ္

အိႏၵိယႏိုင္ငံက မီဇိုရမ္ျပည္နယ္နဲ႔ နယ္နိမိတ္ခ်င္းထိေနတဲ့ ခ်င္းအမ်ိဳးသားတပ္ဦး ဌာနခ်ဳပ္ျဖစ္တဲ့ ဗစ္တိုးရီးယားစခန္းနဲ႔ အနီးအနားက အိမ္ေတြအေပၚကို ဗုံးက်ဲတိုက္ခိုက္ခဲ့တာပါ ေဆး႐ုံသုံး အေထာက္အကူျပဳ ဂိုေဒါင္လည္း ေပါက္ကြဲ ပ်က္စီးသြားပါတယ္

ႏိုင္ငံတကာ လူ႔အခြင့္အေရး အဖြဲ႕တစ္ခုျဖစ္တဲ့ Fortify Rights အဖြဲ႕က ” အိႏၵိယအေနနဲ႔ မိမိေလပိုင္နက္ကို အသုံးခ်ၿပီး အရပ္သားေတြကို အၾကမ္းဖက္ေနတာေတြကို အေရးယူေပးဖို႔ တာဝန္ရွိပါတယ္ “လို႔ Fortify Rights အဖြဲ႕ရဲ႕ အမႈ႕ေဆာင္အရာရွိခ်ဳပ္ Matthew Smith က ေျပာၾကားထားပါတယ္

မီဇိုရမ္ျပည္နယ္ Champhai ခ႐ိုင္က Farkawn ႐ြာအနီးမွာလည္း ျမန္မာစစ္တိုက္ေလယာဥ္ေတြက ဗုံး ၂ လုံး က်ဲခ်ခဲ့ပါတယ္ ။ အိႏၵိယအစိုးရဟာ ဒီကိစၥနဲ႔ပတ္သက္ၿပီး ဘာမွ ေျပာမထားေသးပါဘူး ။ အိႏၵိယဟာ သူတို႔ရဲ႕ ေလပိုင္နက္ကို အသုံးခ်ၿပီး ႏွစ္ႏိုင္ငံနယ္နိမိတ္ထိေနတဲ့ ေဒသေတြကို ၿခိမ္းေျခာက္ေနတဲ့ ျမန္မာစစ္တပ္ကို အေရးယူႏွိမ္နင္းဖို႔ ကူညီအားေပးဖို႔လိုပါတယ္

မီဇိုရမ္ျပည္နယ္ဟာ အာဏာသိမ္းခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလကစၿပီး ခ်င္းဒုကၡသည္ သုံးေသာင္းေက်ာ္ကို လက္ခံထားပါတယ္ ။ တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔လည္း ျမန္မာစစ္တပ္က က်ဴးလြန္ေနတဲ့ ရာဇဝတ္မႈ႕ေတြကို ခါးစည္းခံေနရတဲ့အတြက္ ကုလသမဂၢ လုံၿခဳံေရးေကာင္စီအေနနဲ႔ ကိုင္တြယ္ေျဖရွင္းသင့္ေနပါၿပီ

၂၀၂၂ခုႏွစ္ ဒီဇင္ဘာလ ၂၁ ရက္ေန႔က ကုလသမဂၢ လုံၿခဳံေရးေကာင္စီဟာ ျမန္မာႏိုင္ငံဆိုင္ရာ သမိုင္းဝင္ ဆုံးျဖတ္ခ်က္ကို ခ်မွတ္ထားပါတယ္ ။ ဒါဟာ ျမန္မာႏိုင္ငံ လြတ္လပ္ေရး ရၿပီးကတည္းက ပထမဆုံး အသိေပးလိုက္တဲ့ ဆုံးျဖတ္ခ်က္ပါ ။ လုံၿခဳံေရးေကာင္စီဟာ ဆုံးျဖတ္ခ်က္ကို အတည္ျပဳၿပီးတဲ့ေနာက္ ၊ ျမန္မာစစ္တပ္က စစ္အာဏာရွင္ေတြကို ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံး ( ICC ) ကို လႊဲေျပာင္းေပးဖို႔လိုပါတယ္

ဒါကေတာ့ အိႏၵိယေလပိုင္နက္ထဲကို က်ဴးေက်ာ္ဝင္ေရာက္ၿပီး ခ်င္းျပည္နယ္က ဗစ္တိုးရီးယားစခန္းကို တိုက္ခိုက္ခံရအၿပီးမွာ ႏိုင္ငံတကာ လူ႔အခြင့္အေရးအဖြဲ တစ္ခုျဖစ္တဲ့ Fortify Rights အဖြဲ႕ႀကီးက ကမာၻႀကီးကို ေတာင္းဆိုလိုက္တာပါ

သုံးသပ္ရရင္ေတာ့ …….၊အိႏၵိယေလပိုင္နက္ကို က်ဴးေက်ာ္ဝင္ေရာက္ၿပီး ျမန္မာစစ္တပ္က တိုက္ေလယာဥ္ေတြက ဗစ္တိုးရီးယားစခန္းကို ဝင္တိုက္ပါတယ္ ။ ဗစ္တိုးရီးယားစခန္းနဲ႔ အိႏၵိယပိုင္နက္ထဲက မီဇိုရမ္ျပည္နယ္က နယ္ခ်င္းထိေနပါတယ္ ။ ဒီေတာ့ ျမန္မာစစ္တပ္က တိုက္ေလယာဥ္ေတြဟာ ဗစ္တိုးရီးယားစခန္းကို တိုက္ခိုက္ရင္း မီဇိုရမ္ျပည္နယ္ထဲက ႐ြာတစ္႐ြာကိုပါ ဗုံးက်ဲခ်ခဲ့ပါတယ္ ။ ဒါကို အိႏၵိယ အစိုးရက အသံတိတ္ေနတဲ့အတြက္ လူ႔အခြင့္အေရးအဖြဲ က ကုလသမဂၢကို အသိေပး ေတာင္းဆိုလိုက္တာပါ

ကြၽန္ေတာ္ ေျပာခဲ့ဘူးသလိုပါပဲ ။ စစ္အာဏာ အျမစ္ႏုတ္တဲ့အခါမွာ လက္နက္ကိုင္ေတာ္လွန္ေရးေၾကာင့္ ကမာၻက အာ႐ုံစိုက္ခံရပါတယ္ ။ လူငယ္ေတြလည္း အသက္ေတြ ေပးဆပ္ေနရပါတယ္ ။ ႐ြာလုံးကြၽတ္ မီးရႈိ႕ခံေနရတာေတြလည္း ရွိပါတယ္ ။ သို႔ေပမဲ့ လက္နက္ကိုင္ေတာ္လွန္ေရးဟာ စစ္အာဏာကို ခုခံတြန္းလွန္ႏိုင္႐ုံပါပဲ

အျမစ္မႏုတ္ႏိုင္ပါဘူး ဘာ့ေၾကာင့္လဲဆိုေတာ့ စစ္ေရးမွာ အာဏာရွင္အတြက္ လူအားနဲ႔လက္နက္အား ပံ့ပိုးေပးမဲ့ ႏိုင္ငံႀကီး ၂ ႏိုင္ငံရွိပါတယ္ ။ ဒါ့ေၾကာင့္လည္းပဲ ႏိုင္ငံတကာအသိုင္းအဝိုင္းဟာ စစ္ေရးထိပ္တိုက္ေတြ႕မႈ႕ကို ေရွာင္ရွားၿပီး ဥပေဒနည္းလမ္းနဲ႔ ႏိုင္ငံတကာခုံ႐ုံးတင္ႏိုင္ဖို႔ ႀကိဴးစားေနပါတယ္

ႏိုင္ငံတကာအသိုင္းအဝိုင္းက ေခ်ာင္ပိတ္ဖမ္းေတာ့မယ့္ အေျခအေနေတြဟာ တစ္ျဖည္းျဖည္း ႐ုပ္လုံးေပၚလာေနပါၿပီ ။ လြန္ခဲ့တဲ့လက ကုလသမဂၢ လုံၿခဳံေရးေကာင္စီကေန သမိုင္းဝင္ ဗီတိုမသုံးတဲ့ ဆုံးျဖတ္ခ်က္ကို ခ်မွတ္ႏိုင္ခဲ့ပါတယ္ ။ ဒီေန႔မွာေတာ့ လူ႔အခြင့္အေရးအဖြဲ႕တစ္ခုျဖစ္တဲ့ Fortify Rights အဖြဲ႕က လုံၿခဳံေရးေကာင္စီအေနနဲ႔ ရာဇဝတ္မႈ႕ေတြ က်ဴးလြန္ေနတဲ့ ျမန္မာစစ္အာဏာရွင္ေတြကို ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံး ( ICC ) ကို တင္ဖို႔အထိ ေတာင္းဆိုလာခဲ့ပါတယ္

သိတဲ့အတိုင္းပါပဲ ။ ကုလသမဂၢ အဖြဲ႕အစည္းအသီးသီးနဲ႔ လူ႔အခြင့္အေရးအဖြဲ႕ေတြဆိုတာ လက္ဝါးခ်င္း႐ိုက္ထားတဲ့ ဇာတ္တိုက္ထားၿပီးသား အဖြဲ႕ေတြပါ ။ သက္ေသရွိလို႔ လုပ္ရတယ္ဆိုတဲ့ သေဘာပါ ။ ဒီေတာ့ ႏိုင္ငံတကာရဲ႕ ကစားကြက္ဟာ စစ္ေရးထက္ ဥပေဒနည္းလမ္းအတိုင္း အေရးယူလိမ့္မယ္လို႔ ယူဆရပါတယ္

လြန္ခဲ့တဲ့ ၂ ရက္ကလည္း အာဏာသိမ္းေခါင္းေဆာင္နဲ႔မိသားစုဝင္ေတြဟာ မူးယစ္ေဆးဝါး ( ဘိန္းေမွာင္ခိုအမႈ႕ ) မွာ ပါဝင္ပတ္သက္ေနတယ္လို႔ ကုလသမဂၢရဲ႕ PassBlue သတင္းဌာနနဲ႔ ႏိုင္ငံတကာသတင္းေတြက ေဖာ္ျပထားပါတယ္ ။ အင္ဒိုနီးရွားနဲ႔ တြမ္အင္ဒ႐ူးကလည္း ျမန္မာ့အေရးကို ဒီႏွစ္အတြင္းမွာ ပြဲျပတ္ေစရမယ္လို႔ ေႂကြးေၾကာ္ထားပါတယ္

အားလုံးကို ၿခဳံငုံသုံးသပ္ရရင္ …၊

ကမာၻ႔ဖလား ေဘာလုံးပြဲမွာ ႏိုင္ငံကိုယ္စားျပဳ ကစားသမားေတြဟာ ၿပိဳင္ဘက္အသင္းက ကစားသမားေတြနဲ႔ ၿပိဳင္ပြဲအတြင္းမွာ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ၾကေပမဲ့ ၊ ကစားၿပီးတဲ့အခါ ႏွစ္ဘက္ကစားသမားအခ်ိဳ႕က ငယ္ေပါင္းႀကီးေဖာ္ေတြလို ဖက္ယမ္းႏုတ္ဆက္ၾကပါတယ္ ဘာ့ေၾကာင့္လဲဆိုေတာ့ သူတို႔ဟာ ကလပ္အသင္းေတြမွာ တစ္သင္းတည္းကစားေနတဲ့ အသင္းေဖာ္ေတြ ျဖစ္ေနလို႔ပါ

ဒီလိုပါပဲ ။ ျမန္မာ့အေရးကို အေျဖရွာေနတဲ့ ႏိုင္ငံတကာ အဖြဲ႕အစည္းေတြဟာ အသင္းေဖာ္ေတြဆိုေတာ့ စစ္အာဏာရွင္ေတြကို ႏိုင္ငံတကာခုံ႐ုံးတင္ဖို႔ ဇာတ္တိုက္ထားၾကၿပီလို႔ပဲ သုံးသပ္ခ်င္ပါတယ္

ဘႀကီးေအာင္ LA

” လုံခြုံရေးကောင်စီကနေ မြန်မာစစ်အာဏာရှင်တွေကို ICC တင်ဖို့ တောင်းဆိုလိုက်တဲ့ လူ့အခွင့်အရေးအဖွဲ့ ”
မြန်မာစစ်တပ်က တိုက်လေယာဉ်တွေဟာ အိန္ဒိယလေပိုင်နက်ကို ကျူးလွန်ပြီး မြန်မာ-အိန္ဒိယနယ်စပ်က ဗစ်တိုးရီးယားစခန်းကို တိုက်ခိုက်ခဲ့ပါတယ် ။ ဒါဟာ နိုင်ငံတကာ ဥပဒေ ချိုးဖောက်တာဖြစ်တဲ့အတွက် အိန္ဒိယလေပိုင်နက်ကို မြန်မာစစ်တပ်က တိုက်လေယာဉ်တွေ ဝင်ခွင့်မပေးဖို့အတွက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုထားပါတယ်

ပြီးခဲ့တဲ့ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာ မြန်မာ-အိန္ဒိယနယ်စပ်မှာ မြန်မာစစ်တပ်က တိုက်လေယာဉ်တွေက ဗုံးကျဲခဲ့ပါတယ် ။ ချင်းတိုင်းရင်းသား လက်နက်ကိုင် ၅ ဦး သေဆုံးခဲ့ပါတယ် ။ ဒါ့အပြင် အရပ်သားတွေနေတဲ့ အိမ်တွေနဲ့ ဘုရားကျောင်းတွေပေါ်ကိုလည်း ဗုံးကျဲခဲ့ပါတယ်

အိန္ဒိယနိုင်ငံက မီဇိုရမ်ပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိနေတဲ့ ချင်းအမျိုးသားတပ်ဦး ဌာနချုပ်ဖြစ်တဲ့ ဗစ်တိုးရီးယားစခန်းနဲ့ အနီးအနားက အိမ်တွေအပေါ်ကို ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ ဆေးရုံသုံး အထောက်အကူပြု ဂိုဒေါင်လည်း ပေါက်ကွဲ ပျက်စီးသွားပါတယ်

နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights အဖွဲ့က ” အိန္ဒိယအနေနဲ့ မိမိလေပိုင်နက်ကို အသုံးချပြီး အရပ်သားတွေကို အကြမ်းဖက်နေတာတွေကို အရေးယူပေးဖို့ တာဝန်ရှိပါတယ် “လို့ Fortify Rights အဖွဲ့ရဲ့ အမှု့ဆောင်အရာရှိချုပ် Matthew Smith က ပြောကြားထားပါတယ်

မီဇိုရမ်ပြည်နယ် Champhai ခရိုင်က Farkawn ရွာအနီးမှာလည်း မြန်မာစစ်တိုက်လေယာဉ်တွေက ဗုံး ၂ လုံး ကျဲချခဲ့ပါတယ် ။ အိန္ဒိယအစိုးရဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ပြောမထားသေးပါဘူး ။ အိန္ဒိယဟာ သူတို့ရဲ့ လေပိုင်နက်ကို အသုံးချပြီး နှစ်နိုင်ငံနယ်နိမိတ်ထိနေတဲ့ ဒေသတွေကို ခြိမ်းခြောက်နေတဲ့ မြန်မာစစ်တပ်ကို အရေးယူနှိမ်နင်းဖို့ ကူညီအားပေးဖို့လိုပါတယ်

မီဇိုရမ်ပြည်နယ်ဟာ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး ချင်းဒုက္ခသည် သုံးသောင်းကျော်ကို လက်ခံထားပါတယ် ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့လည်း မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ ရာဇဝတ်မှု့တွေကို ခါးစည်းခံနေရတဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ကိုင်တွယ်ဖြေရှင်းသင့်နေပါပြီ

၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံဆိုင်ရာ သမိုင်းဝင် ဆုံးဖြတ်ချက်ကို ချမှတ်ထားပါတယ် ။ ဒါဟာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးကတည်းက ပထမဆုံး အသိပေးလိုက်တဲ့ ဆုံးဖြတ်ချက်ပါ ။ လုံခြုံရေးကောင်စီဟာ ဆုံးဖြတ်ချက်ကို အတည်ပြုပြီးတဲ့နောက် ၊ မြန်မာစစ်တပ်က စစ်အာဏာရှင်တွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ( ICC ) ကို လွှဲပြောင်းပေးဖို့လိုပါတယ်

ဒါကတော့ အိန္ဒိယလေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်ပြီး ချင်းပြည်နယ်က ဗစ်တိုးရီးယားစခန်းကို တိုက်ခိုက်ခံရအပြီးမှာ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ တစ်ခုဖြစ်တဲ့ Fortify Rights အဖွဲ့ကြီးက ကမ္ဘာကြီးကို တောင်းဆိုလိုက်တာပါ

သုံးသပ်ရရင်တော့ …….၊အိန္ဒိယလေပိုင်နက်ကို ကျူးကျော်ဝင်ရောက်ပြီး မြန်မာစစ်တပ်က တိုက်လေယာဉ်တွေက ဗစ်တိုးရီးယားစခန်းကို ဝင်တိုက်ပါတယ် ။ ဗစ်တိုးရီးယားစခန်းနဲ့ အိန္ဒိယပိုင်နက်ထဲက မီဇိုရမ်ပြည်နယ်က နယ်ချင်းထိနေပါတယ် ။ ဒီတော့ မြန်မာစစ်တပ်က တိုက်လေယာဉ်တွေဟာ ဗစ်တိုးရီးယားစခန်းကို တိုက်ခိုက်ရင်း မီဇိုရမ်ပြည်နယ်ထဲက ရွာတစ်ရွာကိုပါ ဗုံးကျဲချခဲ့ပါတယ် ။ ဒါကို အိန္ဒိယ အစိုးရက အသံတိတ်နေတဲ့အတွက် လူ့အခွင့်အရေးအဖွဲ က ကုလသမဂ္ဂကို အသိပေး တောင်းဆိုလိုက်တာပါ

ကျွန်တော် ပြောခဲ့ဘူးသလိုပါပဲ ။ စစ်အာဏာ အမြစ်နုတ်တဲ့အခါမှာ လက်နက်ကိုင်တော်လှန်ရေးကြောင့် ကမ္ဘာက အာရုံစိုက်ခံရပါတယ် ။ လူငယ်တွေလည်း အသက်တွေ ပေးဆပ်နေရပါတယ် ။ ရွာလုံးကျွတ် မီးရှို့ခံနေရတာတွေလည်း ရှိပါတယ် ။ သို့ပေမဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ စစ်အာဏာကို ခုခံတွန်းလှန်နိုင်ရုံပါပဲ

အမြစ်မနုတ်နိုင်ပါဘူး ဘာ့ကြောင့်လဲဆိုတော့ စစ်ရေးမှာ အာဏာရှင်အတွက် လူအားနဲ့လက်နက်အား ပံ့ပိုးပေးမဲ့ နိုင်ငံကြီး ၂ နိုင်ငံရှိပါတယ် ။ ဒါ့ကြောင့်လည်းပဲ နိုင်ငံတကာအသိုင်းအဝိုင်းဟာ စစ်ရေးထိပ်တိုက်တွေ့မှု့ကို ရှောင်ရှားပြီး ဥပဒေနည်းလမ်းနဲ့ နိုင်ငံတကာခုံရုံးတင်နိုင်ဖို့ ကြိူးစားနေပါတယ်

နိုင်ငံတကာအသိုင်းအဝိုင်းက ချောင်ပိတ်ဖမ်းတော့မယ့် အခြေအနေတွေဟာ တစ်ဖြည်းဖြည်း ရုပ်လုံးပေါ်လာနေပါပြီ ။ လွန်ခဲ့တဲ့လက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ သမိုင်းဝင် ဗီတိုမသုံးတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့ပါတယ် ။ ဒီနေ့မှာတော့ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights အဖွဲ့က လုံခြုံရေးကောင်စီအနေနဲ့ ရာဇဝတ်မှု့တွေ ကျူးလွန်နေတဲ့ မြန်မာစစ်အာဏာရှင်တွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ( ICC ) ကို တင်ဖို့အထိ တောင်းဆိုလာခဲ့ပါတယ်

သိတဲ့အတိုင်းပါပဲ ။ ကုလသမဂ္ဂ အဖွဲ့အစည်းအသီးသီးနဲ့ လူ့အခွင့်အရေးအဖွဲ့တွေဆိုတာ လက်ဝါးချင်းရိုက်ထားတဲ့ ဇာတ်တိုက်ထားပြီးသား အဖွဲ့တွေပါ ။ သက်သေရှိလို့ လုပ်ရတယ်ဆိုတဲ့ သဘောပါ ။ ဒီတော့ နိုင်ငံတကာရဲ့ ကစားကွက်ဟာ စစ်ရေးထက် ဥပဒေနည်းလမ်းအတိုင်း အရေးယူလိမ့်မယ်လို့ ယူဆရပါတယ်

လွန်ခဲ့တဲ့ ၂ ရက်ကလည်း အာဏာသိမ်းခေါင်းဆောင်နဲ့မိသားစုဝင်တွေဟာ မူးယစ်ဆေးဝါး ( ဘိန်းမှောင်ခိုအမှု့ ) မှာ ပါဝင်ပတ်သက်နေတယ်လို့ ကုလသမဂ္ဂရဲ့ PassBlue သတင်းဌာနနဲ့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ် ။ အင်ဒိုနီးရှားနဲ့ တွမ်အင်ဒရူးကလည်း မြန်မာ့အရေးကို ဒီနှစ်အတွင်းမှာ ပွဲပြတ်စေရမယ်လို့ ကြွေးကြော်ထားပါတယ်

အားလုံးကို ခြုံငုံသုံးသပ်ရရင် …၊

ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ နိုင်ငံကိုယ်စားပြု ကစားသမားတွေဟာ ပြိုင်ဘက်အသင်းက ကစားသမားတွေနဲ့ ပြိုင်ပွဲအတွင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကြပေမဲ့ ၊ ကစားပြီးတဲ့အခါ နှစ်ဘက်ကစားသမားအချို့က ငယ်ပေါင်းကြီးဖော်တွေလို ဖက်ယမ်းနုတ်ဆက်ကြပါတယ် ဘာ့ကြောင့်လဲဆိုတော့ သူတို့ဟာ ကလပ်အသင်းတွေမှာ တစ်သင်းတည်းကစားနေတဲ့ အသင်းဖော်တွေ ဖြစ်နေလို့ပါ

ဒီလိုပါပဲ ။ မြန်မာ့အရေးကို အဖြေရှာနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ အသင်းဖော်တွေဆိုတော့ စစ်အာဏာရှင်တွေကို နိုင်ငံတကာခုံရုံးတင်ဖို့ ဇာတ်တိုက်ထားကြပြီလို့ပဲ သုံးသပ်ချင်ပါတယ်

ဘကြီးအောင် LA

 

Leave a Reply

Your email address will not be published. Required fields are marked *