ေ႐ႊဘို-ေက်ာက္ေျမာင္းလမ္းတြင္ စစ္ကားကို မိုင္းဆြဲတိုက္ခိုက္မႈေၾကာင့္ စစ္သား ၁ ဦး မိုင္းထိမွန္ ေသဆုံးၿပီး အေလာင္းက်န္ရစ္ (႐ုပ္/သံ)

ရန္ကုန္၊ ဇန္နဝါရီလ ၁၃

စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုၿမိဳ႕နယ္၊ ေ႐ႊဘို-ေက်ာက္ေျမာင္းလမ္းတြင္ စစ္ကား ၂ စီးကို PDF က မိုင္းဆြဲတိုက္ခိုက္ရာတြင္ စစ္သားတစ္ဦး မိုင္းထိမွန္၍ ကားေပၚမွ လြင့္ စင္ျပဳတ္က် ေသဆုံးေနသည့္ ႐ုပ္အေလာင္းက်န္ရစ္ခဲ့ေၾကာင္း Burma Rangers အဖြဲ႕မွ သတင္းႏွင့္ျပန္ၾကားေရး တာဝန္ခံ ဗိုလ္ေအဓီက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာၾကားသည္

ဇန္နဝါရီလ ၁၁ ရက္ ညေန ၄ နာရီခန႔္က ေရွ႕တန္းမွျပန္လာေသာ အၾကမ္းဖက္စစ္သားမ်ားလိုက္ပါလာ သည့္ ၁၂ ဘီးကားႏွစ္စီးကို ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားမွ မိုင္းဆြဲၿပီးတိုက္ခိုက္ခဲ့ရာ အၾကမ္းဖက္ စစ္တပ္မွ တပ္ၾကပ္ႀကီး အဆင့္ရွိသူ ၃ ဦးအပါအဝင္ ၂၀ ဦးထက္မနည္းေသဆုံးကာ တပ္သားတစ္ဦး ကားေပၚမွ လြင့္စင္ျပဳတ္က်ၿပီး ေသဆုံးေနခဲ့ေၾကာင္း သိရွိရသည္

“မိုင္းက ေအာက္ကေန ပင့္ၿပီး ခြဲလိုက္ေတာ့ ကားေပၚကေန ေျမာက္တက္သြားၿပီး က်ေနရစ္ခဲ့တာ၊ ကားကေတာ့ သစ္ပင္ဝင္တိုက္ၿပီး ရပ္သြားတယ္၊

ကားပိုင္ရွင္က ေ႐ႊဘိုက ပ်ဴေစာထီး ေဘာက္ဆာ ေက်ာ္ႏိုင္ဆိုတဲ့သူရဲ႕ကားပါ” ဟု Burma Rangers အဖြဲ႕မွ သတင္းႏွင့္ျပန္ၾကား‌ေရး တာဝန္ခံ ဗိုလ္ေအဓီ က ရန္ကုန္ေခတ္သစ္ သတင္းဌာနထံသို႔ ေျပာဆိုသည္

အဆိုပါတိုက္ခိုက္မႈကို Burma Rangers (Shwe Bo)၊ Who Am I –Army ၊ Black Wolf – Army ၊ Gd Hands တပ္ဖြဲ႕၊ ေဒါင္းနီးတပ္ဖြဲ႕၊

ေ႐ႊဘိုခ႐ိုင္ အမွတ္ ၅ တပ္ရင္းတို႔ပူးေပါင္းကာတိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ကားေပၚပါ စစ္အသုံး အေဆာင္ ပစၥည္းမ်ားကို သိမ္းယူကာ ကားကို မီးရႈိ႕ဖ်က္ဆီးလိုက္ေၾကာင္း သိရသည္

ရွှေဘို-ကျောက်မြောင်းလမ်းတွင် စစ်ကားကို မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၁ ဦး မိုင်းထိမှန် သေဆုံးပြီး အလောင်းကျန်ရစ် (ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီလ ၁၃

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းလမ်းတွင် စစ်ကား ၂ စီးကို PDF က မိုင်းဆွဲတိုက်ခိုက်ရာတွင် စစ်သားတစ်ဦး မိုင်းထိမှန်၍ ကားပေါ်မှ လွင့် စင်ပြုတ်ကျ သေဆုံးနေသည့် ရုပ်အလောင်းကျန်ရစ်ခဲ့ကြောင်း Burma Rangers အဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်အေဓီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်

ဇန်နဝါရီလ ၁၁ ရက် ညနေ ၄ နာရီခန့်က ရှေ့တန်းမှပြန်လာသော အကြမ်းဖက်စစ်သားများလိုက်ပါလာ သည့် ၁၂ ဘီးကားနှစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲပြီးတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်မှ တပ်ကြပ်ကြီး အဆင့်ရှိသူ ၃ ဦးအပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးကာ တပ်သားတစ်ဦး ကားပေါ်မှ လွင့်စင်ပြုတ်ကျပြီး သေဆုံးနေခဲ့ကြောင်း သိရှိရသည်

“မိုင်းက အောက်ကနေ ပင့်ပြီး ခွဲလိုက်တော့ ကားပေါ်ကနေ မြောက်တက်သွားပြီး ကျနေရစ်ခဲ့တာ၊ ကားကတော့ သစ်ပင်ဝင်တိုက်ပြီး ရပ်သွားတယ်၊

ကားပိုင်ရှင်က ရွှေဘိုက ပျူစောထီး ဘောက်ဆာ ကျော်နိုင်ဆိုတဲ့သူရဲ့ကားပါ” ဟု Burma Rangers အဖွဲ့မှ သတင်းနှင့်ပြန်ကြား‌ရေး တာဝန်ခံ ဗိုလ်အေဓီ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်

အဆိုပါတိုက်ခိုက်မှုကို Burma Rangers (Shwe Bo)၊ Who Am I –Army ၊ Black Wolf – Army ၊ Gd Hands တပ်ဖွဲ့၊ ဒေါင်းနီးတပ်ဖွဲ့၊

ရွှေဘိုခရိုင် အမှတ် ၅ တပ်ရင်းတို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကားပေါ်ပါ စစ်အသုံး အဆောင် ပစ္စည်းများကို သိမ်းယူကာ ကားကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်

ရုပ်သံကြည့်ရန်👇👇

Leave a Reply

Your email address will not be published. Required fields are marked *