မုံ႐ြာၿမိဳ႕ေပၚတြင္ ေ႐ြးေကာက္ပြဲက်င္းပရန္ သန္းေခါင္စာရင္းစိစစ္ေနမႈမ်ားႏွင့္ ၿမိဳ႕လယ္ေခါင္ စစ္တပ္ဂိတ္မ်ားကို ေပ်ာက္က်ားနည္းျဖင့္ ပစ္ခတ္တိုက္ခိုက္ (႐ုပ္/သံ)

ရန္ကုန္၊ ဇန္နဝါရီ ၁၃

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕ေပၚတြင္ စစ္ေကာင္စီတပ္မ်ားက ေ႐ြးေကာက္ပြဲက်င္းပရန္ သန္းေခါင္စာရင္းစိစစ္ေနမႈမ်ားကို ေပ်ာက္က်ားနည္းျဖင့္ ယေန႔ တိုက္ခိုက္ေၾကာင္း Monywa People Defense Force ၊ Special Regional Attacks Force (Monywa)မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္

စစ္ကိုင္းတိုင္းေဒသႀကီး မုံ႐ြာၿမိဳ႕နယ္ အမ်ားေခၚ ေဒါနၿခံ ရပ္ကြက္ သာစည္ မီး ပြိဳင့္ ေနရာတြင္ အမ်ားျပည္သူလုထုေထာက္ခံမႈမရွိေသာ ေ႐ြးေကာက္ပြဲအားက်င္းပႏိုင္ရန္ အေလာတႀကီး ႀကိဳးစားပမ္းစား ေဆာင္႐ြက္ေနေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားက ျပည္သူလူထုအား အိမ္ေထာင္စု စာရင္းလိုက္လံစစ္ေနမႈမ်ာကို

မုံ႐ြာ အထူးေဒသ တိုက္ခိုက္ေရးအဖြဲ႕ မွ ေပ်ာက္ၾကားနည္းစနစ္ျဖင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့ေၾကာင္း၊ ထို႔ျပင္ မုံ႐ြာၿမိဳ႕လယ္ေခါင္ စစ္ တပ္က ကင္းပုန္းခ်ထားေသာ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္အဝိုင္းပတ္၊ေက်ာကၠာလမ္းမီးပြိဳင့္ရွိ စစ္တပ္ဂိတ္မ်ားကို လမ္းႀကဳံပစ္ခတ္ခဲ့ေၾကာင္း သိရွိရသည္

“စစ္ေခြးေတြ အထိအခိုက္ ရွိလားဆိုတာက က်ေနာ္တို႔ဘက္ကေတာ့ အတိအက်ေတာ့ မသိရဘူး ဒါေပမယ့္ က်ေနာ္တို႔ ျပန္ၾကားရတာက ပစ္ခတ္မႈထဲမွာ စစ္ေခြးတစ္ေကာင္ကေတာ့ လဲသြားတယ္ ျပည္သူထဲက သတင္းေပးတာေပါ့။ Scout ေတြဆီက တက္လာတာက စစ္ေခြး ၂ ေကာင္က်တယ္လို႔ ၾကားရတယ္

တရားမဝင္ ေ႐ြးေကာက္ပြဲလုပ္ဖို႔ စာရင္းေတြ လိုက္ေကာက္ေနတာကို ၂ ႀကိမ္ ေလာက္ေတာ့ ခြင့္လႊတ္ေပးထားေသးတယ္။ ဒီေန႔က်ေတာ့ ၃ ႀကိမ္ေလာက္ လူဦးေရ စာရင္းေကာက္ေတာ့ သူတို႔ရဲ႕ ငရဲခန္း စစ္ေၾကာေရး ေနရာ ၿမိဳ႕ေတာ္ခန္းမ ၊ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ အဲဒီနားအထိ လုပ္ျပလို႔ရတယ္ဆိုတာျပတယ္

က်ေနာ္တို႔ မလုပ္ခ်င္လို႔ မလုပ္တာ။ ျပည္သူေတြကို ငဲ့ညႇာလို႔ မလုပ္တာ” ဟု Monywa People Defense Force ၊ Special Regional Attacks Force (Monywa)မွ တာဝန္ရွိသူက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္

မုံရွာမြို့ပေါ်တွင် ရွေးကောက်ပွဲကျင်းပရန် သန်းခေါင်စာရင်းစိစစ်နေမှုများနှင့် မြို့လယ်ခေါင် စစ်တပ်ဂိတ်များကို ပျောက်ကျားနည်းဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ရန်ကုန်၊ ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် စစ်ကောင်စီတပ်များက ရွေးကောက်ပွဲကျင်းပရန် သန်းခေါင်စာရင်းစိစစ်နေမှုများကို ပျောက်ကျားနည်းဖြင့် ယနေ့ တိုက်ခိုက်ကြောင်း Monywa People Defense Force ၊ Special Regional Attacks Force (Monywa)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် အများခေါ် ဒေါနခြံ ရပ်ကွက် သာစည် မီး ပွိုင့် နေရာတွင် အများပြည်သူလုထုထောက်ခံမှုမရှိသော ရွေးကောက်ပွဲအားကျင်းပနိုင်ရန် အလောတကြီး ကြိုးစားပမ်းစား ဆောင်ရွက်နေသော အကြမ်းဖက်စစ်ကောင်စီတပ်များက ပြည်သူလူထုအား အိမ်ထောင်စု စာရင်းလိုက်လံစစ်နေမှုမျာကို

မုံရွာ အထူးဒေသ တိုက်ခိုက်ရေးအဖွဲ့ မှ ပျောက်ကြားနည်းစနစ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် မုံရွာမြို့လယ်ခေါင် စစ် တပ်က ကင်းပုန်းချထားသော ဗိုလ်ချုပ်ကြေးရုပ်အဝိုင်းပတ်၊ကျောက္ကာလမ်းမီးပွိုင့်ရှိ စစ်တပ်ဂိတ်များကို လမ်းကြုံပစ်ခတ်ခဲ့ကြောင်း သိရှိရသည်

“စစ်ခွေးတွေ အထိအခိုက် ရှိလားဆိုတာက ကျနော်တို့ဘက်ကတော့ အတိအကျတော့ မသိရဘူး ဒါပေမယ့် ကျနော်တို့ ပြန်ကြားရတာက ပစ်ခတ်မှုထဲမှာ စစ်ခွေးတစ်ကောင်ကတော့ လဲသွားတယ် ပြည်သူထဲက သတင်းပေးတာပေါ့။ Scout တွေဆီက တက်လာတာက စစ်ခွေး ၂ ကောင်ကျတယ်လို့ ကြားရတယ်

တရားမဝင် ရွေးကောက်ပွဲလုပ်ဖို့ စာရင်းတွေ လိုက်ကောက်နေတာကို ၂ ကြိမ် လောက်တော့ ခွင့်လွှတ်ပေးထားသေးတယ်။ ဒီနေ့ကျတော့ ၃ ကြိမ်လောက် လူဦးရေ စာရင်းကောက်တော့ သူတို့ရဲ့ ငရဲခန်း စစ်ကြောရေး နေရာ မြို့တော်ခန်းမ ၊ ဗိုလ်ချုပ်ကြေးရုပ် အဲဒီနားအထိ လုပ်ပြလို့ရတယ်ဆိုတာပြတယ်

ကျနော်တို့ မလုပ်ချင်လို့ မလုပ်တာ။ ပြည်သူတွေကို ငဲ့ညှာလို့ မလုပ်တာ” ဟု Monywa People Defense Force ၊ Special Regional Attacks Force (Monywa)မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်

Leave a Reply

Your email address will not be published. Required fields are marked *