အလင္းသခင္(ခ) မယ္သခင္ ကို PDF ေထာက္ပံ့သည့္ သက္ ေသမခိုင္လုံဘဲ စစ္ေကာင္စီက အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ ၁၀ ႏွစ္ခ်၊ “နီးစပ္ရာ တလရ ကိုလႈပါ” ဆိုသည့္ Facebook ပို႔စ္တင္ၿပီးေနာက္ ဖမ္းဆီးခံခဲ့ရ
ရန္ကုန္၊ ဇန္နဝါရီ ၁၃
ရွမ္းျပည္နယ္၊ မူဆယ္ၿမိဳ႕တြင္ အြန္လိုင္းဆယ္လီ အလင္းသခင္ကို PDF ေထာက္ ပံ့ သ ည့္ သက္ေသမခိုင္လုံဘဲ စစ္ေကာင္စီတရား႐ုံးက အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ ၁၀ ႏွစ္ခ်မွတ္လိုက္ေၾကာင္း မိသားစုဝင္တစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ေျပာဆိုသည္
၂၀၂၂ ခုႏွစ္ ေအာက္တိုဘာလတြင္ အြန္လိုင္းဆယ္လီ အလင္းသခင္က “နီးစပ္ရာ တလရ ကိုလႈပါ” ဆိုသည့္ Facebook ပို႔စ္တင္ခဲ့ၿပီးေနာက္ စစ္တပ္က လာေရာက္ ဖမ္းဆီးသြားခဲ့ေၾကာင္း၊
ယင္းေနာက္ အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၀ (ည) ျဖင့္ တရားစြဲခဲ့ၿပီးေနာက္ ယေန႔တြင္ အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ ၁၀ ႏွစ္ခ်မွတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရွိရသည္
“NUG /CRPH ၊ မူဆယ္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ PSDA၊ CDM ဝန္ထမ္းေတြကို ေထာက္ပံ့ လႈဒါန္းတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ အၾကမ္းဖ်က္ ဥပေဒ ၅၀(ည) အရဆိုၿပီး အလုပ္နဲ႔ေထာင္ဒဏ္ ၁၀ႏွစ္ ကို မူဆယ္ခ႐ိုင္ တရား႐ုံးက ဒီေန႔ အမိန႔္ခ်တယ္
လားရႈိးေထာင္ပို႔မယ္လို႔ေတာ့ေျပာတယ္။ ဖမ္းသြားတာ မႏွစ္ ေအာက္တိုဘာ ၄ ရက္ေန႔ကတည္းက။ မူဆယ္ အိမ္မွာ အရပ္ဝတ္နဲ႔ လက္နက္ကိုင္ ရဲ၊ စစ္သား ၁၅ေလာက္လာဖမ္းသြားတာ။ ၾကားထဲမွာ အမႈရင္ ဆိုင္တာ ၃ လ ေလာက္ၾကာသြားတယ္
“နီးစပ္ရာ တလရ ကိုလႈပါ”ဆိုတဲ့ ပို႔စ္ရယ္၊ Light King အမည္နဲ႔ လႈထားတဲ့ဂုဏ္ျပဳလက္မွတ္ကို ဖုန္းထဲမွာ ေတြ႕တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ အမိန႔္ခ်လိုက္တာပါ
သက္ေသ ခိုင္ခိုင္လုံလုံဘာမွ မျပႏိုင္ဘဲ ခ်လိုက္တာ ၃ လ လုံးလုံး မူဆယ္ အခ်ဳပ္မွာပဲေနရတယ္” ဟု မိသားစုဝင္တစ္ဦးက ေျပာဆိုသည္
အလင်းသခင်(ခ) မယ်သခင် ကို PDF ထောက်ပံ့သည့် သက် သေမခိုင်လုံဘဲ စစ်ကောင်စီက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ချ၊ “နီးစပ်ရာ တလရ ကိုလှုပါ” ဆိုသည့် Facebook ပို့စ်တင်ပြီးနောက် ဖမ်းဆီးခံခဲ့ရ
ရန်ကုန်၊ ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် အွန်လိုင်းဆယ်လီ အလင်းသခင်ကို PDF ထောက် ပံ့ သ ည့် သက်သေမခိုင်လုံဘဲ စစ်ကောင်စီတရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း မိသားစုဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်
၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် အွန်လိုင်းဆယ်လီ အလင်းသခင်က “နီးစပ်ရာ တလရ ကိုလှုပါ” ဆိုသည့် Facebook ပို့စ်တင်ခဲ့ပြီးနောက် စစ်တပ်က လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း၊
ယင်းနောက် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲခဲ့ပြီးနောက် ယနေ့တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်
“NUG /CRPH ၊ မူဆယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ PSDA၊ CDM ဝန်ထမ်းတွေကို ထောက်ပံ့ လှုဒါန်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အကြမ်းဖျက် ဥပဒေ ၅၀(ည) အရဆိုပြီး အလုပ်နဲ့ထောင်ဒဏ် ၁၀နှစ် ကို မူဆယ်ခရိုင် တရားရုံးက ဒီနေ့ အမိန့်ချတယ်
လားရှိုးထောင်ပို့မယ်လို့တော့ပြောတယ်။ ဖမ်းသွားတာ မနှစ် အောက်တိုဘာ ၄ ရက်နေ့ကတည်းက။ မူဆယ် အိမ်မှာ အရပ်ဝတ်နဲ့ လက်နက်ကိုင် ရဲ၊ စစ်သား ၁၅လောက်လာဖမ်းသွားတာ။ ကြားထဲမှာ အမှုရင် ဆိုင်တာ ၃ လ လောက်ကြာသွားတယ်
“နီးစပ်ရာ တလရ ကိုလှုပါ”ဆိုတဲ့ ပို့စ်ရယ်၊ Light King အမည်နဲ့ လှုထားတဲ့ဂုဏ်ပြုလက်မှတ်ကို ဖုန်းထဲမှာ တွေ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမိန့်ချလိုက်တာပါ
သက်သေ ခိုင်ခိုင်လုံလုံဘာမှ မပြနိုင်ဘဲ ချလိုက်တာ ၃ လ လုံးလုံး မူဆယ် အချုပ်မှာပဲနေရတယ်” ဟု မိသားစုဝင်တစ်ဦးက ပြောဆိုသည်