ရန္ကုန္ Grand Royal အရက္စက္႐ုံ မီးေလာင္ေနမႈ

ရန္ကုန္၊ ဇန္နဝါရီ ၁၃

နာမည္ေက်ာ္ျပည္တြင္းအရက္လုပ္ငန္းျဖစ္ေသာ Grand Royal အရက္ခ်က္စက္႐ုံ မီးေလာင္လ်က္ရွိ ေၾကာင္း ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕က သတင္းထုတ္ျပန္သည္

ဇန္နဝါရီ ၁၃ ရက္ မြန္းလြဲ ၃ နာရီခြဲတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ေမွာ္ဘီၿမိဳ႕နယ္၊ လိပ္ပုတ္ေက်း႐ြာအုပ္စု၊ အမွတ္(၄)လမ္းမႀကီးရွိ အရက္ခ်က္စက္႐ုံမွာ မီးေလာင္ခဲ့သျဖင့္ ေမွာ္ဘီမီးသတ္စခန္းမွ ကနဦးၿငိမ္းသတ္ခဲ့သည္

ယခုသတင္းပို႔ခ်ိန္အထိ မီးေလာင္ေနဆဲျဖစ္ၿပီး ဒဏ္ရာရသူမ်ားရွိသညိဟု ကနဦးသတင္းရသည္

မီးေလာင္မႈမွာ Grand Royal အရက္ခ်က္စက္႐ုံရွိ အေဆာင္တစ္ခုမွ စတင္ေလာင္ကြၽမ္းခဲ့ၿပီး အရက္မ်ားထားရွိရာသို႔ မီးထပ္မံကူးစက္ခဲ့ျခင္းဟု အနီးတြင္ ေနထိုင္သူအခ်ိဳ႕က ေျပာသည္

လတ္တေလာတြင္ မီးေလာင္မႈကို ၿငိမ္းသတ္ေနသည့္ ပရဟတိအဖြဲ႕ဝင္အခ်ိဳ႕ ထိခိုက္ဒဏ္ရာ ရရွိမႈမ်ား ရွိေနသည္ဟု သိရၿပီး ဆက္လက္စုံစမ္းလ်က္ရွိသည္

“အခု ၅ နာရီေလာက္အထိကို ၿငိမ္းေနၾကတုန္းပဲ။ ထိခိုက္ဒဏ္ရာရတာေတြရွိတယ္ေျပာတယ္။ စက္႐ုံေဘးနားက အိမ္ေတြကေတာ့ အကုန္ေျပးရတယ္။ မီးကေတာ့ ေလာင္တာ အရွိန္အဟုန္ေကာင္းေကာင္းနဲ႔ကို ေလာင္ေနတာ

မီးသတ္ ကားေတြက အမ်ားႀကီးပဲ လာေနၾကတာ” ဟု လိတ္ပုတ္ေက်း႐ြာသားတစ္ဦးက ဆိုသည္

Grand Royal အရက္စက္႐ုံသည္ Grand Royal Group International Co,.Ltd. (GRGI) ကုမၸဏီက ပိုင္ဆိုင္ၿပီး ကုမၸဏီပိုင္ရွင္မွာ ဦးေအာင္မိုးေက်ာ္ျဖစ္သည္

ရန်ကုန် Grand Royal အရက်စက်ရုံ မီးလောင်နေမှု

ရန်ကုန်၊ ဇန်နဝါရီ ၁၃

နာမည်ကျော်ပြည်တွင်းအရက်လုပ်ငန်းဖြစ်သော Grand Royal အရက်ချက်စက်ရုံ မီးလောင်လျက်ရှိ ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်

ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာအုပ်စု၊ အမှတ်(၄)လမ်းမကြီးရှိ အရက်ချက်စက်ရုံမှာ မီးလောင်ခဲ့သဖြင့် မှော်ဘီမီးသတ်စခန်းမှ ကနဦးငြိမ်းသတ်ခဲ့သည်

ယခုသတင်းပို့ချိန်အထိ မီးလောင်နေဆဲဖြစ်ပြီး ဒဏ်ရာရသူများရှိသညိဟု ကနဦးသတင်းရသည်

မီးလောင်မှုမှာ Grand Royal အရက်ချက်စက်ရုံရှိ အဆောင်တစ်ခုမှ စတင်လောင်ကျွမ်းခဲ့ပြီး အရက်များထားရှိရာသို့ မီးထပ်မံကူးစက်ခဲ့ခြင်းဟု အနီးတွင် နေထိုင်သူအချို့က ပြောသည်

လတ်တလောတွင် မီးလောင်မှုကို ငြိမ်းသတ်နေသည့် ပရဟတိအဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိနေသည်ဟု သိရပြီး ဆက်လက်စုံစမ်းလျက်ရှိသည်

“အခု ၅ နာရီလောက်အထိကို ငြိမ်းနေကြတုန်းပဲ။ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်ပြောတယ်။ စက်ရုံဘေးနားက အိမ်တွေကတော့ အကုန်ပြေးရတယ်။ မီးကတော့ လောင်တာ အရှိန်အဟုန်ကောင်းကောင်းနဲ့ကို လောင်နေတာ

မီးသတ် ကားတွေက အများကြီးပဲ လာနေကြတာ” ဟု လိတ်ပုတ်ကျေးရွာသားတစ်ဦးက ဆိုသည်

Grand Royal အရက်စက်ရုံသည် Grand Royal Group International Co,.Ltd. (GRGI) ကုမ္ပဏီက ပိုင်ဆိုင်ပြီး ကုမ္ပဏီပိုင်ရှင်မှာ ဦးအောင်မိုးကျော်ဖြစ်သည်

Leave a Reply

Your email address will not be published. Required fields are marked *