တိုက္ပြဲျဖစ္တဲ့ေန႔က ေနျပည္ေတာ္မွာ ေဂါက္႐ိုက္ေနတဲ့ စစ္တိုင္းမႉး ျမတ္သက္ဦးက ၾကာအင္းဆိပ္ႀကီးတပ္ရင္း ၃ ခုကို ပိုက္ဆံနဲ႔စားစရာေပးၿပီးစည္း႐ုံးေရးျပန္ဆင္း

ဟိန္းစံ/ဧရာဝတီတိုင္းမ္

ဇန္နဝါရီလ ၁၃ ရက္

စစ္ေကာင္စီတပ္ အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္ (ရတခ)တိုင္းမႉး ဗိုလ္ခ်ဳပ္ ျမတ္သက္ဦးက ၾကာအင္းဆိပ္ႀကီးတပ္နယ္ မွာရွိတဲ့ တပ္ရင္းေတြနဲ႔ေတြ႕ဆုံၿပီး ပိုက္ဆံနဲ႔ စားစရာေတြေထာက္ပံ့ေပးခဲ့တယ္လို႔ စစ္ တပ္ေထာက္ခံတဲ့ လူမႈကြန္ယက္ေတြမွာ ဇန္နဝါရီလ ၁၀ ရက္ေန႔က ဝါဒျဖန႔္ေဖာ္ျပလာပါတယ္

ၾကာအင္းဆိပ္ႀကီးအေျခစိုက္ တပ္ရင္း ၃ ခုျဖစ္တဲ့ ခလရ ၂၈၃ ၊ ခလရ ၂၈၄၊ ခလရ ၃၂ စတဲ့ေနာက္ တန္း တပ္ရင္းေတြကို ကရင္ေတာ္လွန္ေရးပူးေပါင္းစစ္ေၾကာင္းေတြက ဇန္နဝါရီလ ၄ ရက္ေန႔မနက္ပိုင္းက ဝင္ေရာက္ တိုက္ခိုက္ခဲ့လို႔ ခလရ ၂၈၄ တပ္ရင္း မႉး ဗိုလ္မႉး မင္းေမာင္ေမာင္ဟိန္း၊ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြရဲ႕မိန္းမေတြ အပါအဝင္ စစ္ေကာင္စီတပ္ဘက္က ထိခိုက္ေသဆုံးမႈမ်ားျပားခဲ့တာပါ

တိုက္ခိုက္ခံခဲ့ရတဲ့ စစ္ေကာင္စီတပ္ရင္းေတြကို စစ္တိုင္း မႉး ဗိုလ္ခ်ဳပ္ ျမတ္သက္ဦးက ဇန္နဝါရီလ ၁၀ ရက္ေန႔က ပိုက္ဆံနဲ႔စားစရာေပးၿပီး လာေရာက္ေတြ႕ ဆုံစည္း႐ုံးေရးဆင္းခဲ့ေသာ္လည္း တိုက္ပြဲျဖစ္ပြားခဲ့တဲ့ ဇန္နဝါရီလ ၄ ရက္(လြတ္လပ္ေရးေန႔) က သူ႔လက္ေအာက္ တပ္ရင္းမႉးအပါအဝင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြ ထိခိုက္ေသဆုံးမ်ားေနတာ သိေပမယ့္လည္း ေနျပည္ေတာ္မွာ ေဂါက္႐ိုက္မျပတ္ခဲ့ဘူးလို႔ တပ္သတင္းရင္းျမစ္တစ္ဦးကေျပာပါတယ္

”တိုက္ပြဲျဖစ္တဲ့လြတ္လပ္ေရးေန႔မတိုင္ခင္ တရက္ထဲက ေနျပည္ေတာ္မွာဗိုလ္ရႈသဘင္တက္ဖို႔နဲ႔ စစ္ေခါင္း ေဆာင္ေတြခ်ည္းေဂါက္ၿပိဳင္ပြဲလုပ္တာရွိတယ္၊ အဲ့ဒီအတြက္ေနျပည္ေတာ္ေရာက္ေနတာ။ ျဖစ္တဲ့ေန႔မွာ မနက္ပိုင္း ဗိုလ္ရႈပြဲၿပီးလို႔ ညေနပိုင္း သူတို႔ (စစ္ေခါင္း ေဆာင္)ေတြ ေဂါက္႐ိုက္ၿပိဳင္ပြဲမွာ ေဂါက္႐ိုက္ေနၾကတာ

မနက္ပိုင္းက ေအာက္မွာ (ၾကာအင္းဆိပ္ႀကီး) တိုက္ပြဲျဖစ္လို႔အက်အဆုံးမ်ားေနတယ္ဆိုတာလည္း သူတို႔(စစ္ေခါင္းေဆာင္ေတြ)အကုန္သိတယ္။ေအးေဆးဘဲ ေဂါက္႐ိုက္မျပတ္ဘူး” လို႔ ရတခနဲ႔နီး စပ္တဲ့တပ္သတင္းရင္းျမစ္တစ္ဦးကဧရာဝတီတိုင္း မ္ကို ေျပာပါတယ္

စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြ ေရွ႕တန္းစစ္ခန္းေတြမွာ ထိခိုက္ေသဆုံးမ်ားျပားမႈတာေတြ ေနာက္တန္းတပ္ ရင္းေတြ တိုက္ခိုက္ခံရလို႔ ထိခိုက္ေသဆုံးမႈမ်ားျပားတာေတြမ်ိဳးမွာ လက္ရွိက်န္ေနတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြနဲ႔ သူတို႔ရဲ႕မိန္းမေတြ စိတ္မပ်က္ေစဖို႔ အနိမ့္ဆုံးတိုင္းမႉးအဆင့္ေလာက္က ပိုက္ဆံနဲ႔စားေသာက္ဖြယ္ရာေလး ေတြေထာက္ပံ့ၿပီး လာေရာက္ႏွစ္သိမ့္တာဟာ စစ္ေကာင္စီတပ္ရဲ႕ ထုံးစံတစ္ခုလိုျဖစ္တယ္လို႔ CDM တပ္မေတာ္ သားအရာရွိတစ္ဦးကေျပာပါတယ္

”ဒါေတြကသူတို႔လုပ္ေနက်အကြက္ေတြဘဲ။ ေရွ႕ တန္း မွာ ဒီတပ္ရင္းေတြက ထိခိုက္ေသဆုံးမ်ားၿပီဆိုရင္ အနိမ့္ဆုံး အဲ့ဒီတပ္ကိုကြပ္ကဲတဲ့ သက္ဆိုင္ရာ Area Commander (စစ္တိုင္းမႉး)ကိုလႊတ္ၿပီး ပိုက္ဆံေလး၊ ေခါက္ဆြဲေျခာက္ထုပ္ေလးနဲ႔ ဒီလိုဘဲႏွစ္သိမ့္တာေပါ့။ အခုလည္းအဲ့ဒီလိုဘဲ ၾကာအင္းဆိပ္ႀကီးတပ္ရင္း ၃ ခု တိုက္ခိုက္ခံရတာမွာ တပ္ရင္းမႉးပါက်တဲ့အဆင့္ဆိုေတာ့ သူ(တိုင္းမႉး)မ်က္ႏွာေလးလာျပၿပီး ႏွစ္သိမ့္တာေပါ့

ေနာက္တစ္ခုက ျဖစ္တဲ့ေန႔မွာ ေအာက္မွာျဖစ္ခ်င္ရာျဖစ္ ေသလည္းေအယက္ကလူေသေပါ့၊ သူတို႔ကေတာ့အအိပ္အစားမပ်က္ဘူး၊ေနၿမဲဘဲ

ၿပီးကာမွသြားႏွစ္သိမ့္လိုက္မယ္ဆိုတာမ်ိဳး၊ မႏွစ္သိမ့္ရင္လည္းအဲ့ၾကာအင္းတပ္ရင္းေတြကအကုန္ေျပးေတာ့မွာသူတို႔(စစ္ေခါင္း ေဆာင္)ေတြသိတယ္။ ဦး ၅ (စည္း႐ုံးေရး)ျပန္ဝင္တာ” လို႔ လြတ္ေျမာက္နယ္ေျမေရာက္ CDM တပ္မေတာ္သားအရာရွိတစ္ဦးကေျပာပါတယ္

ၾကာအင္းဆိပ္ႀကီးအေျခစိုက္ ေနာက္တန္းတပ္ရင္း ၃ ခု တိုက္ခိုက္ခံခဲ့ရတဲ့တိုက္ပြဲမွာ ခလရ ၂၈၄ တပ္ရင္းမႉး ဗိုလ္မႉး မင္းေမာင္ေမာင္ဟိန္းအပါအဝင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၄၅ ဦးအထိေသဆုံးခဲ့တယ္လို႔ ေတာ္လွန္ေရး စစ္ေၾကာင္းေတြဘက္ကသတင္းထုတ္ျပန္ထားပါတယ္

ဧရာဝတီတိုင္းမ္

တိုက်ပွဲဖြစ်တဲ့နေ့က နေပြည်တော်မှာ ဂေါက်ရိုက်နေတဲ့ စစ်တိုင်းမှူး မြတ်သက်ဦးက ကြာအင်းဆိပ်ကြီးတပ်ရင်း ၃ ခုကို ပိုက်ဆံနဲ့စားစရာပေးပြီးစည်းရုံးရေးပြန်ဆင်း

ဟိန်းစံ/ဧရာဝတီတိုင်းမ်

ဇန်နဝါရီလ ၁၃ ရက်

စစ်ကောင်စီတပ် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးက ကြာအင်းဆိပ်ကြီးတပ်နယ် မှာရှိတဲ့ တပ်ရင်းတွေနဲ့တွေ့ဆုံပြီး ပိုက်ဆံနဲ့ စားစရာတွေထောက်ပံ့ပေးခဲ့တယ်လို့ စစ် တပ်ထောက်ခံတဲ့ လူမှုကွန်ယက်တွေမှာ ဇန်နဝါရီလ ၁၀ ရက်နေ့က ဝါဒဖြန့်ဖော်ပြလာပါတယ်

ကြာအင်းဆိပ်ကြီးအခြေစိုက် တပ်ရင်း ၃ ခုဖြစ်တဲ့ ခလရ ၂၈၃ ၊ ခလရ ၂၈၄၊ ခလရ ၃၂ စတဲ့နောက် တန်း တပ်ရင်းတွေကို ကရင်တော်လှန်ရေးပူးပေါင်းစစ်ကြောင်းတွေက ဇန်နဝါရီလ ၄ ရက်နေ့မနက်ပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့လို့ ခလရ ၂၈၄ တပ်ရင်း မှူး ဗိုလ်မှူး မင်းမောင်မောင်ဟိန်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မိန်းမတွေ အပါအဝင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့တာပါ

တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီတပ်ရင်းတွေကို စစ်တိုင်း မှူး ဗိုလ်ချုပ် မြတ်သက်ဦးက ဇန်နဝါရီလ ၁၀ ရက်နေ့က ပိုက်ဆံနဲ့စားစရာပေးပြီး လာရောက်တွေ့ ဆုံစည်းရုံးရေးဆင်းခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်(လွတ်လပ်ရေးနေ့) က သူ့လက်အောက် တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးများနေတာ သိပေမယ့်လည်း နေပြည်တော်မှာ ဂေါက်ရိုက်မပြတ်ခဲ့ဘူးလို့ တပ်သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်

”တိုက်ပွဲဖြစ်တဲ့လွတ်လပ်ရေးနေ့မတိုင်ခင် တရက်ထဲက နေပြည်တော်မှာဗိုလ်ရှုသဘင်တက်ဖို့နဲ့ စစ်ခေါင်း ဆောင်တွေချည်းဂေါက်ပြိုင်ပွဲလုပ်တာရှိတယ်၊ အဲ့ဒီအတွက်နေပြည်တော်ရောက်နေတာ။ ဖြစ်တဲ့နေ့မှာ မနက်ပိုင်း ဗိုလ်ရှုပွဲပြီးလို့ ညနေပိုင်း သူတို့ (စစ်ခေါင်း ဆောင်)တွေ ဂေါက်ရိုက်ပြိုင်ပွဲမှာ ဂေါက်ရိုက်နေကြတာ

မနက်ပိုင်းက အောက်မှာ (ကြာအင်းဆိပ်ကြီး) တိုက်ပွဲဖြစ်လို့အကျအဆုံးများနေတယ်ဆိုတာလည်း သူတို့(စစ်ခေါင်းဆောင်တွေ)အကုန်သိတယ်။အေးဆေးဘဲ ဂေါက်ရိုက်မပြတ်ဘူး” လို့ ရတခနဲ့နီး စပ်တဲ့တပ်သတင်းရင်းမြစ်တစ်ဦးကဧရာဝတီတိုင်း မ်ကို ပြောပါတယ်

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှေ့တန်းစစ်ခန်းတွေမှာ ထိခိုက်သေဆုံးများပြားမှုတာတွေ နောက်တန်းတပ် ရင်းတွေ တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုများပြားတာတွေမျိုးမှာ လက်ရှိကျန်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့မိန်းမတွေ စိတ်မပျက်စေဖို့ အနိမ့်ဆုံးတိုင်းမှူးအဆင့်လောက်က ပိုက်ဆံနဲ့စားသောက်ဖွယ်ရာလေး တွေထောက်ပံ့ပြီး လာရောက်နှစ်သိမ့်တာဟာ စစ်ကောင်စီတပ်ရဲ့ ထုံးစံတစ်ခုလိုဖြစ်တယ်လို့ CDM တပ်မတော် သားအရာရှိတစ်ဦးကပြောပါတယ်

”ဒါတွေကသူတို့လုပ်နေကျအကွက်တွေဘဲ။ ရှေ့ တန်း မှာ ဒီတပ်ရင်းတွေက ထိခိုက်သေဆုံးများပြီဆိုရင် အနိမ့်ဆုံး အဲ့ဒီတပ်ကိုကွပ်ကဲတဲ့ သက်ဆိုင်ရာ Area Commander (စစ်တိုင်းမှူး)ကိုလွှတ်ပြီး ပိုက်ဆံလေး၊ ခေါက်ဆွဲခြောက်ထုပ်လေးနဲ့ ဒီလိုဘဲနှစ်သိမ့်တာပေါ့။ အခုလည်းအဲ့ဒီလိုဘဲ ကြာအင်းဆိပ်ကြီးတပ်ရင်း ၃ ခု တိုက်ခိုက်ခံရတာမှာ တပ်ရင်းမှူးပါကျတဲ့အဆင့်ဆိုတော့ သူ(တိုင်းမှူး)မျက်နှာလေးလာပြပြီး နှစ်သိမ့်တာပေါ့

နောက်တစ်ခုက ဖြစ်တဲ့နေ့မှာ အောက်မှာဖြစ်ချင်ရာဖြစ် သေလည်းအေယက်ကလူသေပေါ့၊ သူတို့ကတော့အအိပ်အစားမပျက်ဘူး၊နေမြဲဘဲ

ပြီးကာမှသွားနှစ်သိမ့်လိုက်မယ်ဆိုတာမျိုး၊ မနှစ်သိမ့်ရင်လည်းအဲ့ကြာအင်းတပ်ရင်းတွေကအကုန်ပြေးတော့မှာသူတို့(စစ်ခေါင်း ဆောင်)တွေသိတယ်။ ဦး ၅ (စည်းရုံးရေး)ပြန်ဝင်တာ” လို့ လွတ်မြောက်နယ်မြေရောက် CDM တပ်မတော်သားအရာရှိတစ်ဦးကပြောပါတယ်

ကြာအင်းဆိပ်ကြီးအခြေစိုက် နောက်တန်းတပ်ရင်း ၃ ခု တိုက်ခိုက်ခံခဲ့ရတဲ့တိုက်ပွဲမှာ ခလရ ၂၈၄ တပ်ရင်းမှူး ဗိုလ်မှူး မင်းမောင်မောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅ ဦးအထိသေဆုံးခဲ့တယ်လို့ တော်လှန်ရေး စစ်ကြောင်းတွေဘက်ကသတင်းထုတ်ပြန်ထားပါတယ်

ဧရာဝတီတိုင်းမ်

 

Leave a Reply

Your email address will not be published. Required fields are marked *