အရာေတာ္-မုံ႐ြာလမ္းေပၚတြင္ ျပည္သူမ်ားထံက ေငြေတာင္းခံေနေသာ စစ္ေကာင္စီတပ္ဖြဲ႕ ဗုံးခ်တိုက္ခိုက္ခံရ၍ ၃ ဦးေသဆုံး
ပါၿခီး
မဇၩိမ ။။ စစ္ကိုင္းတိုင္း ၊ အရာေတာ္-မုံ႐ြာလမ္းေပၚတြင္ ခရီးသြားျပည္သူမ်ားအား ေငြေၾကးေကာက္ခံေနေသာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို ဒ႐ုန္းျဖင့္ ဗုံးခ်တိုက္ခိုက္ရာ သုံးဦးထက္မနည္းေသဆုံးၿပီး ထိခိုက္ဒဏ္ရာရရွိသူ အမ်ားအျပားရွိေၾကာင္း Ngwe Dwin Revolution Force (NDRF)က ဇန္နဝါရီလ ၁၂ရက္ ေန႔တြင္ထုတ္ျပန္သည္
ယင္းေန႔ နံနက္ ၁၁နာရီအခ်ိန္တြင္ အရာေတာ္ၿမိဳ႕နယ္ ၊ ကြၽန္းဖိုပင္ေက်း႐ြာအနီးရွိ လမ္းမေပၚတြင္ အင္အား ၄၀ ဝန္းက်င္ရွိေသာ စစ္ေကာင္စီတပ္သားမ်ားက ခရီးသြားမ်ားကို အဓမၼေငြေတာင္းခံ(ဆက္ေၾကးေကာက္) ေနေၾကာင္း သိရေသာေၾကာင့္ သြားေရာက္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ဆိုသည္
“က်ေနာ္တို႔ ဗုံးေလးလုံးခ်ခဲ့တာပါ၊ သူတို႔အေပၚတည့္တည့္က်တာ ၊ ဗုံးခ်ၿပီးမၾကာခင္ဘဲ နာေရးကားေတြေရာက္လာတယ္၊ သုံးေယာက္ကေတာ့ အနည္းဆုံးပဲ၊ ငါးေယာက္ ေလာက္အထိ ေသႏိုင္တယ္လို႔ ျပန္သိရတယ္” ဟု NDRF တာဝန္ရွိသူက မဇၩိမကိုေျပာသည္
စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ အရာေတာ္ – မုံ႐ြာလမ္းေပၚတြင္ ေနရာအတည္တက်ျဖင့္ ဂိတ္ဖြင့္လွစ္ ေငြေတာင္းခံျခင္းမရွိဘဲ ကြၽန္းဖို႐ြာ ၊ ကမ္းျပဴ႐ြာ စသည္ျဖင့္ ေနရာေ႐ႊ႕ေျပာင္း၍ ျပည္သူမ်ားအေပၚ အေၾကာင္းအမ်ိဳးမ်ိဳးျပ စစ္ေဆးၿပီး ေငြေတာင္းခံေလ့ရွိေၾကာင္း ဆိုသည္
ယင္းသို႔ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား လမ္းမေပၚ စစ္ေဆးေရးလုပ္သည့္ သတင္းႏွင့္ လႈပ္ရွားမႈမ်ားကို နယ္ေျမခံ ကာကြယ္ေရးတပ္ဖြဲ႕မ်ားအေနျဖင့္ လူအင္အားႏွင့္ အေျခအေနမ်ားကို အခ်ိန္ႏွင့္တစ္ေျပးညီ ရရွိၿပီး ကာကြယ္ေရးတပ္ဖြဲ႕ မဟာမိတ္မ်ားႏွင့္ ပူးေပါင္းကာ သြားေရာက္တိုက္ခိုက္ေလ့ရွိေၾကာင္း တာဝန္ရွိသူက ဆက္ေျပာသည္
ယင္းသို႔ ဗုံးခ်တိုက္ခိုက္ခံရၿပီးေနာက္ စစ္ေကာင္စီတပ္ဖြဲ႕မ်ားသည္ အနီးပတ္ဝန္းက်င္သို႔ ရမ္းသန္းပစ္ခတ္ခဲ့ေသာ္လည္း ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ား အထိအခိုက္မရွိ ျပန္လည္ဆုတ္ခြာႏိုင္ခဲ့ေၾကာင္း သိရသည္
ယခုစစ္ဆင္ေရးကို NDRF ႏွင့္အတူ Middle Revolutionary Technical Front (MRTF) ၊ သေျပညိဳေျပာက္က်ားတပ္ဖြဲ႕ ၊ Ayadaw Bone Naing PDF (ABN- PDF) ၊ Danger Force LPDF ၊ ပတၱျမားညီေနာင္ ၊ မိုင္းမင္းသား ၊ IBEX တပ္ဖြဲ႕တို႔က ပူးေပါင္းလုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္
ဇန္နဝါရီလ ၄ရက္ေန႔ကလည္း စစ္ကိုင္းတိုင္း ၊ အရာေတာ္ၿမိဳ႕၏ အေနာက္ဘက္ရွိ စစ္ေကာင္စီ စစ္ေဆးေရးဂိတ္ကို NRDF က ဒ႐ုန္းျဖင့္ ဗုံးခ်တိုက္ခိုက္ခဲ့ေၾကာင္း သိရွိရသည္
စာတည္း။ ။ ဖူးသိမ္က်
စာမူတည္းျဖတ္။ ။သန႔္ေဇာ္(သန္လ်င္)
အရာတော်-မုံရွာလမ်းပေါ်တွင် ပြည်သူများထံက ငွေတောင်းခံနေသော စစ်ကောင်စီတပ်ဖွဲ့ ဗုံးချတိုက်ခိုက်ခံရ၍ ၃ ဦးသေဆုံး
ပါခြီး
မဇ္ဈိမ ။။ စစ်ကိုင်းတိုင်း ၊ အရာတော်-မုံရွာလမ်းပေါ်တွင် ခရီးသွားပြည်သူများအား ငွေကြေးကောက်ခံနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာ သုံးဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း Ngwe Dwin Revolution Force (NDRF)က ဇန်နဝါရီလ ၁၂ရက် နေ့တွင်ထုတ်ပြန်သည်
ယင်းနေ့ နံနက် ၁၁နာရီအချိန်တွင် အရာတော်မြို့နယ် ၊ ကျွန်းဖိုပင်ကျေးရွာအနီးရှိ လမ်းမပေါ်တွင် အင်အား ၄၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်သားများက ခရီးသွားများကို အဓမ္မငွေတောင်းခံ(ဆက်ကြေးကောက်) နေကြောင်း သိရသောကြောင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်
“ကျနော်တို့ ဗုံးလေးလုံးချခဲ့တာပါ၊ သူတို့အပေါ်တည့်တည့်ကျတာ ၊ ဗုံးချပြီးမကြာခင်ဘဲ နာရေးကားတွေရောက်လာတယ်၊ သုံးယောက်ကတော့ အနည်းဆုံးပဲ၊ ငါးယောက် လောက်အထိ သေနိုင်တယ်လို့ ပြန်သိရတယ်” ဟု NDRF တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရာတော် – မုံရွာလမ်းပေါ်တွင် နေရာအတည်တကျဖြင့် ဂိတ်ဖွင့်လှစ် ငွေတောင်းခံခြင်းမရှိဘဲ ကျွန်းဖိုရွာ ၊ ကမ်းပြူရွာ စသည်ဖြင့် နေရာရွှေ့ပြောင်း၍ ပြည်သူများအပေါ် အကြောင်းအမျိုးမျိုးပြ စစ်ဆေးပြီး ငွေတောင်းခံလေ့ရှိကြောင်း ဆိုသည်
ယင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လမ်းမပေါ် စစ်ဆေးရေးလုပ်သည့် သတင်းနှင့် လှုပ်ရှားမှုများကို နယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် လူအင်အားနှင့် အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ ရရှိပြီး ကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်များနှင့် ပူးပေါင်းကာ သွားရောက်တိုက်ခိုက်လေ့ရှိကြောင်း တာဝန်ရှိသူက ဆက်ပြောသည်
ယင်းသို့ ဗုံးချတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များသည် အနီးပတ်ဝန်းကျင်သို့ ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်
ယခုစစ်ဆင်ရေးကို NDRF နှင့်အတူ Middle Revolutionary Technical Front (MRTF) ၊ သပြေညိုပြောက်ကျားတပ်ဖွဲ့ ၊ Ayadaw Bone Naing PDF (ABN- PDF) ၊ Danger Force LPDF ၊ ပတ္တမြားညီနောင် ၊ မိုင်းမင်းသား ၊ IBEX တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်
ဇန်နဝါရီလ ၄ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ၊ အရာတော်မြို့၏ အနောက်ဘက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို NRDF က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)