စစ္တပ္၏ အတုအေယာင္ ေ႐ြးေကာက္ပြဲအတြက္ သန္း ေခါင္စာရင္း ၿခိမ္းေျခာက္ လိုက္ေကာက္ေနသည့္ ေက်ာင္းဆရာတစ္ဦး ပစ္ခတ္ခံရၿပီးေသဆုံး
ရန္ကုန္၊ ဇန္နဝါရီလ ၁၃
မေကြးတိုင္း၊ နတ္ေမာက္ၿမိဳ႕နယ္တြင္ လူဦးေရႏွင့္သန္းေခါင္စာရင္း ဖိအားေပးၿခိမ္းေျခာက္ ေကာက္ယူေနေသာ မူလတန္းေက်ာင္းအုပ္ဆရာ ဝင္းခိုင္ ပစ္ခတ္ခံရၿပီး ေသဆုံးသြားေၾကာင္း သိရွိရသည္
ဇန္နဝါရီလ ၁၂ ရက္ေန႔ ညေန ၄ နာရီခန႔္အခ်ိန္ နတ္ေမာက္ၿမိဳ႕နယ္၊ ေဖ်ာက္ဆိတ္ကုန္း႐ြာတြင္ တာဝန္က်ေနေသာ မူလတန္းေက်ာင္းအုပ္ ဝင္းခိုင္သည္ အၾကမ္းဖက္စစ္ေကာင္စီကို ေထာက္ခံအားေပးကာ စစ္တပ္၊ ရဲ မ်ားႏွင့္ ပူးေပါင္းၿပီး မဲစာ ရင္းေကာက္ခံႏိုင္ရန္ ၿမိဳ႕နယ္ အတြင္းရွိ ပညာေရးဝန္ထမ္းမ်ားကို ဖိအားေပးျခင္း၊
ၿခိမ္းေျခာက္ျခင္း၊ တာဝန္က်ရာေနရာရွိ ျပည္သူလူထုေပၚတြင္လည္း ဖိအားေပးျခင္း၊ ၿခိမ္းေျခာက္စည္း႐ုံးေနျခင္းတို႔ ေၾကာင့္ Magway Guerilla Warfare (မေကြးေျပာက္က်ားတပ္ဖြဲ႕)ႏွင့္ မဟာမိတ္မ်ားက ေက်ာင္း အုပ္ဝင္းခိုင္ကို ပစ္ခတ္ရာမွ ေသဆုံးသြားေၾကာင္း သိရွိရသည္
အၾကမ္းဖက္စစ္ေကာင္စီက က်င္းပမည့္ တရားမဝင္ေ႐ြးေကာက္ပြဲအတြက္ ပူးေပါင္းေဆာင္႐ြက္ေနေသာ Non CDM ဝန္ထမ္းမ်ား၊
အေထြေထြ အုပ္ခ်ဳပ္ေရးမႉးမ်ား အေနျဖင့္ ျပည္သူလူထုအား မဲအတင္းအဓမၼ ေကာက္ခံေနမည္ဆိုပါက မူတန္းေက်ာင္းအုပ္ ဝင္းခိုင္နည္းတူ ပစ္ခတ္ရွင္းလင္းသြားမည္ျဖစ္ ေၾကာင္း ၿမိဳ႕ျပေပ်ာက္က်ားတပ္ဖြဲ႕မ်ားက အထူးသတိေပးထားသည္
ရွင္းလင္းမႈကို Magway Guerilla Warfare (မေကြးေျပာက္က်ားတပ္ဖြဲ႕) ႏွင့္ ေဒါင္းစစ္သည္ ေျပာက္က်ားတပ္(နတ္ေမာက္)တို႔ ပူးေပါင္းကာ ပစ္ခတ္ရွင္း လင္းခဲ့ျခင္းျဖစ္ၿပီး အၾကမ္းဖက္စစ္အာဏာ ရွင္စနစ္က်ဆုံးသည္အထိ တိုက္ ခိုက္ ေခ်မႈန္းသြားမည္ျဖစ္သျဖင့္ ျပည္သူလူထုအေနျဖင့္ စစ္တပ္၊ ရဲမ်ားႏွင့္ ေဝးေဝးေနထိုင္သြားလာၾကရန္ သတိေပးထုတ္ျပန္ထားသည္
ဓာတ္ပုံ- ပစ္ခတ္ခံရၿပီး ေသဆုံးသြားေသာ ေက်ာင္းအုပ္ဆရာ ဝင္းခိုင္
စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲအတွက် သန်း ခေါင်စာရင်း ခြိမ်းခြောက် လိုက်ကောက်နေသည့် ကျောင်းဆရာတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး
ရန်ကုန်၊ ဇန်နဝါရီလ ၁၃
မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် လူဦးရေနှင့်သန်းခေါင်စာရင်း ဖိအားပေးခြိမ်းခြောက် ကောက်ယူနေသော မူလတန်းကျောင်းအုပ်ဆရာ ဝင်းခိုင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်
ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် နတ်မောက်မြို့နယ်၊ ဖျောက်ဆိတ်ကုန်းရွာတွင် တာဝန်ကျနေသော မူလတန်းကျောင်းအုပ် ဝင်းခိုင်သည် အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံအားပေးကာ စစ်တပ်၊ ရဲ များနှင့် ပူးပေါင်းပြီး မဲစာ ရင်းကောက်ခံနိုင်ရန် မြို့နယ် အတွင်းရှိ ပညာရေးဝန်ထမ်းများကို ဖိအားပေးခြင်း၊
ခြိမ်းခြောက်ခြင်း၊ တာဝန်ကျရာနေရာရှိ ပြည်သူလူထုပေါ်တွင်လည်း ဖိအားပေးခြင်း၊ ခြိမ်းခြောက်စည်းရုံးနေခြင်းတို့ ကြောင့် Magway Guerilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့)နှင့် မဟာမိတ်များက ကျောင်း အုပ်ဝင်းခိုင်ကို ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း သိရှိရသည်
အကြမ်းဖက်စစ်ကောင်စီက ကျင်းပမည့် တရားမဝင်ရွေးကောက်ပွဲအတွက် ပူးပေါင်းဆောင်ရွက်နေသော Non CDM ဝန်ထမ်းများ၊
အထွေထွေ အုပ်ချုပ်ရေးမှူးများ အနေဖြင့် ပြည်သူလူထုအား မဲအတင်းအဓမ္မ ကောက်ခံနေမည်ဆိုပါက မူတန်းကျောင်းအုပ် ဝင်းခိုင်နည်းတူ ပစ်ခတ်ရှင်းလင်းသွားမည်ဖြစ် ကြောင်း မြို့ပြပျောက်ကျားတပ်ဖွဲ့များက အထူးသတိပေးထားသည်
ရှင်းလင်းမှုကို Magway Guerilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) နှင့် ဒေါင်းစစ်သည် ပြောက်ကျားတပ်(နတ်မောက်)တို့ ပူးပေါင်းကာ ပစ်ခတ်ရှင်း လင်းခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်အာဏာ ရှင်စနစ်ကျဆုံးသည်အထိ တိုက် ခိုက် ချေမှုန်းသွားမည်ဖြစ်သဖြင့် ပြည်သူလူထုအနေဖြင့် စစ်တပ်၊ ရဲများနှင့် ဝေးဝေးနေထိုင်သွားလာကြရန် သတိပေးထုတ်ပြန်ထားသည်
ဓာတ်ပုံ- ပစ်ခတ်ခံရပြီး သေဆုံးသွားသော ကျောင်းအုပ်ဆရာ ဝင်းခိုင်