ၾကာအင္းဆိပ္ႀကီးတိုက္ပြဲတြင္ ေသဆုံးခဲ့ေသာ ခလရ ၂၈၄ တပ္ရင္းမႉး ဒုဗိုလ္မႉးႀကီး/ဗိုလ္မႉးမင္းေမာင္ေမာင္ဟိန္းကို ကြပ္ကဲမႈ အသုံးမက် ညံ့ဖ်င္းသူ ဟု စစ္ေခါင္းေဆာင္ပိုင္းက အျပစ္တင္

ရန္ကုန္၊ ဇန္နဝါရီ ၁၃

ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ရွိ ခလရ ၂၈၄ ယာယီတပ္ရင္းမႉး ဒုဗိုလ္မႉးႀကီး/ဗိုလ္မႉး မင္းေမာင္ေမာင္ဟိန္းသည္ တိုက္ပြဲအတြင္း ေသဆုံးသြားခဲ့မႈသည္ ၎၏ တပ္ရင္းကို ကြပ္ကဲမႈ အသုံးမက် ညံ့ဖ်င္းမႈေၾကာင့္ ေသဆုံးျခင္းျဖစ္သည္ဟု စစ္တပ္ ေခါင္းေဆာင္ပိုင္းက အျပစ္တင္ေၾကာင္း သိရွိရသည္

ဇန္နဝါရီလ ၄ ရက္ေန႔ ၾကာအင္းဆိပ္ႀကီး ခလရ ၃၂ ၊ ခလရ ၂၈၄ ၊ ခလရ ၂၈၃ တပ္မ်ားကို ေတာ္ လွန္ေရးအင္အားစုမ်ားက ဝိုင္းဝန္းတိုက္ခိုက္ခဲ့ၾကရာ စစ္ေကာင္စီဘက္မွ ခလရ ၂၈၄ တပ္ရင္းမႉး ဒုဗိုလ္မႉးႀကီး/ဗိုလ္မႉး မင္းေမာင္ေမာင္ဟိန္း အပါအဝင္ ဗိုလ္ မႉး၊ ဗိုလ္ႀကီး စုစုေပါင္း၂၀ နီးပါး ေသဆုံးခဲ့ေၾကာင္း သိရွိရသည္

ေတာ္လွန္ေရးအင္အားစုမ်ားက တပ္ရင္းမ်ားကို လာေရာက္တိုက္ခိုက္မည္ဟု ႀကိဳတင္ သတင္းရရွိထား၍ ၂ ရက္ႀကိဳတင္ၿပီး ခလရ ၂၈၄ တပ္ရင္း ပတ္ပတ္လည္တြင္ နင္းမိုင္းမ်ား ေထာင္ထားရန္ ၫႊန္ၾကားခဲ့ေၾကာင္း၊

သို႔ရာတြင္ ခလရ ၂၈၄ တပ္ရင္းမႉး ဒုဗိုလ္မႉး ႀကီး/ ဗိုလ္မႉးမင္းေမာင္ေမာင္ဟိန္း ကြပ္ကြဲမႈ ညံ့ဖ်င္း၍ တပ္ရင္းအတြင္းထဲအထိ ေတာ္လွန္ေရးအင္အားစုမ်ား ဝင္ေရာက္ႏိုင္ခဲ့သည့္အျပင္ တပ္ရင္းမႉးႏွင့္ စစ္သည္မ်ား ေသဆုံးခဲ့ရျခင္းမွာလည္း အသုံးမက်၍ ျဖစ္သည္ဟု စစ္တပ္ေခါင္းေဆာင္ပိုင္းက အျပစ္တင္ေၾကာင္း သိရွိရသည္

“တိုင္းမႉးက တပ္ရင္းေတြ ဝင္အတိုက္မခံရခင္ ဇန္နဝါရီ ၂ ရက္ေန႔ကတည္းက ႀကိဳတင္ၿပီးေတာ့ ၾကာအင္းဆိပ္ႀကီးကို ဝင္စီးမယ္လို႔ သတင္းရတဲ့အတြက္ တပ္ရင္းေတြအားလုံး၊ စခန္းေတြအားလုံး ပတ္လည္ နင္းမိုင္း တိုက္မိုင္းေတြ ေထာင္ဖို႔ ၫႊန္ၾကားခဲ့တယ္

ဒီလိုၫႊန္ၾကားထားတဲ့ၾကားက ခလရ ၂၈၄ တပ္ရင္း က်သြားတဲ့အတြက္ ေသဆုံးသြားတဲ့ တပ္ရင္းမႉးရဲ႕ ကြပ္ကဲမႈ ညံ့ဖ်င္းလို႔ ဆိုတာမ်ိဳး အျပစ္ တင္တယ္” ဟု စစ္တပ္သတင္းရင္းျမစ္က ေျပာသည္

ၾကာအင္းဆိပ္ႀကီး၊ ခလရ ၂၈၄ တပ္ အတိုက္ခံရမႈတြင္ ယာယီတပ္ရင္းမႉး ဗိုလ္မႉး မင္းေမာင္ေမာင္ဟိန္း ေသဆုံးၿပီး ဇနီးျဖစ္သူမွာလည္း ေဆး႐ုံတြင္ တက္ေရာက္ ကုသမႈ ခံယူေနရေၾကာင္း၊ တပ္ရင္း မႉး အျပင္ ဗိုလ္ႀကီး ၁ ဦး၊ ဒုအရာခံဗိုလ္ ၁ ဦး၊

တပ္ၾကပ္ႀကီး ၂ ဦး ၊ တပ္ၾကပ္ ၁ ဦး ၊ တပ္သား ၃ ဦး၊ အမ်ိဳးသမီးရဲေဘာ္ ၁၀ ဦး‌ ေသဆုံးခဲ့ေၾကာင္း၊ ဒဏ္ရာရသူမ်ားမွာ ဒုအရာခံဗိုလ္ ၁ ဦး (စိုးရိမ္ရ) ၊ တပ္သား ၃ ( ၁ ဦးစိုးရိမ္ရ )၊ အမ်ိဳးသမီးရဲေဘာ္ ၃ ဦး တို႔ျဖစ္ေၾကာင္း သိရွိရသည္

ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် သေဆုံးခဲ့သော ခလရ ၂၈၄ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူးမင်းမောင်မောင်ဟိန်းကို ကွပ်ကဲမှု အသုံးမကျ ညံ့ဖျင်းသူ ဟု စစ်ခေါင်းဆောင်ပိုင်းက အပြစ်တင်

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ခလရ ၂၈၄ ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး မင်းမောင်မောင်ဟိန်းသည် တိုက်ပွဲအတွင်း သေဆုံးသွားခဲ့မှုသည် ၎င်း၏ တပ်ရင်းကို ကွပ်ကဲမှု အသုံးမကျ ညံ့ဖျင်းမှုကြောင့် သေဆုံးခြင်းဖြစ်သည်ဟု စစ်တပ် ခေါင်းဆောင်ပိုင်းက အပြစ်တင်ကြောင်း သိရှိရသည်

ဇန်နဝါရီလ ၄ ရက်နေ့ ကြာအင်းဆိပ်ကြီး ခလရ ၃၂ ၊ ခလရ ၂၈၄ ၊ ခလရ ၂၈၃ တပ်များကို တော် လှန်ရေးအင်အားစုများက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြရာ စစ်ကောင်စီဘက်မှ ခလရ ၂၈၄ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး မင်းမောင်မောင်ဟိန်း အပါအဝင် ဗိုလ် မှူး၊ ဗိုလ်ကြီး စုစုပေါင်း၂၀ နီးပါး သေဆုံးခဲ့ကြောင်း သိရှိရသည်

တော်လှန်ရေးအင်အားစုများက တပ်ရင်းများကို လာရောက်တိုက်ခိုက်မည်ဟု ကြိုတင် သတင်းရရှိထား၍ ၂ ရက်ကြိုတင်ပြီး ခလရ ၂၈၄ တပ်ရင်း ပတ်ပတ်လည်တွင် နင်းမိုင်းများ ထောင်ထားရန် ညွှန်ကြားခဲ့ကြောင်း၊

သို့ရာတွင် ခလရ ၂၈၄ တပ်ရင်းမှူး ဒုဗိုလ်မှူး ကြီး/ ဗိုလ်မှူးမင်းမောင်မောင်ဟိန်း ကွပ်ကွဲမှု ညံ့ဖျင်း၍ တပ်ရင်းအတွင်းထဲအထိ တော်လှန်ရေးအင်အားစုများ ဝင်ရောက်နိုင်ခဲ့သည့်အပြင် တပ်ရင်းမှူးနှင့် စစ်သည်များ သေဆုံးခဲ့ရခြင်းမှာလည်း အသုံးမကျ၍ ဖြစ်သည်ဟု စစ်တပ်ခေါင်းဆောင်ပိုင်းက အပြစ်တင်ကြောင်း သိရှိရသည်

“တိုင်းမှူးက တပ်ရင်းတွေ ဝင်အတိုက်မခံရခင် ဇန်နဝါရီ ၂ ရက်နေ့ကတည်းက ကြိုတင်ပြီးတော့ ကြာအင်းဆိပ်ကြီးကို ဝင်စီးမယ်လို့ သတင်းရတဲ့အတွက် တပ်ရင်းတွေအားလုံး၊ စခန်းတွေအားလုံး ပတ်လည် နင်းမိုင်း တိုက်မိုင်းတွေ ထောင်ဖို့ ညွှန်ကြားခဲ့တယ်

ဒီလိုညွှန်ကြားထားတဲ့ကြားက ခလရ ၂၈၄ တပ်ရင်း ကျသွားတဲ့အတွက် သေဆုံးသွားတဲ့ တပ်ရင်းမှူးရဲ့ ကွပ်ကဲမှု ညံ့ဖျင်းလို့ ဆိုတာမျိုး အပြစ် တင်တယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောသည်

ကြာအင်းဆိပ်ကြီး၊ ခလရ ၂၈၄ တပ် အတိုက်ခံရမှုတွင် ယာယီတပ်ရင်းမှူး ဗိုလ်မှူး မင်းမောင်မောင်ဟိန်း သေဆုံးပြီး ဇနီးဖြစ်သူမှာလည်း ဆေးရုံတွင် တက်ရောက် ကုသမှု ခံယူနေရကြောင်း၊ တပ်ရင်း မှူး အပြင် ဗိုလ်ကြီး ၁ ဦး၊ ဒုအရာခံဗိုလ် ၁ ဦး၊

တပ်ကြပ်ကြီး ၂ ဦး ၊ တပ်ကြပ် ၁ ဦး ၊ တပ်သား ၃ ဦး၊ အမျိုးသမီးရဲဘော် ၁၀ ဦး‌ သေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရသူများမှာ ဒုအရာခံဗိုလ် ၁ ဦး (စိုးရိမ်ရ) ၊ တပ်သား ၃ ( ၁ ဦးစိုးရိမ်ရ )၊ အမျိုးသမီးရဲဘော် ၃ ဦး တို့ဖြစ်ကြောင်း သိရှိရသည်

 

Leave a Reply

Your email address will not be published. Required fields are marked *