ေတာ္လွန္ေရးအင္အားစုမ်ားႏွင့္ မဆက္ဆံရန္ အင္ဒိုနီးရွားကို စစ္ေကာင္စီ သတိေပး

ဧရာဝတီ၊ ဇႏၷဝါရီ ၁၃၊ ၂၀၂၃

ျမန္မာ့အေရးေျဖရွင္းအတြက္ သက္ဆိုင္သူအားလုံးႏွင့္ ထိေတြ႕ဆက္ဆံမည္ ျဖစ္ေၾကာင္း အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး မစၥမာဆူဒီ၏ ေျပာၾကားခ်က္ႏွင့္ ပတ္သက္ၿပီး အာဆီယံပဋိညာဥ္ပါ ျပ႒ာန္းခ်က္ႏွင့္ အေျခခံမူမ်ားအား တိက်စြာ လိုက္နာရန္ အာဏာသိမ္း စစ္ေကာင္စီက သတိေပး တုံ႔ျပန္သည္

ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးသံတမန္သစ္ ျဖစ္လာသူ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး မစၥမာဆူဒီက ျမန္မာမွ သက္ဆိုင္သူအားလုံးႏွင့္ ထိေတြ႕ဆက္ဆံမည္ ျဖစ္ေၾကာင္းႏွင့္ ျမန္မာႏိုင္ငံအား ထိခိုက္နစ္နာေစသည့္ အက်ပ္အတည္းအား ကိုင္တြယ္ေျဖရွင္းရန္ အမ်ိဳးသားေဆြးေႏြးပြဲ က်င္းပေရးသည္ အေရးႀကီးေၾကာင္း ဇန္နဝါရီ ၁၁ ရက္တြင္ ေျပာထားသည္

ထို႔ျပင္ အာဆီယံဘုံသေဘာတူညီခ်က္ ၅ ခ်က္အတိုင္း လိုက္နာေဆာင္႐ြက္မည္ ျဖစ္ေၾကာင္းႏွင့္ အဆိုပါ ဘုံသေဘာတူညီခ်က္မ်ားအား ျမန္မာစစ္အုပ္စုက အေကာင္အထည္ေဖာ္ရာတြင္ တိုးတက္မႈ မရွိေသာေၾကာင့္ အာဆီယံက စိတ္ပ်က္ေနေၾကာင္းလည္း ၎က ေျပာခဲ့သည္

အဆိုပါ ေျပာၾကားခ်က္မ်ားႏွင့္ ပတ္သက္ၿပီး အင္ဒိုနီးရွား အေနျဖင့္ စစ္ေကာင္စီဘက္က ၎တို႔ အၾကမ္းဖက္အဖြဲ႕၊ မတရားအသင္းအျဖစ္ ေၾကညာထားသည့္ အဖြဲ႕အစည္းမ်ားႏွင့္ ထိေတြ႕ဆက္ဆံျခင္း မျပဳရန္ လိုအပ္ေၾကာင္းလည္း သတိေပးထားသည္

အရပ္သားအစိုးရအား ျဖဳတ္ခ်ကာ အာဏာသိမ္းထားသည့္ စစ္ေကာင္စီသည္ ၎အား ဆန႔္က်င္ခုခံေနသည့္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG)၊ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) တို႔အား အၾကမ္းဖက္အဖြဲ႕ႏွင့္ မတရားအသင္းအျဖစ္ ေၾကညာထားသည္

အာဆီယံဘုံသေဘာတူညီခ်က္ ၅ ခ်က္ အေကာင္အထည္ေဖာ္ရာတြင္လည္း အမ်ိဳးသားအက်ိဳးစီးပြား၊ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈႏွင့္ တႏိုင္ငံ၏ ျပည္တြင္းေရးအား အဖြဲ႕ဝင္တႏိုင္ငံမွ မစြက္ဖက္ေရး အေျခခံမူမ်ားႏွင့္အညီ စြဲၿမဲစြာေဆာင္႐ြက္လ်က္ ရွိေၾကာင္းလည္း စစ္ေကာင္စီက တုံ႔ျပန္ထားသည္

ျမန္မာႏိုင္ငံတြင္ ပါတီစုံဒီမိုကေရစီ ျပန္လည္ေဖာ္ေဆာင္ေရးအတြက္ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္အညီ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္အား လြတ္လပ္သည့္ အခ်ဳပ္အျခာအာဏာပိုင္ ႏိုင္ငံတႏိုင္ငံအျဖစ္ ဆက္လက္ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္းလည္း စစ္ေကာင္စီက ဆိုထားသည္

တော်လှန်ရေးအင်အားစုများနှင့် မဆက်ဆံရန် အင်ဒိုနီးရှားကို စစ်ကောင်စီ သတိပေး

ဧရာဝတီ၊ ဇန္နဝါရီ ၁၃၊ ၂၀၂၃

မြန်မာ့အရေးဖြေရှင်းအတွက် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံမည် ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စမာဆူဒီ၏ ပြောကြားချက်နှင့် ပတ်သက်ပြီး အာဆီယံပဋိညာဉ်ပါ ပြဋ္ဌာန်းချက်နှင့် အခြေခံမူများအား တိကျစွာ လိုက်နာရန် အာဏာသိမ်း စစ်ကောင်စီက သတိပေး တုံ့ပြန်သည်

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်သစ် ဖြစ်လာသူ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စမာဆူဒီက မြန်မာမှ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအား ထိခိုက်နစ်နာစေသည့် အကျပ်အတည်းအား ကိုင်တွယ်ဖြေရှင်းရန် အမျိုးသားဆွေးနွေးပွဲ ကျင်းပရေးသည် အရေးကြီးကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် ပြောထားသည်

ထို့ပြင် အာဆီယံဘုံသဘောတူညီချက် ၅ ချက်အတိုင်း လိုက်နာဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် အဆိုပါ ဘုံသဘောတူညီချက်များအား မြန်မာစစ်အုပ်စုက အကောင်အထည်ဖော်ရာတွင် တိုးတက်မှု မရှိသောကြောင့် အာဆီယံက စိတ်ပျက်နေကြောင်းလည်း ၎င်းက ပြောခဲ့သည်

အဆိုပါ ပြောကြားချက်များနှင့် ပတ်သက်ပြီး အင်ဒိုနီးရှား အနေဖြင့် စစ်ကောင်စီဘက်က ၎င်းတို့ အကြမ်းဖက်အဖွဲ့၊ မတရားအသင်းအဖြစ် ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံခြင်း မပြုရန် လိုအပ်ကြောင်းလည်း သတိပေးထားသည်

အရပ်သားအစိုးရအား ဖြုတ်ချကာ အာဏာသိမ်းထားသည့် စစ်ကောင်စီသည် ၎င်းအား ဆန့်ကျင်ခုခံနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့အား အကြမ်းဖက်အဖွဲ့နှင့် မတရားအသင်းအဖြစ် ကြေညာထားသည်

အာဆီယံဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရာတွင်လည်း အမျိုးသားအကျိုးစီးပွား၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် တနိုင်ငံ၏ ပြည်တွင်းရေးအား အဖွဲ့ဝင်တနိုင်ငံမှ မစွက်ဖက်ရေး အခြေခံမူများနှင့်အညီ စွဲမြဲစွာဆောင်ရွက်လျက် ရှိကြောင်းလည်း စစ်ကောင်စီက တုံ့ပြန်ထားသည်

မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အား လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတနိုင်ငံအဖြစ် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း စစ်ကောင်စီက ဆိုထားသည်

 

Leave a Reply

Your email address will not be published. Required fields are marked *