“အိမ္မွာတင္မက ေဆး႐ုံထိေအာင္ ဆုေတြ လိုက္ေပးေန”

အာဏာသိမ္းစစ္ေခါင္းေဆာင္ မအလက သူေပးတဲ့ဆုကို လာတက္မယူတဲ့သူေတြကို အိမ္တိုင္ရာေရာက္ ဆုေတြ လိုက္ေပးေနပါတယ္။ တစ္ခ်ိဳ႕ဆိုရင္ အိမ္မွာတင္မက ေဆး႐ုံထိေတာင္ ဆုလိုက္ေပးတာနဲ႔ ႀကဳံရပါတယ္

တိုင္းနဲ႔ျပည္ဝန္ႀကီးခ်ဳပ္ေတြနဲ႔ တိုင္းမႉးေတြ ကိုယ္တိုင္က ဆုလိုက္ေပးေနတာျဖစ္ၿပီး၊ ေဆး႐ုံတက္ေနတဲ့ စာေရးဆရာႀကီး ကိုေလး အင္းဝဂုဏ္ရည္ကို ‌ေဆး႐ုံမွာ ဆု သြားေပးပါတယ္

ဆုသြားေပးတဲ့ ဝန္ႀကီးခ်ဳပ္ေတြနဲ႔ တိုင္းမႉးေတြရဲ႕ နာမည္ ေတြေရွ႕မွာ မအလကေပးတဲ့ ဝဏၰေက်ာ္ထင္၊ သီရိ ပ်ံခ်ီ၊ ေဇယ်ေက်ာ္ထင္၊ ဝဏၰေက်ာ္ထင္ဘြဲ႕ေတြ တပ္ထားတဲ့အတြက္ မ်က္ေစ့ေနာက္စရာ ျဖစ္ေနပါတယ္

သူတို႔အေျခအေနၾကည့္ရတာ ဆုလာေပးတာ လက္မခံရင္ ဖမ္းမယ့္သေဘာမ်ိဳးလို ျဖစ္ေနပါတယ္

ဆုရတဲ့လူစာရင္းမွာ ေဒၚေအာင္ဆန္းစုၾကည္အစိုးရလက္ ထက္က ျပန္ၾကားေရးဝန္ႀကီး ဦးေဖျမင့္လဲ ပါတယ္လို႔ သိရပါတယ္

ဒါေပမယ့္ ဦးေဖျမင့္ ရန္ကုန္ျပန္ေရာက္ေနတယ္ ဆုသြားမယူဘူးလို႔ပဲ သိထားရၿပီး၊ သူ႔ကိုလဲ အိမ္ထိ ဆုလာေပးလား ဆိုတာကေတာ့ မသိရေသးပါဘူး

ခရက္ဒစ္-ေမာင္ေက်ာ္ေမာ္

“အိမ်မှာတင်မက ဆေးရုံထိအောင် ဆုတွေ လိုက်ပေးနေ”

အာဏာသိမ်းစစ်ခေါင်းဆောင် မအလက သူပေးတဲ့ဆုကို လာတက်မယူတဲ့သူတွေကို အိမ်တိုင်ရာရောက် ဆုတွေ လိုက်ပေးနေပါတယ်။ တစ်ချို့ဆိုရင် အိမ်မှာတင်မက ဆေးရုံထိတောင် ဆုလိုက်ပေးတာနဲ့ ကြုံရပါတယ်

တိုင်းနဲ့ပြည်ဝန်ကြီးချုပ်တွေနဲ့ တိုင်းမှူးတွေ ကိုယ်တိုင်က ဆုလိုက်ပေးနေတာဖြစ်ပြီး၊ ဆေးရုံတက်နေတဲ့ စာရေးဆရာကြီး ကိုလေး အင်းဝဂုဏ်ရည်ကို ‌ဆေးရုံမှာ ဆု သွားပေးပါတယ်

ဆုသွားပေးတဲ့ ဝန်ကြီးချုပ်တွေနဲ့ တိုင်းမှူးတွေရဲ့ နာမည် တွေရှေ့မှာ မအလကပေးတဲ့ ဝဏ္ဏကျော်ထင်၊ သီရိ ပျံချီ၊ ဇေယျကျော်ထင်၊ ဝဏ္ဏကျော်ထင်ဘွဲ့တွေ တပ်ထားတဲ့အတွက် မျက်စေ့နောက်စရာ ဖြစ်နေပါတယ်

သူတို့အခြေအနေကြည့်ရတာ ဆုလာပေးတာ လက်မခံရင် ဖမ်းမယ့်သဘောမျိုးလို ဖြစ်နေပါတယ်

ဆုရတဲ့လူစာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက် ထက်က ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်လဲ ပါတယ်လို့ သိရပါတယ်

ဒါပေမယ့် ဦးဖေမြင့် ရန်ကုန်ပြန်ရောက်နေတယ် ဆုသွားမယူဘူးလို့ပဲ သိထားရပြီး၊ သူ့ကိုလဲ အိမ်ထိ ဆုလာပေးလား ဆိုတာကတော့ မသိရသေးပါဘူး

ခရက်ဒစ်-မောင်ကျော်မော်

 

Leave a Reply

Your email address will not be published. Required fields are marked *