ေရးတြင္ ဘယာေၾကာ္သည္ထံက ဘယာေၾကာ္လုစားတဲ့ ဒုစ႐ိုက္ႏွိမ္နင္းေရးေခါင္းေဆာင္ ဒုရဲမႉးလႈိင္မင္းသန႔္ မိုင္းေထာင္ရွင္းလင္းခံရ

ဧရာဝတီတိုင္းမ္

(ေရး)၊ ဇန္နဝါရီလ ၁၂ ရက္

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္ရွိ ေရးခ႐ိုင္ ဒုစ႐ိုက္ႏွိမ္နင္းေရးေခါင္းေဆာင္ ဒုရဲမႉးလႈိင္မင္းသန႔္အား ယမန္ေန႔ ဇန္နဝါရီလ ၁၁ ရက္ ည ၈ နာရီဝန္းက်င္တြင္ Ye Guerrilla Force အဖြဲ႕မွ မိုင္းေထာင္ရွင္းလင္းခဲ့ေၾကာင္း သိရသည္

၎ ဒုစ႐ိုက္ႏွိမ္နင္းေရးေခါင္းေဆာင္ ဒုရဲမႉးလႈိင္မင္းသန႔္သည္ ျပည္သူမ်ားအေပၚတြင္ လက္နက္ျပၿခိမ္းေျခာက္ေနသူျဖစ္ၿပီး ၎၏ ေနအိမ္သို႔အျပန္ ေရးၿမိဳ႕၊ ေအာင္သုခရပ္ကြက္အုန္းေတာတြင္ မိုင္းခြဲတိုက္ခိုက္ခဲ့ရာ ေနရာ၌ပင္ ပြဲခ်င္းၿပီး ေသဆုံးသြားေၾကာင္း Ye Guerrilla Force တပ္ဖြဲ႕ဝင္မ်ားထံမွ သိရသည္

အဆိုပါ ဒုရဲအုပ္သည္ ျပည္သူမ်ားအား လက္နက္အားကိုးျဖင့္ ၿခိမ္းေျခာက္အႏိုင္က်င့္ေလ့ရွိၿပီး ဘယာေၾကာ္သည္အား ပစၥတိုျဖင့္ဦးေခါင္းကိုခ်ိန္၍ ေငြမရွင္းဘဲ ဘယာေၾကာ္စားသည္အထိျပဳလုပ္ခဲ့ေၾကာင္း YGF အဖြဲ႕ဝင္မ်ားကေျပာသည္

“ညတည္းကေသသြားတယ္၊ စစ္ေကာင္စီဘက္ကအေလာင္းေဖ်ာက္ထားတယ္၊ သူ႔အိမ္ကိုဆိုင္ကယ္နဲ႔ျပန္တဲ့လမ္းမွာမိုင္းေထာင္ၿပီး တိုက္ခိုက္ခဲ့တာပါ

သူကျပည္သူေတြကိုလက္နက္နဲ႔ၿခိမ္းေျခာက္တယ္၊ ေငြညႇစ္တယ္ ဘယ္ေလာက္ေတာင္အႏိုင္က်င့္ေနလဲလို႔ အဲ့တာေတြေၾကာင့္ရွင္းလင္းခဲ့တာပါ “ဟုYe Guerrilla Force အဖြဲ႕ တာဝန္ရွိသူတစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာသည္

ေရးၿမိဳ႕နယ္၊ လမိုင္းၿမိဳ႕တြင္ ဇန္နဝါရီလ ၉ ရက္ေန႔ကလည္း ေရးၿမိဳ႕နယ္ သတင္းရဲတပ္ဖြဲ႕တာဝန္ခံ ရဲအုပ္ညီညီအား Ye Guerrilla Forceအဖြဲ႕မွ ပစ္ခတ္ရွင္းလင္းခဲ့ေသးေၾကာင္း အဆိုပါအဖြဲ႕ထံမွ သိရသည္

Ayeyarwaddy_Times

ရေးတွင် ဘယာကြော်သည်ထံက ဘယာကြော်လုစားတဲ့ ဒုစရိုက်နှိမ်နင်းရေးခေါင်းဆောင် ဒုရဲမှူးလှိုင်မင်းသန့် မိုင်းထောင်ရှင်းလင်းခံရ

ဧရာဝတီတိုင်းမ်

(ရေး)၊ ဇန်နဝါရီလ ၁၂ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ရေးခရိုင် ဒုစရိုက်နှိမ်နင်းရေးခေါင်းဆောင် ဒုရဲမှူးလှိုင်မင်းသန့်အား ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက် ည ၈ နာရီဝန်းကျင်တွင် Ye Guerrilla Force အဖွဲ့မှ မိုင်းထောင်ရှင်းလင်းခဲ့ကြောင်း သိရသည်

၎င်း ဒုစရိုက်နှိမ်နင်းရေးခေါင်းဆောင် ဒုရဲမှူးလှိုင်မင်းသန့်သည် ပြည်သူများအပေါ်တွင် လက်နက်ပြခြိမ်းခြောက်နေသူဖြစ်ပြီး ၎င်း၏ နေအိမ်သို့အပြန် ရေးမြို့၊ အောင်သုခရပ်ကွက်အုန်းတောတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း Ye Guerrilla Force တပ်ဖွဲ့ဝင်များထံမှ သိရသည်

အဆိုပါ ဒုရဲအုပ်သည် ပြည်သူများအား လက်နက်အားကိုးဖြင့် ခြိမ်းခြောက်အနိုင်ကျင့်လေ့ရှိပြီး ဘယာကြော်သည်အား ပစ္စတိုဖြင့်ဦးခေါင်းကိုချိန်၍ ငွေမရှင်းဘဲ ဘယာကြော်စားသည်အထိပြုလုပ်ခဲ့ကြောင်း YGF အဖွဲ့ဝင်များကပြောသည်

“ညတည်းကသေသွားတယ်၊ စစ်ကောင်စီဘက်ကအလောင်းဖျောက်ထားတယ်၊ သူ့အိမ်ကိုဆိုင်ကယ်နဲ့ပြန်တဲ့လမ်းမှာမိုင်းထောင်ပြီး တိုက်ခိုက်ခဲ့တာပါ

သူကပြည်သူတွေကိုလက်နက်နဲ့ခြိမ်းခြောက်တယ်၊ ငွေညှစ်တယ် ဘယ်လောက်တောင်အနိုင်ကျင့်နေလဲလို့ အဲ့တာတွေကြောင့်ရှင်းလင်းခဲ့တာပါ “ဟုYe Guerrilla Force အဖွဲ့ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်

ရေးမြို့နယ်၊ လမိုင်းမြို့တွင် ဇန်နဝါရီလ ၉ ရက်နေ့ကလည်း ရေးမြို့နယ် သတင်းရဲတပ်ဖွဲ့တာဝန်ခံ ရဲအုပ်ညီညီအား Ye Guerrilla Forceအဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့သေးကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်

Ayeyarwaddy_Times

 

Leave a Reply

Your email address will not be published. Required fields are marked *