မိုးညႇင္းတြင္ မူးယစ္ေဆးဝါးမ်ားကို ဖမ္းဆီးၿပီး ျပန္လည္ ေရာင္းခ်ေနသည့္ မူးယစ္ရဲတပ္ဖြဲ႕မွ ရဲအုပ္ မင္းကိုကို အပါအဝင္ ရဲ ၃ ဦးႏွင့္ သတင္းေပး ၂ ဦးကို လက္နက္၊ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိ

ရန္ကုန္၊ ဇန္နဝါရီလ ၁၂

ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕နယ္၊ ေမာ္ဟန္ေက်း႐ြာအနီးတြင္ ဇန္နဝါရီလ ၁၂ ရက္ေန႔လယ္ပိုင္း စစ္ေကာင္စီလက္ေအာက္ခံ မူးယစ္ရဲတပ္ဖြဲ႕မွ ရဲအုပ္မင္းကိုကို အပါအဝင္ ရဲ ၃ ဦးႏွင့္သတင္းေပး ၂ ဦး စုစုေပါင္း ၅ ဦး ကို ဖမ္းမိထား ေၾကာင္း Mohnyin Revolution Force တပ္ဖြဲ႕က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာၾကားသည္

အဆိုပါ ရဲအုပ္ အပါအဝင္ ရဲႏွင့္ သတင္းေပး ၅ ဦးသည္ ေမာ္ဟန္ေက်း႐ြာရွိ ဘိန္းခန္းမ်ားကို လိုင္းေၾကးလိုက္ေကာက္ ေနေၾကာင္း ျပည္သူမ်ား၏ သတင္းေပးတိုင္ၾကားမႈေၾကာင့္ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ဝင္မ်ားက သြားေရာက္ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း၊

ရဲအုပ္မင္းကိုကို အပါအဝင္ ရဲ ၃ ဦး၊ ဟိုပင္ၿမိဳ႕မွ ရဲသတင္းေပး တင္ဝင္း အပါအဝင္ ၂ ဦးတို႔ကို လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္

“ဒီေန႔ ေန႔လယ္ပိုင္းက ဖမ္းမိခဲ့တာ၊ ျပည္သူေတြက ေစာင့္ၾကည့္ တိုင္ၾကား လို႔ ဖမ္းဆီးႏိုင္တာျဖစ္ တဲ့ အတြက္ ျပည္သူေတြကို အထူးေက်းဇူးတင္ပါတယ္၊ ဆက္လက္သတင္းေပးတိုင္ၾကားဖို႔လည္း ဖိတ္ေခၚပါ တယ္” ဟု Mohnyin Revolution Force တပ္ ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာဆိုသည္

ထိုမူးယစ္တပ္ဖြဲ႕ဝင္မ်ားသည္ လြန္ခဲ့သည့္ ရက္ပိုင္းက ဖမ္းဆီးရရွိေသာ မူးယစ္ေဆးဝါး မ်ားကို အမႈစြဲ တင္ရာတြင္ အနည္းငယ္ ဟန္ျပအသုံးျပဳၿပီး က်န္မူးယစ္ေဆးဝါးမ်ားကို ျပန္လည္ျဖန႔္ျဖဴးေရာင္း ခ်ေနေၾကာင္း၊

မူးယစ္ရာဇာမ်ားထံမွ ဖမ္းမိ ပစၥည္းမ်ားကို အမႈသက္သာေစရန္ ေလွ်ာ့နည္းတရားစြဲဆိုရာက ေငြရေနသည့္အျပင္ မူးယစ္ေဆးဝါးေရာင္းခ်ေသာ ေငြပါရေနသည့္အတြက္ ႀကီးပြားေနၾကသူမ်ားျဖစ္ေၾကာင္း သိရသည္

“သုံးစြဲသူေတြ ဖမ္းမိရင္ သိန္း ၅၀ ေတာင္းၿပီး ျပန္လႊတ္ေပးတယ္၊ သတင္းေပးတဲ့ အင္ေဖာ္မာက ၁၀ သိန္းရတယ္၊ အဲဒီလိုနဲ႔ ဒီေကာင္ေတြက ေထာေနၾကတာ၊ မူး ယစ္ေဆးဝါးကို လုံးဝအသုံးျပဳခြင့္ေပးလို႔မရပါ ဘူး” ဟု Mohnyin Revolution Force တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္

ဖမ္းဆီးရရွိခဲ့ေသာ ရဲႏွင့္ ရဲသတင္းေပးမ်ားကို ႏိုင္ငံတကာ စစ္သုံ႔ပန္းဥပေဒႏွင့္အညီ ေကာင္းမြန္စြာ ထိန္းသိမ္းထားေၾကာင္း သိရွိရသည္

မိုးညှင်းတွင် မူးယစ်ဆေးဝါးများကို ဖမ်းဆီးပြီး ပြန်လည် ရောင်းချနေသည့် မူးယစ်ရဲတပ်ဖွဲ့မှ ရဲအုပ် မင်းကိုကို အပါအဝင် ရဲ ၃ ဦးနှင့် သတင်းပေး ၂ ဦးကို လက်နက်၊ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန်၊ ဇန်နဝါရီလ ၁၂

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာအနီးတွင် ဇန်နဝါရီလ ၁၂ ရက်နေ့လယ်ပိုင်း စစ်ကောင်စီလက်အောက်ခံ မူးယစ်ရဲတပ်ဖွဲ့မှ ရဲအုပ်မင်းကိုကို အပါအဝင် ရဲ ၃ ဦးနှင့်သတင်းပေး ၂ ဦး စုစုပေါင်း ၅ ဦး ကို ဖမ်းမိထား ကြောင်း Mohnyin Revolution Force တပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်

အဆိုပါ ရဲအုပ် အပါအဝင် ရဲနှင့် သတင်းပေး ၅ ဦးသည် မော်ဟန်ကျေးရွာရှိ ဘိန်းခန်းများကို လိုင်းကြေးလိုက်ကောက် နေကြောင်း ပြည်သူများ၏ သတင်းပေးတိုင်ကြားမှုကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊

ရဲအုပ်မင်းကိုကို အပါအဝင် ရဲ ၃ ဦး၊ ဟိုပင်မြို့မှ ရဲသတင်းပေး တင်ဝင်း အပါအဝင် ၂ ဦးတို့ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်

“ဒီနေ့ နေ့လယ်ပိုင်းက ဖမ်းမိခဲ့တာ၊ ပြည်သူတွေက စောင့်ကြည့် တိုင်ကြား လို့ ဖမ်းဆီးနိုင်တာဖြစ် တဲ့ အတွက် ပြည်သူတွေကို အထူးကျေးဇူးတင်ပါတယ်၊ ဆက်လက်သတင်းပေးတိုင်ကြားဖို့လည်း ဖိတ်ခေါ်ပါ တယ်” ဟု Mohnyin Revolution Force တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်

ထိုမူးယစ်တပ်ဖွဲ့ဝင်များသည် လွန်ခဲ့သည့် ရက်ပိုင်းက ဖမ်းဆီးရရှိသော မူးယစ်ဆေးဝါး များကို အမှုစွဲ တင်ရာတွင် အနည်းငယ် ဟန်ပြအသုံးပြုပြီး ကျန်မူးယစ်ဆေးဝါးများကို ပြန်လည်ဖြန့်ဖြူးရောင်း ချနေကြောင်း၊

မူးယစ်ရာဇာများထံမှ ဖမ်းမိ ပစ္စည်းများကို အမှုသက်သာစေရန် လျှော့နည်းတရားစွဲဆိုရာက ငွေရနေသည့်အပြင် မူးယစ်ဆေးဝါးရောင်းချသော ငွေပါရနေသည့်အတွက် ကြီးပွားနေကြသူများဖြစ်ကြောင်း သိရသည်

“သုံးစွဲသူတွေ ဖမ်းမိရင် သိန်း ၅၀ တောင်းပြီး ပြန်လွှတ်ပေးတယ်၊ သတင်းပေးတဲ့ အင်ဖော်မာက ၁၀ သိန်းရတယ်၊ အဲဒီလိုနဲ့ ဒီကောင်တွေက ထောနေကြတာ၊ မူး ယစ်ဆေးဝါးကို လုံးဝအသုံးပြုခွင့်ပေးလို့မရပါ ဘူး” ဟု Mohnyin Revolution Force တာဝန်ရှိသူတစ်ဦးက ပြောကြားသည်

ဖမ်းဆီးရရှိခဲ့သော ရဲနှင့် ရဲသတင်းပေးများကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း သိရှိရသည်

 

Leave a Reply

Your email address will not be published. Required fields are marked *