မႏၲေလးတြင္ စစ္တပ္၏ အတုအေယာင္ေ႐ြးေကာက္ပြဲအတြက္ လူဦးေရႏွင့္သန္းေခါင္စာရင္း ေကာက္ယူသည့္ ေနရာ ၆ ခုကို ေဖာက္ခြဲ သတိေပး၊ ပူးေပါင္းပါဝင္သူမ်ားကို ထိေရာက္စြာ အေရးယူသြားမည္ဟုဆို

ရန္ကုန္၊ ဇန္နဝါရီ ၁၂

မႏၲေလးတြင္ စစ္တပ္၏ အတုအေယာင္ေ႐ြးေကာက္ပြဲအတြက္ လူဦးေရႏွင့္သန္း ေခါင္စာရင္း ေကာက္ယူသည့္ ေနရာ ၅ ခုကို ယမန္ေန႔ကေဖာက္ခြဲ သတိေပးမႈမ်ားကို ၿမိဳ႕ျပေပ်ာက္က်ားတပ္ဖြဲ႕တခ်ိဳ႕က လုပ္ေဆာင္သည္

စစ္တပ္၏ခိုင္ေစမႈမ်ားကို လိုက္ပါ လုပ္ေဆာင္ ပူးေပါင္းပါဝင္သူမ်ားကို ထိေရာက္စြာ လက္တုံ႔ျပန္သြားမည္ဟု No More Dictatorship People Defence Force – NMD မွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္သို႔ ေျပာၾကားသည္

စစ္တပ္က ၂၀၂၃ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲက်င္းပရန္ လူဦးေရေကာက္ ယူျခင္းကို မပူးေပါင္းရန္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ ျပည္ထဲေရးႏွင့္ လူဝင္မႈ ႀကီးၾကပ္ေရးဝန္ႀကီးဌနမွ ဇန္နဝါရီလ ၉ ရက္ေန႔တြင္ ေၾကညာခ်က္ထုတ္ျပန္ခဲ့ၿပီးျဖစ္ေၾကာင္းႏွင့္ အဆိုပါ ထုတ္ျပန္ခ်က္ကို မလိုက္နာဘဲ စစ္ေကာင္စီ အလို က် ပူးေပါင္းပါဝင္ေနသူ မည္သူ႔ကို မဆို ပထမအဆင့္ သတိေပးေဖာက္ခြဲျခင္း၊ ဒုတိယအဆင့္ ေကာင္းသည္ ဆိုးသည္ မခြဲျခားဘဲ ထိေရာက္စြာ တိုက္ခိုက္သြားမည္ဟု No More Dictatorship People Defense Force – NMD က ဇန္နဝါရီ ၁၁ ရက္ေန႔တြင္ ေၾကညာသည္

ပထမအဆင့္ သတိေပးေဖာက္ခြဲမႈျဖစ္ ဇန္နဝါရီလ ၁၁ ရက္ေန႔တြင္ မႏၲေလးၿမိဳ႕တြင္ ၅ ေနရာကို ေဖာက္ခြဲ သတိေပးခဲ့ေၾကာင္း သိရွိရသည္

သတိေပးေဖာက္ခြဲခဲ့သည့္ ေနရာမ်ားမွာ ယမန္ေန႔ ညေန ၄ နာရီခြဲခန႔္တြင္ ၃၇ x ၇၃ ဓမၼာ႐ုံအနီး မဲစာရင္းေကာက္သည့္ေနရာ ၊ ယမန္ေန႔ ညေန ၄ နာရီခြဲခန႔္တြင္ ၅၆ x ၅၇ ၊ ၁၁၃ လမ္း၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ မဲစာရင္းေကာက္ေနသည့္ေနရာ၊

ယမန္ေန႔ ညေန ၄ နာရီခြဲခန႔္တြင္ ၃၈ လမ္း၊ ၈၉ လမ္းေထာင့္ အမႈိက္ပုံ စည္ပင္ပင္းအတြင္း မနက္ပိုင္း မဲစာရင္းေကာက္ခဲ့သည့္ ေနရာအနီး ၊ ယမန္ေန႔ ညေန ၅ နာရီခန႔္တြင္ ၆၈ x ၁၀၇ လမ္း ေဘာလုံးကြင္းအေရွ႕ဖက္ ဘက္စုံအားကစားကြင္း၊ ည ၇ နာရီခန႔္တြင္ ၄၀ x ၄၁ ၊ ၉၀ လမ္း၊ ဧသုခရပ္ကြက္႐ုံး မဲစာရင္းေကာက္သည့္ေနရာမ်ားကို သတိေပးေဖာက္ခြဲခဲ့ေၾကာင္း သိရွိရသည္

“ပထမအဆင့္အေနနဲ႔ သတိေပးတာဗ် ဒုတိယအေနနဲ႔ ဘာေၾကာင့္ ညာေၾကာင့္ ဆိုသည္း ေကာင္းသည္ မခြဲျခားဘဲ စကစ အလိုက်လုပ္ေဆာင္ေနသူေတြကို ထိေရာက္စြာ တုံ႔ျပန္သြားမယ္ဗ်ာ။ ဒါေၾကာင့္ ျပည္သူလူထု ဆႏၵမပါဘဲ စကစ အလိုက် မဲစာရင္းအတြက္ လုပ္ကိုင္ေပးေနမယ္ဆိုရင္ အသက္အႏၲရာယ္အတြက္ အာမခံမွာ မဟုတ္ေၾကာင္း ေျပာခ်င္ပါတယ္ဗ်ာ

စကစ မဲစာရင္းန႔ ပတ္သက္ၿပီး လုပ္တဲ့ လူမွန္သမွ် သတိေပးေဖာက္ခြဲတာေတြ ထပ္လုပ္ဖို႔ ရွိတယ္ဗ် ” ဟု No More Dictatorship People Defense Force – NMD မွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္သို႔ ေျပာၾကားသည္

No More Dictatorship People Defense Force – NMD အေနျဖင့္ စစ္ေကာင္စီ၏ မဲစာရင္းနဲ႔ ပတ္သက္ၿပီး လုပ္ေဆာင္သူ မွန္သမွ်ကို ထိေရာက္စြာ တုံ႔ျပန္သြားမည္ျဖစ္ၿပီး ျပည္သူမ်ားအေနႏွင့္ စစ္ေကာင္စီႏွင့္ ေဝးေဝးေနၾကရန္ တိုက္တြန္းပါေၾကာင္းႏွင္ မလိုက္နာပါက တာဝန္ယူမည္ မဟုတ္ဟု အသိေပးေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္

ထို႔အတူ ဇန္နဝါရီလ ၁၂ ရက္ေန႔ မြန္းလြဲ ၂ နာရီ မႏၲေလးတိုင္း၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၊ ကြၽန္းလုံးဥေသွ်ာင္ရပ္ကြက္ ၈၄ လမ္း / ဦးပြားဂုံးေက်ာ္အဆင္းလမ္း ( ဗိုလ္အိမ္လမ္း) ေထာင့္ရွိ ဝသုေျႏၵဓမၼာ႐ုံအတြင္း စစ္ေကာင္စီ၏ ျပည္သူ႔သ ေဘာ ထား ႏွင့္အလိုမတူ ဆန႔္က်င္ကာ ေ႐ြးေကာက္ပြဲလုပ္၍ မဲဆြယ္‌စည္း႐ုံးရန္ အစည္းအေဝးလုပ္ေနၾကေသာ အဖြဲ႕ကို ဗုံး ၁ လုံး ျဖင့္ ဝင္ေရာက္ပစ္ခတ္ခဲ့ရာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ပိုင္ ကား တစီးပ်က္စီးသြားေၾကာင္း၊

စစ္တပ္ဘက္က ၆ ခ်က္ခန႔္ျပန္လည္ပစ္ခတ္ခဲ့ေသာ္လည္း STF-MDYက ရဲေဘာ္မ်ား အထိအခိုက္တစုံတရာ မရရွိဘဲ ျပန္လည္ဆုတ္ခြာႏိုင္ခဲ့ေၾကာင္း STF-MDYက သတင္းထုတ္ျပန္သည္

မန္တလေးတွင် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲအတွက် လူဦးရေနှင့်သန်းခေါင်စာရင်း ကောက်ယူသည့် နေရာ ၆ ခုကို ဖောက်ခွဲ သတိပေး၊ ပူးပေါင်းပါဝင်သူများကို ထိရောက်စွာ အရေးယူသွားမည်ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၂

မန္တလေးတွင် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲအတွက် လူဦးရေနှင့်သန်း ခေါင်စာရင်း ကောက်ယူသည့် နေရာ ၅ ခုကို ယမန်နေ့ကဖောက်ခွဲ သတိပေးမှုများကို မြို့ပြပျောက်ကျားတပ်ဖွဲ့တချို့က လုပ်ဆောင်သည်

စစ်တပ်၏ခိုင်စေမှုများကို လိုက်ပါ လုပ်ဆောင် ပူးပေါင်းပါဝင်သူများကို ထိရောက်စွာ လက်တုံ့ပြန်သွားမည်ဟု No More Dictatorship People Defence Force – NMD မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်

စစ်တပ်က ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲကျင်းပရန် လူဦးရေကောက် ယူခြင်းကို မပူးပေါင်းရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌနမှ ဇန်နဝါရီလ ၉ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်းနှင့် အဆိုပါ ထုတ်ပြန်ချက်ကို မလိုက်နာဘဲ စစ်ကောင်စီ အလို ကျ ပူးပေါင်းပါဝင်နေသူ မည်သူ့ကို မဆို ပထမအဆင့် သတိပေးဖောက်ခွဲခြင်း၊ ဒုတိယအဆင့် ကောင်းသည် ဆိုးသည် မခွဲခြားဘဲ ထိရောက်စွာ တိုက်ခိုက်သွားမည်ဟု No More Dictatorship People Defense Force – NMD က ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကြေညာသည်

ပထမအဆင့် သတိပေးဖောက်ခွဲမှုဖြစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မန္တလေးမြို့တွင် ၅ နေရာကို ဖောက်ခွဲ သတိပေးခဲ့ကြောင်း သိရှိရသည်

သတိပေးဖောက်ခွဲခဲ့သည့် နေရာများမှာ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ၃၇ x ၇၃ ဓမ္မာရုံအနီး မဲစာရင်းကောက်သည့်နေရာ ၊ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ၅၆ x ၅၇ ၊ ၁၁၃ လမ်း၊ ချမ်းမြသာစည်မြို့နယ်တွင် မဲစာရင်းကောက်နေသည့်နေရာ၊

ယမန်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ၃၈ လမ်း၊ ၈၉ လမ်းထောင့် အမှိုက်ပုံ စည်ပင်ပင်းအတွင်း မနက်ပိုင်း မဲစာရင်းကောက်ခဲ့သည့် နေရာအနီး ၊ ယမန်နေ့ ညနေ ၅ နာရီခန့်တွင် ၆၈ x ၁၀၇ လမ်း ဘောလုံးကွင်းအရှေ့ဖက် ဘက်စုံအားကစားကွင်း၊ ည ၇ နာရီခန့်တွင် ၄၀ x ၄၁ ၊ ၉၀ လမ်း၊ ဧသုခရပ်ကွက်ရုံး မဲစာရင်းကောက်သည့်နေရာများကို သတိပေးဖောက်ခွဲခဲ့ကြောင်း သိရှိရသည်

“ပထမအဆင့်အနေနဲ့ သတိပေးတာဗျ ဒုတိယအနေနဲ့ ဘာကြောင့် ညာကြောင့် ဆိုသည်း ကောင်းသည် မခွဲခြားဘဲ စကစ အလိုကျလုပ်ဆောင်နေသူတွေကို ထိရောက်စွာ တုံ့ပြန်သွားမယ်ဗျာ။ ဒါကြောင့် ပြည်သူလူထု ဆန္ဒမပါဘဲ စကစ အလိုကျ မဲစာရင်းအတွက် လုပ်ကိုင်ပေးနေမယ်ဆိုရင် အသက်အန္တရာယ်အတွက် အာမခံမှာ မဟုတ်ကြောင်း ပြောချင်ပါတယ်ဗျာ

စကစ မဲစာရင်းန့ ပတ်သက်ပြီး လုပ်တဲ့ လူမှန်သမျှ သတိပေးဖောက်ခွဲတာတွေ ထပ်လုပ်ဖို့ ရှိတယ်ဗျ ” ဟု No More Dictatorship People Defense Force – NMD မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်

No More Dictatorship People Defense Force – NMD အနေဖြင့် စစ်ကောင်စီ၏ မဲစာရင်းနဲ့ ပတ်သက်ပြီး လုပ်ဆောင်သူ မှန်သမျှကို ထိရောက်စွာ တုံ့ပြန်သွားမည်ဖြစ်ပြီး ပြည်သူများအနေနှင့် စစ်ကောင်စီနှင့် ဝေးဝေးနေကြရန် တိုက်တွန်းပါကြောင်းနှင် မလိုက်နာပါက တာဝန်ယူမည် မဟုတ်ဟု အသိပေးကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်

ထို့အတူ ဇန်နဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် ၊ ကျွန်းလုံးဥသျှောင်ရပ်ကွက် ၈၄ လမ်း / ဦးပွားဂုံးကျော်အဆင်းလမ်း ( ဗိုလ်အိမ်လမ်း) ထောင့်ရှိ ဝသုန္ဒြေဓမ္မာရုံအတွင်း စစ်ကောင်စီ၏ ပြည်သူ့သ ဘော ထား နှင့်အလိုမတူ ဆန့်ကျင်ကာ ရွေးကောက်ပွဲလုပ်၍ မဲဆွယ်‌စည်းရုံးရန် အစည်းအဝေးလုပ်နေကြသော အဖွဲ့ကို ဗုံး ၁ လုံး ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်ပိုင် ကား တစီးပျက်စီးသွားကြောင်း၊

စစ်တပ်ဘက်က ၆ ချက်ခန့်ပြန်လည်ပစ်ခတ်ခဲ့သော်လည်း STF-MDYက ရဲဘော်များ အထိအခိုက်တစုံတရာ မရရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း STF-MDYက သတင်းထုတ်ပြန်သည်

 

Leave a Reply

Your email address will not be published. Required fields are marked *