ေ႐ႊဘို-ေက်ာက္ေျမာင္းလမ္းေပၚတြင္ စစ္ကား ၂ စီး မိုင္းဆြဲတိုက္ခိုက္ခံရၿပီး စစ္သား ၆ ဦးထက္မနည္း ေသဆုံး
ရန္ကုန္၊ ဇန္နဝါရီ ၁၂
စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုၿမိဳ႕နယ္၊ ေ႐ႊဘို-ေက်ာက္ေျမာင္းလမ္းေပၚတြင္ စစ္ေကာင္ စီတပ္သား မ်ားလိုက္ပါလာေသာ ၁၂ ဘီးကား ၂ စီးကို မိုင္းဆြဲတိုက္ခိုက္ခဲ့ရာ စစ္သား ၆ ဦးထက္မနည္းေသဆုံးခဲ့ ေၾကာင္း Who Am I –Army တပ္ဖြဲထံမွ တာဝန္ရွိသူတစ္ဦး ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ေျပာ ၾကား သည္
ယမန္ေန႔ ဇန္နဝါရီ ၁၁ ရက္ ညေန ၄ နာရီခန႔္က ေက်း႐ြာမ်ားကို မီးရႈိ႕ဖ်က္ဆီး ေ႐ႊဘိုၿမိဳ႕သို႔ ျပန္လာ ေသာ ေ႐ႊဘိုၿမိဳ႕ စခတ ၈ မွ တပ္သားမ်ားကို ျပည္သူ႔ကာ ကြယ္ေရးအဖြဲ႕မ်ားက မိုင္းဆြဲတိုက္ ခိုက္ခဲ့ရာ တစ္စီးကို ထိထိမိမိ ထိမွန္ခဲ့ၿပီး ထိုးရပ္သြားေၾကာင္း၊ ယင္းစစ္ကားကို ျပည္သူ႔ကာ ကြယ္ေရးတပ္ဖြဲ႕မ်ားက သိမ္းပိုက္ကာ မီးရႈိ႕ဖ်က္ဆီးလိုက္ေၾကာင္း သိရသည္
“ကားထိုးရပ္ၿပီးေတာ့ ဝင္စီးဖို႔ျပင္ေနခ်ိန္မွာ တပ္ကူေတြ ေရာက္လာလို႔ ကပ္မရဘူးျဖစ္သြားတယ္၊ ေသဆုံးစစ္ေခြးေတြနဲ႔ ဒဏ္ရာရ စစ္ေခြးေတြ၊ ပစၥည္းေတြကို လာကူတဲ့ကားနဲ႔တင္သြားတာတယ္
မနက္ပိုင္း ေလာက္မွ ကားနားကပ္ႏိုင္ခဲ့တာ၊ ကားနားကပ္ႏိုင္တဲ့အခ်ိန္ မီးရႈိ႕ဖ်က္ဆီးပစ္ခဲ့လိုက္တယ္၊ စစ္ေခြး ေသတာ ၆ ဦးေတာ့အတည္ျပဳလို႔ရတယ္၊ ေနာက္ဆက္တြဲေသဆုံးမႈေတြလည္း ရွိႏိုင္တယ္” ဟု Who Am I –Army တပ္ဖြဲထံမွ တာဝန္ရွိသူတစ္ဦး ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္
မိုင္းထိသြားေသာ ကားေပၚမွ စစ္အေျခခံသင္တန္းေက်ာင္း တံဆိပ္ပါ ယူနီ ေဖာင္း ၃ စုံ၊ စစ္ေက်ာ ပိုးအိတ္တစ္လုံး၊ စစ္အသုံးအေဆာင္ပစၥည္းမ်ားကို သိမ္း ဆည္းရရွိခဲ့ေၾကာင္း၊ စစ္ကူေရာက္လာကာ သယ္ေဆာင္သြား သည့္ ေသဆုံးဒဏ္ရာရစစ္သားမ်ားကို ေ႐ႊဘိုၿမိဳ႕ တကၠသိုလ္ေက်ာင္းေပါက္ဝတြင္ ခ်ထားခဲ့ေၾကာင္း သိရသည္
ယင္းတိုက္ခိုက္မႈကို Who Am I – Army ၊ Black Wolf – Army ၊ ေဒါင္းနီတပ္ဖြဲ႕၊ God Hands ၊ Burma Rangers တပ္ဖြဲ႕ႏွင့္ ေ႐ႊဘိုခ႐ိုင္ အမွတ္ ၅ တပ္ရင္းတို႔ပူးေပါင္းကာ တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရ သည္
ရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးထက်မနည်း သေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် စစ်ကောင် စီတပ်သား များလိုက်ပါလာသော ၁၂ ဘီးကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးထက်မနည်းသေဆုံးခဲ့ ကြောင်း Who Am I –Army တပ်ဖွဲထံမှ တာဝန်ရှိသူတစ်ဦး ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြော ကြား သည်
ယမန်နေ့ ဇန်နဝါရီ ၁၁ ရက် ညနေ ၄ နာရီခန့်က ကျေးရွာများကို မီးရှို့ဖျက်ဆီး ရွှေဘိုမြို့သို့ ပြန်လာ သော ရွှေဘိုမြို့ စခတ ၈ မှ တပ်သားများကို ပြည်သူ့ကာ ကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ တစ်စီးကို ထိထိမိမိ ထိမှန်ခဲ့ပြီး ထိုးရပ်သွားကြောင်း၊ ယင်းစစ်ကားကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်
“ကားထိုးရပ်ပြီးတော့ ဝင်စီးဖို့ပြင်နေချိန်မှာ တပ်ကူတွေ ရောက်လာလို့ ကပ်မရဘူးဖြစ်သွားတယ်၊ သေဆုံးစစ်ခွေးတွေနဲ့ ဒဏ်ရာရ စစ်ခွေးတွေ၊ ပစ္စည်းတွေကို လာကူတဲ့ကားနဲ့တင်သွားတာတယ်
မနက်ပိုင်း လောက်မှ ကားနားကပ်နိုင်ခဲ့တာ၊ ကားနားကပ်နိုင်တဲ့အချိန် မီးရှို့ဖျက်ဆီးပစ်ခဲ့လိုက်တယ်၊ စစ်ခွေး သေတာ ၆ ဦးတော့အတည်ပြုလို့ရတယ်၊ နောက်ဆက်တွဲသေဆုံးမှုတွေလည်း ရှိနိုင်တယ်” ဟု Who Am I –Army တပ်ဖွဲထံမှ တာဝန်ရှိသူတစ်ဦး ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်
မိုင်းထိသွားသော ကားပေါ်မှ စစ်အခြေခံသင်တန်းကျောင်း တံဆိပ်ပါ ယူနီ ဖောင်း ၃ စုံ၊ စစ်ကျော ပိုးအိတ်တစ်လုံး၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်း ဆည်းရရှိခဲ့ကြောင်း၊ စစ်ကူရောက်လာကာ သယ်ဆောင်သွား သည့် သေဆုံးဒဏ်ရာရစစ်သားများကို ရွှေဘိုမြို့ တက္ကသိုလ်ကျောင်းပေါက်ဝတွင် ချထားခဲ့ကြောင်း သိရသည်
ယင်းတိုက်ခိုက်မှုကို Who Am I – Army ၊ Black Wolf – Army ၊ ဒေါင်းနီတပ်ဖွဲ့၊ God Hands ၊ Burma Rangers တပ်ဖွဲ့နှင့် ရွှေဘိုခရိုင် အမှတ် ၅ တပ်ရင်းတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်