ႏိုင္ငံတကာမူးယစ္ရာဇဝတ္ေကာင္နဲ႔ အတူပူးေပါင္းေနတဲ့ အၾကမ္းဖက္မင္းေအာင္လႈိင္ရဲ႕ မိသားစုပိုင္ပစၥည္းေတြအေၾကာင္း ကမာၻ႔မီဒီယာေတြမွာ ေခါင္းႀကီးပိုင္းက ေဖာ္ျပေနၾက
ဇႏၷဝါရီ ၁၂၊ ၂၀၂၃
လက္နက္ပြဲစား ထြန္းမင္းလတ္ကို ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ ဖမ္းဆီးရမိခ်ိန္ သိမ္းဆည္းရမိတဲ့ ပစၥည္းေတြထဲမွာ အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ မိသားစုပိုင္ဆိုင္တဲ့ စာ႐ြက္စာတမ္းေတြနဲ႔ ပိုင္ဆိုင္မႈေတြ ေတြ႕ရတဲ့ သတင္းကို ကမာၻ႔သတင္းမီဒီယာေတြမွာ ေခါင္းႀကီးပိုင္းက ေဖာ္ျပေနၾကပါတယ္
ထြန္းမင္းလတ္နဲ႔ သူရဲ႕လုပ္ေဖာ္ကိုင္ဖက္ သုံးဦးတို႔ကို ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ စက္တင္ဘာလ ၁၇ ရက္ေန႔ အ႐ုဏ္တက္ခ်ိန္မွာ စီးနင္း ဖမ္းဆီးခဲ့ၿပီး၊
သိမ္းဆည္းရမိခဲ့တဲ့ ပစၥည္းေတြမွာ စစ္အုပ္စုေခါင္းေဆာင္ မင္းေအာင္လႈိင္ရဲ႕ သားသမီးေတြ ပိုင္ဆိုင္တဲ့ အဆင့္ျမင့္ဇိမ္ခံဘန္ေကာက္ကြန္ဒိုတစ္လုံးနဲ႔ Siam Commercial Bank ဘဏ္စာအုပ္ႏွစ္အုပ္တို႔ ပါဝင္ေနတာျဖစ္တယ္လို႔ Justice For Myanmar က ထုတ္ျပန္ထားပါတယ္
အဆင့္ျမင့္ဇိမ္ခံ ကြန္ဒိုက Belle Rama 9 ကြန္ဒိုျဖစ္ၿပီး မင္းေအာင္လႈိင္ရဲ႕ သားျဖစ္သူ ေအာင္ျပည္စုံ ပိုင္ဆိုင္တဲ့ အခန္းဆိုတာနဲ႔ Siam Commercial Bank စာအုပ္ေတြဟာ မင္းေအာင္လႈိင္ရဲ႕ သမီးျဖစ္သူ ခင္သီရိသက္မြန္ နာမည္နဲ႔ ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္
ထြန္းမင္းလတ္ရဲ႕ ရာဇဝတ္မႈေတြနဲ႔ ဆက္စပ္ေနတဲ့ အေထာက္အထားေတြ ရွိေနေပမယ့္ ထိုင္းအာဏာ ပိုင္ေတြဟာ ေအာင္ျပည္စုံနဲ႔ ခင္သီရိသက္မြန္တို႔ရဲ႕ ပိုင္ဆိုင္မႈေတြကို သိမ္းယူထားျခင္းမရွိေသးဘူးလို႔ Justice For Myanmar က ေဖာ္ျပထားပါတယ္
မင္းေအာင္လႈိင္နဲ႔ ထိုင္းႏိုင္ငံမွာ ၂၀၁၄ ခုႏွစ္ စစ္တပ္က အာဏာသိမ္းတာကို ဦးေဆာင္ၿပီး ဝန္ႀကီးခ်ဳပ္ျဖစ္လာတဲ့ ထိုင္းႏိုင္ငံဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာတို႔ ရင္းႏွီးတဲ့ ပုဂၢိဳလ္ေရးဆက္ဆံမႈ ရွိေနတဲ့ အေျခအေနမွာ ယခုျဖစ္ရပ္ေတြ မေမွ်ာ္လင့္ဘဲ ထြက္ေပၚလာတာျဖစ္ပါတယ္
“မင္းေအာင္လႈိင္ သားသမီးေတြရဲ႕ ပိုင္ဆိုင္မႈေတြဟာ ႏိုင္ငံတကာ ရာဇဝတ္ေကာင္ရဲ႕ လက္ဝယ္ရွိေနတယ္ဆိုတဲ့အခ်က္က ထိုင္းအစိုးရနဲ႔ ႏိုင္ငံတကာအသိုင္းအဝိုင္းအတြက္ အခ်က္ေပးေခါင္းေလာင္းထိုးသံ ျဖစ္သင့္ပါတယ္
ထိုင္းအာဏာပိုင္ေတြအေနနဲ႔ ေအာင္ျပည့္စုံနဲ႔ ခင္သီရိသက္မြန္တို႔ရဲ႕ ပိုင္ဆိုင္မႈေတြကို သိမ္းဆည္းၿပီး၊ ထြန္းမင္းလတ္ စြဲဆိုခံထားရတဲ့ ေငြေၾကးခဝါခ်မႈနဲ႔ မူးယစ္ေဆးဝါးေမွာင္ခိုေရာင္းဝယ္မႈေတြကေန အက်ိဳးအျမတ္ေတြ ရရွိခဲ့ျခင္းရွိမရွိကို စုံစမ္းစစ္ေဆးဖို႔၊
ထိုင္းဥပေဒခ်ိဳးေဖာက္မႈတစုံတရာေတြ႕ရွိရင္ သူတို႔ကို တရားစြဲဆိုဖို႔ Justice For Myanmar က တိုက္တြန္းေတာင္းဆိုပါတယ္” လို႔ Justice For Myanmar ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ မရတနာေမာင္က ေျပာပါတယ္
ထိုင္းအာဏာပိုင္ေတြအေနနဲ႔ ေအာင္ျပည့္စုံနဲ႔ ခင္သီရိသက္မြန္တို႔ရဲ႕ ပိုင္ဆိုင္မႈေတြကို သိမ္းဆည္းၿပီး၊ စြဲဆိုထားတဲ့ ရာဇဝတ္မႈကေန သူတို႔ေတြ အက်ိဳးအျမတ္ရရွိခဲ့ျခင္းရွိမရွိကို စုံစမ္းစစ္ေဆးဖို႔နဲ႔ စစ္အုပ္စုအဖြဲ႕ဝင္ေတြ၊ သူတို႔ရဲ႕ မိသားစုေတြနဲ႔ အားေပးပံ့ပိုးေနတဲ့ ေထာက္တိုင္ေတြက ထိုင္းဘဏ္ေတြကို အသုံးျပဳေနၾကတာေတြနဲ႔ ထိုင္းႏိုင္ငံမွာ ပိုင္ဆိုင္မႈေတြ ဝယ္ယူေနၾကတာေတြကို ပိတ္ပင္တားဆီးဖို႔ Justice For Myanmar က တိုက္တြန္းေတာင္းဆိုထားပါတယ္
ဒါအျပင္ ထိုင္းဘဏ္ေတြအေနနဲ႔ ဒဏ္ခတ္ပိတ္ဆို႔ထားတဲ့ စစ္အုပ္စုအဖြဲ႕ဝင္ေတြ၊ ခ႐ိုနီေတြနဲ႔ သူတို႔ မိသားစုဝင္ေတြရဲ႕ ဘဏ္အေကာင့္ေတြကို ပိတ္သိမ္းဖို႔ Justice For Myanmar က ေတာင္းဆိုထားပါတယ္
SpringRevolution
နိုင်ငံတကာမူးယစ်ရာဇဝတ်ကောင်နဲ့ အတူပူးပေါင်းနေတဲ့ အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ မိသားစုပိုင်ပစ္စည်းတွေအကြောင်း ကမ္ဘာ့မီဒီယာတွေမှာ ခေါင်းကြီးပိုင်းက ဖော်ပြနေကြ
ဇန္နဝါရီ ၁၂၊ ၂၀၂၃
လက်နက်ပွဲစား ထွန်းမင်းလတ်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဖမ်းဆီးရမိချိန် သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေထဲမှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုပိုင်ဆိုင်တဲ့ စာရွက်စာတမ်းတွေနဲ့ ပိုင်ဆိုင်မှုတွေ တွေ့ရတဲ့ သတင်းကို ကမ္ဘာ့သတင်းမီဒီယာတွေမှာ ခေါင်းကြီးပိုင်းက ဖော်ပြနေကြပါတယ်
ထွန်းမင်းလတ်နဲ့ သူရဲ့လုပ်ဖော်ကိုင်ဖက် သုံးဦးတို့ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ စက်တင်ဘာလ ၁၇ ရက်နေ့ အရုဏ်တက်ချိန်မှာ စီးနင်း ဖမ်းဆီးခဲ့ပြီး၊
သိမ်းဆည်းရမိခဲ့တဲ့ ပစ္စည်းတွေမှာ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားသမီးတွေ ပိုင်ဆိုင်တဲ့ အဆင့်မြင့်ဇိမ်ခံဘန်ကောက်ကွန်ဒိုတစ်လုံးနဲ့ Siam Commercial Bank ဘဏ်စာအုပ်နှစ်အုပ်တို့ ပါဝင်နေတာဖြစ်တယ်လို့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်
အဆင့်မြင့်ဇိမ်ခံ ကွန်ဒိုက Belle Rama 9 ကွန်ဒိုဖြစ်ပြီး မင်းအောင်လှိုင်ရဲ့ သားဖြစ်သူ အောင်ပြည်စုံ ပိုင်ဆိုင်တဲ့ အခန်းဆိုတာနဲ့ Siam Commercial Bank စာအုပ်တွေဟာ မင်းအောင်လှိုင်ရဲ့ သမီးဖြစ်သူ ခင်သီရိသက်မွန် နာမည်နဲ့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်
ထွန်းမင်းလတ်ရဲ့ ရာဇဝတ်မှုတွေနဲ့ ဆက်စပ်နေတဲ့ အထောက်အထားတွေ ရှိနေပေမယ့် ထိုင်းအာဏာ ပိုင်တွေဟာ အောင်ပြည်စုံနဲ့ ခင်သီရိသက်မွန်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူထားခြင်းမရှိသေးဘူးလို့ Justice For Myanmar က ဖော်ပြထားပါတယ်
မင်းအောင်လှိုင်နဲ့ ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းတာကို ဦးဆောင်ပြီး ဝန်ကြီးချုပ်ဖြစ်လာတဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့ ရင်းနှီးတဲ့ ပုဂ္ဂိုလ်ရေးဆက်ဆံမှု ရှိနေတဲ့ အခြေအနေမှာ ယခုဖြစ်ရပ်တွေ မမျှော်လင့်ဘဲ ထွက်ပေါ်လာတာဖြစ်ပါတယ်
“မင်းအောင်လှိုင် သားသမီးတွေရဲ့ ပိုင်ဆိုင်မှုတွေဟာ နိုင်ငံတကာ ရာဇဝတ်ကောင်ရဲ့ လက်ဝယ်ရှိနေတယ်ဆိုတဲ့အချက်က ထိုင်းအစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် အချက်ပေးခေါင်းလောင်းထိုးသံ ဖြစ်သင့်ပါတယ်
ထိုင်းအာဏာပိုင်တွေအနေနဲ့ အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး၊ ထွန်းမင်းလတ် စွဲဆိုခံထားရတဲ့ ငွေကြေးခဝါချမှုနဲ့ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုတွေကနေ အကျိုးအမြတ်တွေ ရရှိခဲ့ခြင်းရှိမရှိကို စုံစမ်းစစ်ဆေးဖို့၊
ထိုင်းဥပဒေချိုးဖောက်မှုတစုံတရာတွေ့ရှိရင် သူတို့ကို တရားစွဲဆိုဖို့ Justice For Myanmar က တိုက်တွန်းတောင်းဆိုပါတယ်” လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်
ထိုင်းအာဏာပိုင်တွေအနေနဲ့ အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး၊ စွဲဆိုထားတဲ့ ရာဇဝတ်မှုကနေ သူတို့တွေ အကျိုးအမြတ်ရရှိခဲ့ခြင်းရှိမရှိကို စုံစမ်းစစ်ဆေးဖို့နဲ့ စစ်အုပ်စုအဖွဲ့ဝင်တွေ၊ သူတို့ရဲ့ မိသားစုတွေနဲ့ အားပေးပံ့ပိုးနေတဲ့ ထောက်တိုင်တွေက ထိုင်းဘဏ်တွေကို အသုံးပြုနေကြတာတွေနဲ့ ထိုင်းနိုင်ငံမှာ ပိုင်ဆိုင်မှုတွေ ဝယ်ယူနေကြတာတွေကို ပိတ်ပင်တားဆီးဖို့ Justice For Myanmar က တိုက်တွန်းတောင်းဆိုထားပါတယ်
ဒါအပြင် ထိုင်းဘဏ်တွေအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ စစ်အုပ်စုအဖွဲ့ဝင်တွေ၊ ခရိုနီတွေနဲ့ သူတို့ မိသားစုဝင်တွေရဲ့ ဘဏ်အကောင့်တွေကို ပိတ်သိမ်းဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်
SpringRevolution