






သိက္ခာ ရှိရှိနဲ့တော့ စစ်အမြဲတိုက်တယ် လုပ်ရင်းနဲ့ပဲ လက်လွန်သွားတာတော့မတက်နိုင်ဖူးပေါ့.. ကြာအင်းအမှတ်တရ……

ကြာအင်းဆိပ်ကြီး စစ်ကောင်စီတပ်ရင်း ၃ ခုကို ဝင်ရောက်တိုက်ခိုက်မှုတွင် ခလရ ၂၈၄ ယာယီတပ်ရင်းမှူး အပါအဝင် စစ်တပ်ဘက်မှ ၄၅ ဦး ဝန်းကျင် သေဆုံးထိခိုက်ဟုဆို

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ စစ်ကောင်စီတပ်ရင်း ၃ ခုကို ဝင် ရောက်တိုက်ခိုက်မှုတွင် ခလရ ၂၈၄ ယာယီတပ်ရင်းမှူး အပါအဝင် စစ် တပ် ဘက်မှ ၄၅ ဦး ထိခိုက်သေဆုံးမှုရှိကြောင်း နဂါးနီစစ်ကြောင်းက သတင်း ထုတ်ပြန်သည်

ဇန်နဝါရီလ ၄ ရက်နေ့ ကြာအင်းဆိပ်ကြီး မြို့နယ် ရှိ အကြမ်းစစ်ကောင်စီ၏ ခလရ ၂၈၃ ၊ ခလရ ၃၂၊ ခလရ ၂၈၄ တပ်ရင်းများကို နဂါးနီစစ်ကြောင်း၊ Cobra စစ်ကြောင်း ၊ နဂါးဖြူစစ်ကြောင်းနှင့် KNLA တပ်ရင်း(၁၇)၊တပ်ရင်း(၂၇) စသည့် စစ်ကြောင်း (၅)ကြောင်း ပူးပေါင်း၍ နံနက် ၄ နာရီ ခန့်မှ တပြိုင်နက် အလစ် ဝင်ရောက် တိုက်ခိုက်ခဲ့ရာမွန်းလွဲ ၁ နာရီခန့် အထိ အပြန်အလှန် တိုက်ပွဲ ပြင်း ထန် ခဲ့ကြောင်း သိရှိရသည်

တော်လှန်ရေးအင်အားစုများက တပ်ရင်းဌာနချုပ်(၃)ခု စလုံးကို အတွင်းထဲအထိ ထိုးဖောက်ဝင်ရောက်၍ ရဲဘော်ဘားတိုက်များ၊ အရာရှိနေအိမ်များ၊ မော်တော် ယာဉ် များကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း၊

တိုက်ပွဲကြာချိန် ၉ နာရီဝန်းကျင် ကြာ မြင့်ခဲ့ပြီး စစ်တပ်ဘက်မှ ခလရ ၂၈၄ မှ ယာယီတပ်ရင်းမှူး တစ်ဦး အပါ အဝင် စစ်သား ၄၅ ဦးဝန်းကျင် သေဆုံး၊ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်မြေပြင် သတင်းအတည်ပြုချက်အရ သိရှိရပါသည်

တော်လှန်ရေးအင်အားစုများဘက်မှ နဂါးနီစစ်ကြောင်း ရဲဘော် ၇ ဦး နိုင်ငံ့ အတွက်၊ တော်လှန်ရေးအတွက် အသက်ပေးလှူသွားခဲ့ပြီး ၁၃ ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း နဂါနီးစစ်ကြောင်းက ထုတ်ပြန်ထားသည်

Leave a Reply

Your email address will not be published. Required fields are marked *