အၾကမ္းဖက္စစ္ေကာင္စီေခါင္းေဆာင္ရဲ့ စိတ္အေျခအေန ပုံမွန္ဟုတ္ရဲ့လား (ေဆာင္းပါး)

လၽွပ္စစ္မီးေတာင္ ပုံမွန္မေပးနိုင္ဘဲ လၽွပ္စစ္ကားေတြ၊ လၽွပ္စစ္ရထားေတြ ထုတ္လုပ္မယ္ဆိုတဲ့စကားကို စစ္ေခါင္းေဆာင္ ေျပာခဲ့တာ ျပည္သူအားလုံးအတြက္ ရယ္စရာ ျဖစ္ခဲ့တာပါ

စစ္ေကာင္စီတပ္ေတြက အၾကမ္းဖက္ လူသတ္ေနတဲ့ အခ်ိန္မွာ ဘာသာေရးပြဲေတြ တက္ၿပီး ၿငိမ္းခ်မ္းေရး အေၾကာင္း ေျပာတာလည္း စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္ပါပဲ

လြတ္လပ္ေရးေန႔ကို က်ပ္သိန္းေပါင္းေသာင္းခ်ီ အကုန္အက်ခံ က်င္းပၿပီး လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာက ေသဆုံးၿပီးသူေတြအပါအဝင္ လူေပါင္းမ်ားစြာကို ဂုဏ္ထူးေဆာင္ဘြဲ႕ေတြေပးတာမ်ိဳးလည္း စစ္ေကာင္စီ ေခါင္းေဆာင္က လုပ္ခဲ့ပါတယ္

ဒါ့အျပင္ အမ်ိဳးသားဒီမိုကေရစီ အစိုးရ လက္ထက္မွာ စီးပြားေရးက်ဆင္းခဲ့ၿပီး စစ္ေကာင္စီ လက္ထက္မွာမွ စီးပြားေရး ျပန္ဦးေမာ့လာတယ္လို႔ ေျပာသြားပါေသးတယ္

ျပည္သူေတြ အလုပ္လက္မဲ့ျဖစ္ၿပီး ကုန္ေဈးႏႈန္းေတြကတက္၊ ခိုးဆိုးလုႏွိုက္ေတြ ေပါမ်ားလာလို႔ လူတိုင္း သတိနဲ႔ေနထိုင္ေနရတဲ့ အခ်ိန္မွာ ဒီလိုစကားေတြ ေျပာရဲတာ စစ္ေခါင္းေဆာင္ရဲ့ စိတ္က ပုံမွန္မဟုတ္လို႔ ဆိုတဲ့ အေျဖကလြဲလို႔ တျခားမရွိပါဘူး

mizzima

အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်ရဲ့ စိတ်အခြေအနေ ပုံမှန်ဟုတ်ရဲ့လား (ဆောင်းပါး)

လျှပ်စစ်မီးတောင် ပုံမှန်မပေးနိုင်ဘဲ လျှပ်စစ်ကားတွေ၊ လျှပ်စစ်ရထားတွေ ထုတ်လုပ်မယ်ဆိုတဲ့စကားကို စစ်ခေါင်းဆောင် ပြောခဲ့တာ ပြည်သူအားလုံးအတွက် ရယ်စရာ ဖြစ်ခဲ့တာပါ

စစ်ကောင်စီတပ်တွေက အကြမ်းဖက် လူသတ်နေတဲ့ အချိန်မှာ ဘာသာရေးပွဲတွေ တက်ပြီး ငြိမ်းချမ်းရေး အကြောင်း ပြောတာလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပါပဲ

လွတ်လပ်ရေးနေ့ကို ကျပ်သိန်းပေါင်းသောင်းချီ အကုန်အကျခံ ကျင်းပပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သေဆုံးပြီးသူတွေအပါအဝင် လူပေါင်းများစွာကို ဂုဏ်ထူးဆောင်ဘွဲ့တွေပေးတာမျိုးလည်း စစ်ကောင်စီ ခေါင်းဆောင်က လုပ်ခဲ့ပါတယ်

ဒါ့အပြင် အမျိုးသားဒီမိုကရေစီ အစိုးရ လက်ထက်မှာ စီးပွားရေးကျဆင်းခဲ့ပြီး စစ်ကောင်စီ လက်ထက်မှာမှ စီးပွားရေး ပြန်ဦးမော့လာတယ်လို့ ပြောသွားပါသေးတယ်

ပြည်သူတွေ အလုပ်လက်မဲ့ဖြစ်ပြီး ကုန်ဈေးနှုန်းတွေကတက်၊ ခိုးဆိုးလုနှိုက်တွေ ပေါများလာလို့ လူတိုင်း သတိနဲ့နေထိုင်နေရတဲ့ အချိန်မှာ ဒီလိုစကားတွေ ပြောရဲတာ စစ်ခေါင်းဆောင်ရဲ့ စိတ်က ပုံမှန်မဟုတ်လို့ ဆိုတဲ့ အဖြေကလွဲလို့ တခြားမရှိပါဘူး

mizzima

Leave a Reply

Your email address will not be published. Required fields are marked *