မႏၲေလးက ၾကယ္စင္လင္း ေဆး႐ုံႏွင့္ ဓူဝံေဆး႐ုံကို စစ္အုပ္စု စီးနင္းၿပီး ေဆး႐ုံတာဝန္ရွိသူေတြကို ဖမ္းဆီး၊

MFP ၊ ဇႏၷဝါရီ – ၁၁

မႏၲေလးၿမိဳ႕က လူသိမ်ားတဲ့ ပုဂၢလိက ေဆး႐ုံေတြျဖစ္တဲ့ ၾကယ္စင္လင္း ေဆး႐ုံႏွင့္ ဓူဝံေဆး႐ုံကို မေန႔က ေန႔လည္ပိုင္းႏွင့္ ညေနပိုင္းမွာ စစ္အုပ္စုက လက္နက္ၿပ စီးနင္းဝင္ေမႊ ေသာင္းက်န္းၿပီး PDF ေတြကို ေဆးဝါး ကုသေပးတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ေဆး႐ုံပိုင္ရွင္ေတြကို ဖမ္းဆီးသြးတယ္လို႔ မႏၲေလး က်န္းမာေရး ဝန္ထမ္းအသိုင္းအဝိုင္းက MFP ကို ေျပာပါတယ္

မေန႔က ဇန္နဝါရီ(၁၀)ရက္ ေန႔လည္(၁၂)နာရီေက်ာ္မွာ မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္၊ လမ္း(၆၀)ေပၚ၊ (၃၅)လမ္းႏွင့္ (၃၆)လမ္းၾကားက ၾကယ္စင္လင္း ေဆး႐ုံကို စစ္အုပ္စုက လက္နက္ၿပ စီးနင္းဝင္ေမႊၿပီး ေဆး႐ုံတာဝန္ရွိသူေတြကို ဖမ္းဆီးသြားသလို ညေန(၅)နာရီေက်ာ္မွာလည္း မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ (၂၈)လမ္း၊ (၇၃)လမ္းႏွင့္ (၇၄)လမ္းၾကားက ဓူဝံေဆးခန္းကို စစ္အုပ္စုက လက္နက္ၿပ စီးနင္းဝင္ေမႊၿပီး ေဆး႐ုံပိုင္ရွင္ေတြကို ဖမ္းဆီးသြားတယ္လို႔ ဆိုပါတယ္

“မေန႔က ဖမ္းခံရတာ ဟုတ္တယ္။ ေဆး႐ုံပိတ္၊မပိတ္ေတာ့ မသိရေသးဘူး။ ပိတ္ရမယ္လို႔ သတင္းထြက္ေနတယ္တဲ့။ CDM ေတြ ရွိ၊မရွီ ဝင္စစ္သလိုလိုနဲ႔ ဝင္လာၿပီး ဖမ္းသြားတာလို႔ ေျပာတယ္။ အဲဒီေဆး႐ုံေတြသာ ပိတ္ရင္ေတာ့ လူနာေတြ အခုထက္ပိုၿပီး ဒုကၡေရာက္မွာပဲ” လို႔ မႏၲေလးၿမိဳ႕ခံ CDM က်န္းမာေရး ဝန္ထမ္းတစ္ဦးက ဆိုပါတယ္

အဲ့ဒီ ေဆး႐ုံေတြဟာ PDF ေတြကို လက္ခံၿပီး ေဆးကုေပးတဲ့အတြက္ ပိတ္တာလို႔ စစ္အုပ္စုက သတင္းျဖန႔္ပါတယ္

မႏၲေလးမွာ စစ္အုပ္စုက CDM က်န္းမာေရး ဝန္ထမ္းေတြကို ဥပေဒမဲ့ ဖမ္းဆီး ဖိႏွိပ္ေနသလို မႏၲေလးၿမိဳ႕က ပုဂၢလိက ေဆး႐ုံေတြကိုလည္း ဥပေဒမဲ့ ဖမ္းဆီးေငြညႇစ္ ဖိႏွိပ္ေနတယ္လို႔ မႏၲေလး က်န္းမာေရးဝန္ထမ္း အသိုင္းအဝိုင္းက ဆိုပါတယ္

စစ္အုပ္စုဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလကုန္က စတင္ၿပီး မႏၲေလးၿမိဳ႕က နာမည္ႀကီး ပုဂၢလိကေဆး႐ုံ ငါး႐ုံျဖစ္တဲ့ ၿမိဳ႕ေတာ္ေဆး႐ုံ၊ နန္းေတာ္ေဆး႐ုံ၊ ကံ့ေကာ္ေဆး႐ုံ၊ ထက္ေနလင္းေဆး႐ုံႏွင့္ စိန္ပန္းေဆး႐ုံ ေတြကို CDM ေတြ လက္ခံ အလုပ္ေပးထားတယ္ ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အာဏာၿပ ၿခိမ္းေျခာက္ၿပီး ယာယီ ပိတ္သိမ္းခိုင္း ထားပါတယ္

ဒါ့အျပင္ စစ္အုပ္စုက မႏၲေလးက CDM က်န္းမာေရး ဝန္ထမ္းေတြကို နာမည္စာရင္နဲ႔တကြ လိုက္ရွာ ဖမ္းဆီးဖို႔ ႀကိဳးစား ေနသလို ၿပီးခဲ့တဲ့ နိုဝင္ဘာႏွင့္ ဒီဇင္ဘာအတြင္း မႏၲေလးက CDM က်န္းမာေရးဝန္ထမ္း (၂၀)ေက်ာ္ ဖမ္းဆီးခံခဲ့ရပါတယ္.

စစ္အုပ္စုရဲ့ ဥပေဒမဲ့ ဖမ္းဆီးဖိႏွီပ္မႈေတြေၾကာင့္ နာမက်န္းျဖစ္တဲ့ CDM က်န္းမာေရး ဝန္ထမ္းေတြဟာ အစိုးရေဆး႐ုံေရာ ပုဂၢလိကေဆး႐ုံေတြမွာပါ တက္ေရာက္ကုသခြင့္ မရဘဲ အခက္ေတြ႕ေနသလို စစ္အုပ္စု ရန္ျပဳလို႔ ပိတ္သိမ္းလိုက္ရတဲ့ ပုဂၢလိကေဆး႐ုံေတြမွာ တက္ေရာက္ေနဆဲ လူနာေတြလည္း ဆက္လက္ ကုသနိုင္ဖို႔ အခက္အခဲ ၾကဳံေနရတယ္လို႔ နီးစပ္သူေတြက ဆိုပါတယ္

စစ္အုပ္စုက CDM ဝန္ထမ္းေတြကို ဥပေဒမဲ့ ဖိႏွိပ္ေနသလို စစ္အုပ္စုနဲ႔ ဆက္ႏြယ္တဲ့ မႏၲေလး ပုဂၢလိက ေဆး႐ုံေတြက Non-CDM ေတြကပါ စစ္အုပ္စုနဲ႔ ေပါင္းၿပီး CDM က်န္းမာေရး ဝန္ထမ္းေတြကို နိုင္တိုင္းက်ဲ ဖိႏွိပ္ေနတာေၾကာင့္ အခုလို ေဆး႐ုံပိတ္ရတာ၊ CDM ေတြ ဖမ္းဆီးခံရတာေတြ ၾကဳံေနရတာလို႔ မႏၲေလး က်န္းမာေရး အသိုင္းအဝိုင္းက ေျပာပါတယ္

အာဏာသိမ္း စစ္အုပ္စုဟာ နိုင္ငံတဝန္းက က်န္းမာေရး ဝန္ထမ္းေတြကို ဖမ္းဆီး ညႇဥ္းပန္း သတ္ျဖတ္ေနၿပီး ၂၀၂၁ ေဖေဖၚဝါရီကေန ၂၀၂၂ ေအာက္တိုဘာအထိ စစ္အုပ္စုရဲ့ ႏွိပ္စက္သတ္ျဖတ္မႈေၾကာင့္ က်န္းမာေရးလုပ္သား (၅၈)ဦး ေသဆုံးကာ (၇၀၀)ေက်ာ္ ဖမ္းဆီးႏွိပ္စက္ ညႇဥ္းပန္းခံရေၾကာင္းႏွင့္ စစ္အုပ္စုက ေဆး႐ုံေဆးခန္း (၅၀)ေက်ာ္နဲ႔ လူနာတင္ယာဥ္ (၄၀)ေက်ာ္ကို တိုက္ခိုက္ဖ်က္ဆီးခဲ့တယ္လို႔ အမ်ိဳးသား ညီညြတ္ေရးအစိုးရ – NUG ၊ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္

စစ္အုပ္စု လက္နက္ၿပ စီးနင္းဝင္ေမႊ ေသာင္းက်န္းၿပီး ေဆး႐ုံတာဝန္ရွိသူေတြကို ဖမ္းဆီးသြားတဲ့ မႏၲေလး ၾကယ္စင္လင္း ေဆး႐ုံႏွင့္ ဓူဝံေဆး႐ုံ /Photo – S

မန္တလေးက ကြယ်စင်လင်း ဆေးရုံနှင့် ဓူဝံဆေးရုံကို စစ်အုပ်စု စီးနင်းပြီး ဆေးရုံတာဝန်ရှိသူတွေကို ဖမ်းဆီး၊

MFP ၊ ဇန္နဝါရီ – ၁၁

မန္တလေးမြို့က လူသိများတဲ့ ပုဂ္ဂလိက ဆေးရုံတွေဖြစ်တဲ့ ကြယ်စင်လင်း ဆေးရုံနှင့် ဓူဝံဆေးရုံကို မနေ့က နေ့လည်ပိုင်းနှင့် ညနေပိုင်းမှာ စစ်အုပ်စုက လက်နက်ပြ စီးနင်းဝင်မွှေ သောင်းကျန်းပြီး PDF တွေကို ဆေးဝါး ကုသပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆေးရုံပိုင်ရှင်တွေကို ဖမ်းဆီးသွးတယ်လို့ မန္တလေး ကျန်းမာရေး ဝန်ထမ်းအသိုင်းအဝိုင်းက MFP ကို ပြောပါတယ်

မနေ့က ဇန်နဝါရီ(၁၀)ရက် နေ့လည်(၁၂)နာရီကျော်မှာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ လမ်း(၆၀)ပေါ်၊ (၃၅)လမ်းနှင့် (၃၆)လမ်းကြားက ကြယ်စင်လင်း ဆေးရုံကို စစ်အုပ်စုက လက်နက်ပြ စီးနင်းဝင်မွှေပြီး ဆေးရုံတာဝန်ရှိသူတွေကို ဖမ်းဆီးသွားသလို ညနေ(၅)နာရီကျော်မှာလည်း မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ (၂၈)လမ်း၊ (၇၃)လမ်းနှင့် (၇၄)လမ်းကြားက ဓူဝံဆေးခန်းကို စစ်အုပ်စုက လက်နက်ပြ စီးနင်းဝင်မွှေပြီး ဆေးရုံပိုင်ရှင်တွေကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်

“မနေ့က ဖမ်းခံရတာ ဟုတ်တယ်။ ဆေးရုံပိတ်၊မပိတ်တော့ မသိရသေးဘူး။ ပိတ်ရမယ်လို့ သတင်းထွက်နေတယ်တဲ့။ CDM တွေ ရှိ၊မရှီ ဝင်စစ်သလိုလိုနဲ့ ဝင်လာပြီး ဖမ်းသွားတာလို့ ပြောတယ်။ အဲဒီဆေးရုံတွေသာ ပိတ်ရင်တော့ လူနာတွေ အခုထက်ပိုပြီး ဒုက္ခရောက်မှာပဲ” လို့ မန္တလေးမြို့ခံ CDM ကျန်းမာရေး ဝန်ထမ်းတစ်ဦးက ဆိုပါတယ်

အဲ့ဒီ ဆေးရုံတွေဟာ PDF တွေကို လက်ခံပြီး ဆေးကုပေးတဲ့အတွက် ပိတ်တာလို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်

မန္တလေးမှာ စစ်အုပ်စုက CDM ကျန်းမာရေး ဝန်ထမ်းတွေကို ဥပဒေမဲ့ ဖမ်းဆီး ဖိနှိပ်နေသလို မန္တလေးမြို့က ပုဂ္ဂလိက ဆေးရုံတွေကိုလည်း ဥပဒေမဲ့ ဖမ်းဆီးငွေညှစ် ဖိနှိပ်နေတယ်လို့ မန္တလေး ကျန်းမာရေးဝန်ထမ်း အသိုင်းအဝိုင်းက ဆိုပါတယ်

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်က စတင်ပြီး မန္တလေးမြို့က နာမည်ကြီး ပုဂ္ဂလိကဆေးရုံ ငါးရုံဖြစ်တဲ့ မြို့တော်ဆေးရုံ၊ နန်းတော်ဆေးရုံ၊ ကံ့ကော်ဆေးရုံ၊ ထက်နေလင်းဆေးရုံနှင့် စိန်ပန်းဆေးရုံ တွေကို CDM တွေ လက်ခံ အလုပ်ပေးထားတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာပြ ခြိမ်းခြောက်ပြီး ယာယီ ပိတ်သိမ်းခိုင်း ထားပါတယ်

ဒါ့အပြင် စစ်အုပ်စုက မန္တလေးက CDM ကျန်းမာရေး ဝန်ထမ်းတွေကို နာမည်စာရင်နဲ့တကွ လိုက်ရှာ ဖမ်းဆီးဖို့ ကြိုးစား နေသလို ပြီးခဲ့တဲ့ နိုဝင်ဘာနှင့် ဒီဇင်ဘာအတွင်း မန္တလေးက CDM ကျန်းမာရေးဝန်ထမ်း (၂၀)ကျော် ဖမ်းဆီးခံခဲ့ရပါတယ်.

စစ်အုပ်စုရဲ့ ဥပဒေမဲ့ ဖမ်းဆီးဖိနှီပ်မှုတွေကြောင့် နာမကျန်းဖြစ်တဲ့ CDM ကျန်းမာရေး ဝန်ထမ်းတွေဟာ အစိုးရဆေးရုံရော ပုဂ္ဂလိကဆေးရုံတွေမှာပါ တက်ရောက်ကုသခွင့် မရဘဲ အခက်တွေ့နေသလို စစ်အုပ်စု ရန်ပြုလို့ ပိတ်သိမ်းလိုက်ရတဲ့ ပုဂ္ဂလိကဆေးရုံတွေမှာ တက်ရောက်နေဆဲ လူနာတွေလည်း ဆက်လက် ကုသနိုင်ဖို့ အခက်အခဲ ကြုံနေရတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်

စစ်အုပ်စုက CDM ဝန်ထမ်းတွေကို ဥပဒေမဲ့ ဖိနှိပ်နေသလို စစ်အုပ်စုနဲ့ ဆက်နွယ်တဲ့ မန္တလေး ပုဂ္ဂလိက ဆေးရုံတွေက Non-CDM တွေကပါ စစ်အုပ်စုနဲ့ ပေါင်းပြီး CDM ကျန်းမာရေး ဝန်ထမ်းတွေကို နိုင်တိုင်းကျဲ ဖိနှိပ်နေတာကြောင့် အခုလို ဆေးရုံပိတ်ရတာ၊ CDM တွေ ဖမ်းဆီးခံရတာတွေ ကြုံနေရတာလို့ မန္တလေး ကျန်းမာရေး အသိုင်းအဝိုင်းက ပြောပါတယ်

အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်းက ကျန်းမာရေး ဝန်ထမ်းတွေကို ဖမ်းဆီး ညှဉ်းပန်း သတ်ဖြတ်နေပြီး ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၂ အောက်တိုဘာအထိ စစ်အုပ်စုရဲ့ နှိပ်စက်သတ်ဖြတ်မှုကြောင့် ကျန်းမာရေးလုပ်သား (၅၈)ဦး သေဆုံးကာ (၇၀၀)ကျော် ဖမ်းဆီးနှိပ်စက် ညှဉ်းပန်းခံရကြောင်းနှင့် စစ်အုပ်စုက ဆေးရုံဆေးခန်း (၅၀)ကျော်နဲ့ လူနာတင်ယာဉ် (၄၀)ကျော်ကို တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်

စစ်အုပ်စု လက်နက်ပြ စီးနင်းဝင်မွှေ သောင်းကျန်းပြီး ဆေးရုံတာဝန်ရှိသူတွေကို ဖမ်းဆီးသွားတဲ့ မန္တလေး ကြယ်စင်လင်း ဆေးရုံနှင့် ဓူဝံဆေးရုံ /Photo – S

 

Leave a Reply

Your email address will not be published. Required fields are marked *