အိမ္ေထာင္စုစာရင္းေကာက္သူေတြၾကား ဗုံးေပါက္ကြဲမႈျဖစ္

ရန္ကုန္ၿမိဳ႕၊ တာေမြၿမိဳ႕နယ္၊ တာေမြ(က၊ခ) ရပ္ကြက္၊ အမွတ္ ၁၆၂လမ္းမွာ ဒီကေန႔ ဇန္နဝါရီ ၁၁ရက္၊မြန္းလြဲပိုင္းက အိမ္ေထာင္စုစာရင္းေကာက္ေနတဲ့ စစ္ေကာင္စီေထာက္တိုင္အဖြဲ႕ေတြၾကား ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့တယ္လို႔ ေဒသခံေတြက DNAကို ေျပာပါတယ္

ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး၊ ပညာေရးဝန္ထမ္းတခ်ိဳ႕နဲ႔ လူငယ္ ၂ေယာက္အပါအဝင္ ၈ေယာက္ပါတဲ့အဖြဲ႕ဟာ အိမ္ေထာင္စုစာရင္းေကာက္ၿပီး ျပန္အထြက္ အမွတ္ ၁၆၂လမ္းေပၚမွာလက္ပစ္ဗုံးနဲ႔တိုက္ခိုက္ခံရတာျဖစ္တယ္လို႔ဆိုပါတယ္

“ေတာ္ေသးတာက အသံဗုံးေလာက္ပဲထင္တယ္။လူထိခိုက္တာဆိုလို႔ ပြန္းပဲတာမ်ိဳးေတာ့ရွိတယ္ၾကားတယ္။တအားထိခိုက္တာမ်ိဳးေတာ့ မရွိခဲ့ဘူး။ေတာ္ေတာ္ေလူ ရႈပ္ယွက္ခတ္သြားတယ္။စစ္ကားေတြလည္း ေရာက္လာတယ္”လို႔ တာေမြ(က၊ခ)ရပ္ကြက္ေန ေဒသခံတဦးကေျပာပါတယ္

အခုလိုတိုက္ခိုက္မႈကို Freeland Attack Force (FLA)နဲ႔မဟာမိတ္အဖြဲ႕ေတြျဖစ္တဲ့ Emerald Girls Army (EGA) , Revolution of 21 Century အဖြဲ႕က မဟာမိတ္အဖြဲ႕သားေတြက ပူးေပါင္းလုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ FLAအဖြဲ႕ က ဆိုပါတယ္

Freeland Attack Force (FLA)ကေတာ့ အခုလိုလုပ္ေဆာင္တာဟာ တရားမဝင္ မဲစာရင္းမွာဦးေဆာင္လႈပ္ရွားေနတဲ့လုပ္ရပ္ေတြကို ရပ္တန္းကရပ္ဖို႔ ေျခာက္လွန္ေဖာက္ခြဲခဲ့တာျဖစ္ၿပီး သနားငဲ့ညႇာတဲ့အေနနဲ႔ ထိခိုက္မႈနည္းပါးေအာင္ လုပ္ေဆာင္ခဲ့တယ္လိုဆိုပါတယ္

ဒီအေျခအေနနဲ႔ပတ္သက္ၿပီး DNAသတင္းဌာနအေနနဲ႔ Freeland Attack Force (FLA)နဲ႔မဟာမိတ္အဖြဲ႕အခ်ိဳ႕ထံဆက္သြယ္ေမးျမန္းေပမယ့္ အေၾကာင္းျပန္ၾကားတာမရွိေသးပါဘူး

အိမ္ေထာင္စုစာရင္းေကာက္ခံတာကို စစ္ေကာင္စီဘက္က ဇန္နဝါရီ ၇ရက္ကေန စတင္လုပ္ေဆာင္ေနခဲ့တာျဖစ္ပါတယ္

အခုလို စစ္ေကာင္သီရဲ႕အိမ္ေထာင္စုစာရင္းေကာက္ခံမႈေတြမွာမပါဝင္ဖို႔အတြက္ ေတာ္လွန္ေရးအဖြဲ႕အသီးသီးကလည္း သတိေပးစာထုတ္ျပန္တာေတြလည္းရွိခဲ့ပါတယ္

အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG)ကေတာ့ ျပည္သူေတြ အေနနဲ႔ စစ္အုပ္စုရဲ႕ တစ္အိမ္တက္ဆင္း လူဦးေရ စာရင္း ေကာက္ယူတဲ့ လုပ္ငန္းစဥ္ကို ျငင္းဆန္ၿပီး မပူးေပါင္းၾကဖို႔ ေမတၱာရပ္ခံထားပါတယ္

တအိမ္တက္ဆင္း ေျမျပင္ လူဦးေရ စာရင္း ေကာက္ယူႏိုင္ေရး အတြက္ အားေပး အားေျမႇာက္ ေဆာင္႐ြက္ၾကတဲ့ စစ္အုပ္စုရဲ႕ အုပ္ခ်ဳပ္ေရးအဖြဲ႕‌ေတြ၊ လဝက အဖြဲ႕ေတြနဲ႔ အျခား ဘယ္ေဒါက္တိုင္မဆို အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ ျပင္းျပင္းထန္ထန္ တရားစြဲဆို အေရးယူ ေဆာင္႐ြက္သြားမယ္လို႔ ဆိုထားပါတယ္

အိမ်ထောင်စုစာရင်းကောက်သူတွေကြား ဗုံးပေါက်ကွဲမှုဖြစ်

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေ(က၊ခ) ရပ်ကွက်၊ အမှတ် ၁၆၂လမ်းမှာ ဒီကနေ့ ဇန်နဝါရီ ၁၁ရက်၊မွန်းလွဲပိုင်းက အိမ်ထောင်စုစာရင်းကောက်နေတဲ့ စစ်ကောင်စီထောက်တိုင်အဖွဲ့တွေကြား ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက DNAကို ပြောပါတယ်

ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပညာရေးဝန်ထမ်းတချို့နဲ့ လူငယ် ၂ယောက်အပါအဝင် ၈ယောက်ပါတဲ့အဖွဲ့ဟာ အိမ်ထောင်စုစာရင်းကောက်ပြီး ပြန်အထွက် အမှတ် ၁၆၂လမ်းပေါ်မှာလက်ပစ်ဗုံးနဲ့တိုက်ခိုက်ခံရတာဖြစ်တယ်လို့ဆိုပါတယ်

“တော်သေးတာက အသံဗုံးလောက်ပဲထင်တယ်။လူထိခိုက်တာဆိုလို့ ပွန်းပဲတာမျိုးတော့ရှိတယ်ကြားတယ်။တအားထိခိုက်တာမျိုးတော့ မရှိခဲ့ဘူး။တော်တော်လေူ ရှုပ်ယှက်ခတ်သွားတယ်။စစ်ကားတွေလည်း ရောက်လာတယ်”လို့ တာမွေ(က၊ခ)ရပ်ကွက်နေ ဒေသခံတဦးကပြောပါတယ်

အခုလိုတိုက်ခိုက်မှုကို Freeland Attack Force (FLA)နဲ့မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Emerald Girls Army (EGA) , Revolution of 21 Century အဖွဲ့က မဟာမိတ်အဖွဲ့သားတွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ FLAအဖွဲ့ က ဆိုပါတယ်

Freeland Attack Force (FLA)ကတော့ အခုလိုလုပ်ဆောင်တာဟာ တရားမဝင် မဲစာရင်းမှာဦးဆောင်လှုပ်ရှားနေတဲ့လုပ်ရပ်တွေကို ရပ်တန်းကရပ်ဖို့ ခြောက်လှန်ဖောက်ခွဲခဲ့တာဖြစ်ပြီး သနားငဲ့ညှာတဲ့အနေနဲ့ ထိခိုက်မှုနည်းပါးအောင် လုပ်ဆောင်ခဲ့တယ်လိုဆိုပါတယ်

ဒီအခြေအနေနဲ့ပတ်သက်ပြီး DNAသတင်းဌာနအနေနဲ့ Freeland Attack Force (FLA)နဲ့မဟာမိတ်အဖွဲ့အချို့ထံဆက်သွယ်မေးမြန်းပေမယ့် အကြောင်းပြန်ကြားတာမရှိသေးပါဘူး

အိမ်ထောင်စုစာရင်းကောက်ခံတာကို စစ်ကောင်စီဘက်က ဇန်နဝါရီ ၇ရက်ကနေ စတင်လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်

အခုလို စစ်ကောင်သီရဲ့အိမ်ထောင်စုစာရင်းကောက်ခံမှုတွေမှာမပါဝင်ဖို့အတွက် တော်လှန်ရေးအဖွဲ့အသီးသီးကလည်း သတိပေးစာထုတ်ပြန်တာတွေလည်းရှိခဲ့ပါတယ်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ ပြည်သူတွေ အနေနဲ့ စစ်အုပ်စုရဲ့ တစ်အိမ်တက်ဆင်း လူဦးရေ စာရင်း ကောက်ယူတဲ့ လုပ်ငန်းစဉ်ကို ငြင်းဆန်ပြီး မပူးပေါင်းကြဖို့ မေတ္တာရပ်ခံထားပါတယ်

တအိမ်တက်ဆင်း မြေပြင် လူဦးရေ စာရင်း ကောက်ယူနိုင်ရေး အတွက် အားပေး အားမြှောက် ဆောင်ရွက်ကြတဲ့ စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးအဖွဲ့‌တွေ၊ လဝက အဖွဲ့တွေနဲ့ အခြား ဘယ်ဒေါက်တိုင်မဆို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ပြင်းပြင်းထန်ထန် တရားစွဲဆို အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်

 

Leave a Reply

Your email address will not be published. Required fields are marked *