နတ္သံကြင္း-ေက်ာက္ႀကီး လမ္းတိုက္ပြဲတြင္ စစ္သား ၇ ဦး ေသဆုံးၿပီး အ ေလာင္းမ်ား ခိုးေၾကာင္ ခိုးဝွက္ ေကာက္ယူ သၿဂိဳလ္ရ၊ ပဲခူးတိုင္းတြင္ စစ္တပ္ မိသားစုမ်ား ေၾကာက္လန႔္ေနၾကၿပီး အျပင္မထြက္ရဲဘဲ ဗုံးခိုက်င္းထဲ ညအိပ္

ရန္ကုန္၊ ဇန္နဝါရီ ၁၁

ပဲခူးတိုင္း၊ နတ္သံကြင္း-ေက်ာက္ႀကီး လမ္းပိုင္းတြင္ ဇန္နဝါရီလ ၈ ရက္ေန႔ နံနက္ ၅ နာရီေက်ာ္အခ်ိန္ တိုက္ပြဲျဖစ္ပြားၿပီး စစ္သား ၇ ဦးေသဆုံးခဲ့ေၾကာင္း စစ္တပ္သတင္းရင္းျမစ္မ်ားထံမွ သိရွိရသည္

တိုက္ပြဲတြင္ ေသဆုံးသြားသည့္ စစ္သား ၇ ဦးသည္ ေတာင္ငူခ႐ိုင္ အမွတ္(၉၃၀) ေထာက္ပံ့ႏွင့္ ပို႔ေဆာင္ေရးတပ္ရင္းမွ စစ္သားမ်ားျဖစ္ေၾကာင္း သိရွိရသည္

ဇန္နဝါရီလ ၈ ရက္ေန႔ နံနက္ ၅ နာရီ ၃၀ မိနစ္တြင္ နတ္သံကြင္း-ေက်ာက္ႀကီး လမ္းပိုင္းတြင္ အၾကမ္းဖက္ စစ္တပ္ႏွင့္ KNLA ပူးေပါင္းအဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြား ခဲ့ၿပီး စစ္သား ၇ ဦးေသဆုံးခဲ့ေၾကာင္း၊ အဆိုပါ တိုက္ပြဲသည္ နံနက္ ၈ နာရီ ၃၀ မိနစ္ အထိ ျပင္းထန္ခဲ့ၿပီး ေက်ာက္ႀကီး၊ ဆိပ္ႀကီး ဂိတ္မွ စစ္သားမ်ားသည္ မ ဆယ္ ေကြ႕အထိ ဆုတ္ခြာခဲ့ရေၾကာင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ ႐ိုးမ ပဲခူးတိုင္း၊တပ္ဖြဲ႕ ၃၇၀၂၊ BPDF-yoma က ေျပာသည္

“နတ္သံကြင္း- ေက်ာက္ႀကီးလမ္းမွာ ႏွစ္ဖက္ ထိေတြ႕မႈ ျဖစ္တာက ဇန္နဝါရီ ၈ ရက္ေန႔ မနက္ ၅ နာရီခြဲကေန ၃ နာရီၾကာတယ္ ျဖစ္တာ။ ေသဆုံးသြားတဲ့ စစ္ သား အေလာင္းေတြကို တိုက္ပြဲျဖစ္ၿပီးေတာ့ သြားမေကာက္ရဲဘူး။ စစ္တပ္ ဘက္ က ေနာက္ေန႔မွ ခိုးေၾကာင္ခိုးဝွက္ သြား ေကာက္ရတယ္။ အဲဒါ ၁၀ ရက္ ေန႔မွ သ‌ၿဂိဳလ္ႏိုင္တယ္” ဟု စစ္တပ္ သတင္း ရင္းျမစ္က ေျပာသည္

အလားတူ ဇန္နဝါရီလ ၉ ရက္နံနက္ ၉ နာရီ ခန႔္တြင္ ပဲခူးတိုင္း၊ေက်ာက္ႀကီး ၿမိဳ႕နယ္၊ ေနာင္ကုန္း႐ြာအနီး၌ အၾကမ္းဖက္ စစ္ေကာင္စီ ခလရ ၆၀ ႏွင့္ ျပည္ သူ႔ကာကြယ္ေရးတပ္ဖြဲ႕၊ “႐ိုးမ” ပဲခူးတိုင္း၊ တပ္ဖြဲ႕ ၃၇၀၂ ၊ BPDF –Yoma တပ္ ဖြဲ႕ တို႔အၾကား ၂ နာရီခန႔္အၾကာ တိုက္ပြဲျပင္းထန္ခဲ့ၿပီး ရန္ကင္းပညာေရး ေကာလိပ္မွ CDM ေက်ာင္းဆရာ ေစာလဲဘြယ္ထူး က်ဆုံးခဲ့ေၾကာင္း သိရသည္

အဆိုပါတိုက္ပြဲတြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္မွ ဒုတပ္ရင္းမႉးအပါအဝင္ ၁၄ ဦးက်ဆုံးခဲ့ေၾကာင္း သိရေသာ္ လည္း ရန္ကုန္ေခတ္သစ္သတင္းဌာနအေနျဖင့္ သီးျခားအတည္ျပဳႏိုင္ျခင္းမရွိေသးေပ

ထို႔ျပင္ ဇန္နဝါရီလ ၉ ရက္ေန႔ ပဲခူးတိုင္း၊ ေက်ာက္ႀကီးၿမိဳ႕နယ္၊ စစ္ေတာင္း တံတားဂိတ္‌ေစာင့္ စစ္သားမ်ားကို လက္နက္ႀကီးျဖင့္ ပစ္ခတ္တိုက္ ခိုက္ခဲ့ရာ အၾကမ္းဖက္စစ္‌ေကာင္စီတပ္သား ၁ ဦးေသဆုံးခဲ့ေၾကာင္း ပဲခူးတိုင္း”႐ိုးမ” တပ္ဖြဲ႕ ၃၇၀၂ PDF တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္ သတင္း ဌာနထံသို႔ ေျပာၾကားသည္

ထို႔အတူ ဇန္နဝါရီလ ၁၀ ရက္ေန႔ နံနက္ ၁၁ နာရီ ၄၅ မိနစ္အခ်ိန္ ပဲခူးတိုင္း၊ ေညာင္ေလးပင္ၿမိဳ႕နယ္ ပိန္းဇလုပ္ၿမိဳ႕အေျခစိုက္ ေျချမန္တပ္ရင္း ခမရ ၂၆၄ တပ္ဝန္းထဲသို႔ M79 ျဖင့္ ၂ ခ်က္ပစ္ခတ္ တိုက္ခိုက္ခဲ့ေၾကာင္း၊ အဆိုပါ တိုက္ခိုက္ မႈတြင္ စစ္ေကာင္စီ၏ တပ္ရင္းမႉးအိမ္ေရွ႕တည့္တည့္သို႔ က်ည္ က်ေပါက္ကြဲၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္(၁)ဦး ေသဆုံးခဲ့ေၾကာင္း သိရွိရသည္

“မေန႔က ေညာင္ေလးပင္နားတပ္ ၂၆၄ ကို ဝင္ပစ္တယ္။ စစ္သားမိသားစုေတြ တပ္ထဲက ဗုံးခိုက်င္းေတြထဲမွာ ပုန္းၾကရတယ္။ အနီး အနားက စာသင္ ေက်ာင္း က ကေလးေတြကို မိဘေတြကလာေခၚၾကတယ္။ အဲဒီ ၂၆၄ တပ္က ၾကက္ဝိုင္း ေလာင္းကစားဝိုင္းတပ္တြင္းမွာ အရပ္သူအရပ္သားေတြလာကစားဖို႔ ဖိတ္ေခၚၿပီး စီးပြားေရးလုပ္ေနတဲ့တပ္ပါ မေန႔က ၄၅မိနစ္ေလာက္အထိပစ္ၿပီး ၿငိမ္သြား တယ္” ဟု ေဒသျပည္သူတစ္ဦးက ေျပာသည္

လက္ရွိ ပဲခူးတိုင္း၊ ေက်ာက္ႀကီး၊ ေညာင္ေလးပင္၊ ေ႐ႊက်င္ရွိ တပ္မ်ားမွာ တပ္အျပင္သို႔ မထြက္ရဲေတာ့ဘဲ ဗုံးခိုက်င္းမ်ားထဲတြင္ အိပ္စက္ၾကေၾကာင္း၊ ဒ႐ုန္းမ်ားျဖင့္ ဗုံးလာက်ဲမည္ကို စိုးရိမ္ၾကေၾကာင္း၊ တပ္ျပင္လည္း မထြက္ရဲဘဲ ပစ္ခတ္တိုက္ခိုက္ခံရမည္ကို စိုးရိမ္ေနၾကရေၾကာင္း သိရွိရသည္

ဓာတ္ပုံ- ပဲခူးတိုင္း၊ နတ္သံကြင္း-ေက်ာက္ႀကီး လမ္းပိုင္းတိုက္ပြဲတြင္ ေသဆုံး သြားေသာ စစ္သား ၇ ဦး၏ အေလာင္းမ်ားကို ယမန္ေန႔က သၿဂိဳလ္ေနစဥ္

နတ်သံကွင်း-ကျောက်ကြီး လမ်းတိုက်ပွဲတွင် စစ်သား ၇ ဦး သေဆုံးပြီး အ လောင်းများ ခိုးကြောင် ခိုးဝှက် ကောက်ယူ သဂြိုလ်ရ၊ ပဲခူးတိုင်းတွင် စစ်တပ် မိသားစုများ ကြောက်လန့်နေကြပြီး အပြင်မထွက်ရဲဘဲ ဗုံးခိုကျင်းထဲ ညအိပ်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ပဲခူးတိုင်း၊ နတ်သံကွင်း-ကျောက်ကြီး လမ်းပိုင်းတွင် ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၅ နာရီကျော်အချိန် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်

တိုက်ပွဲတွင် သေဆုံးသွားသည့် စစ်သား ၇ ဦးသည် တောင်ငူခရိုင် အမှတ်(၉၃၀) ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းမှ စစ်သားများဖြစ်ကြောင်း သိရှိရသည်

ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် နတ်သံကွင်း-ကျောက်ကြီး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်နှင့် KNLA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွား ခဲ့ပြီး စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲသည် နံနက် ၈ နာရီ ၃၀ မိနစ် အထိ ပြင်းထန်ခဲ့ပြီး ကျောက်ကြီး၊ ဆိပ်ကြီး ဂိတ်မှ စစ်သားများသည် မ ဆယ် ကွေ့အထိ ဆုတ်ခွာခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရိုးမ ပဲခူးတိုင်း၊တပ်ဖွဲ့ ၃၇၀၂၊ BPDF-yoma က ပြောသည်

“နတ်သံကွင်း- ကျောက်ကြီးလမ်းမှာ နှစ်ဖက် ထိတွေ့မှု ဖြစ်တာက ဇန်နဝါရီ ၈ ရက်နေ့ မနက် ၅ နာရီခွဲကနေ ၃ နာရီကြာတယ် ဖြစ်တာ။ သေဆုံးသွားတဲ့ စစ် သား အလောင်းတွေကို တိုက်ပွဲဖြစ်ပြီးတော့ သွားမကောက်ရဲဘူး။ စစ်တပ် ဘက် က နောက်နေ့မှ ခိုးကြောင်ခိုးဝှက် သွား ကောက်ရတယ်။ အဲဒါ ၁၀ ရက် နေ့မှ သ‌ဂြိုလ်နိုင်တယ်” ဟု စစ်တပ် သတင်း ရင်းမြစ်က ပြောသည်

အလားတူ ဇန်နဝါရီလ ၉ ရက်နံနက် ၉ နာရီ ခန့်တွင် ပဲခူးတိုင်း၊ကျောက်ကြီး မြို့နယ်၊ နောင်ကုန်းရွာအနီး၌ အကြမ်းဖက် စစ်ကောင်စီ ခလရ ၆၀ နှင့် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့၊ “ရိုးမ” ပဲခူးတိုင်း၊ တပ်ဖွဲ့ ၃၇၀၂ ၊ BPDF –Yoma တပ် ဖွဲ့ တို့အကြား ၂ နာရီခန့်အကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ရန်ကင်းပညာရေး ကောလိပ်မှ CDM ကျောင်းဆရာ စောလဲဘွယ်ထူး ကျဆုံးခဲ့ကြောင်း သိရသည်

အဆိုပါတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအပါအဝင် ၁၄ ဦးကျဆုံးခဲ့ကြောင်း သိရသော် လည်း ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ

ထို့ပြင် ဇန်နဝါရီလ ၉ ရက်နေ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ စစ်တောင်း တံတားဂိတ်‌စောင့် စစ်သားများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်‌ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ပဲခူးတိုင်း”ရိုးမ” တပ်ဖွဲ့ ၃၇၀၂ PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်

ထို့အတူ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၂၆၄ တပ်ဝန်းထဲသို့ M79 ဖြင့် ၂ ချက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက် မှုတွင် စစ်ကောင်စီ၏ တပ်ရင်းမှူးအိမ်ရှေ့တည့်တည့်သို့ ကျည် ကျပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်(၁)ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်

“မနေ့က ညောင်လေးပင်နားတပ် ၂၆၄ ကို ဝင်ပစ်တယ်။ စစ်သားမိသားစုတွေ တပ်ထဲက ဗုံးခိုကျင်းတွေထဲမှာ ပုန်းကြရတယ်။ အနီး အနားက စာသင် ကျောင်း က ကလေးတွေကို မိဘတွေကလာခေါ်ကြတယ်။ အဲဒီ ၂၆၄ တပ်က ကြက်ဝိုင်း လောင်းကစားဝိုင်းတပ်တွင်းမှာ အရပ်သူအရပ်သားတွေလာကစားဖို့ ဖိတ်ခေါ်ပြီး စီးပွားရေးလုပ်နေတဲ့တပ်ပါ မနေ့က ၄၅မိနစ်လောက်အထိပစ်ပြီး ငြိမ်သွား တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်

လက်ရှိ ပဲခူးတိုင်း၊ ကျောက်ကြီး၊ ညောင်လေးပင်၊ ရွှေကျင်ရှိ တပ်များမှာ တပ်အပြင်သို့ မထွက်ရဲတော့ဘဲ ဗုံးခိုကျင်းများထဲတွင် အိပ်စက်ကြကြောင်း၊ ဒရုန်းများဖြင့် ဗုံးလာကျဲမည်ကို စိုးရိမ်ကြကြောင်း၊ တပ်ပြင်လည်း မထွက်ရဲဘဲ ပစ်ခတ်တိုက်ခိုက်ခံရမည်ကို စိုးရိမ်နေကြရကြောင်း သိရှိရသည်

ဓာတ်ပုံ- ပဲခူးတိုင်း၊ နတ်သံကွင်း-ကျောက်ကြီး လမ်းပိုင်းတိုက်ပွဲတွင် သေဆုံး သွားသော စစ်သား ၇ ဦး၏ အလောင်းများကို ယမန်နေ့က သဂြိုလ်နေစဉ်

 

Leave a Reply

Your email address will not be published. Required fields are marked *