သုသာန္က ဇရပ္အေဆာက္အဦးတစ္ခုလုံး ျဖဳတ္ယူခိုးခံရ
ဇႏၷဝါရီ ၁၁
စစ္ကိုင္းတိုင္း တမူးၿမိဳ႕၊ နန႔္ဖာလုံသုသာန္ရွိ ဇရပ္အပါအဝင္ အေဆာက္အဦတစ္ခုလုံး ျဖဳတ္ယူ ခိုးယူခံရမႈ ျဖစ္ပြားခဲ့တယ္လို႔ နိဗၺာန္လမ္း လူမႈကူညီေရးအသင္း(တမူးၿမိဳ႕)မွ သိရပါတယ္
တမူးၿမိဳ႕၊ နန႔္ဖာလုံ စာသင္ေက်ာင္း ေနာက္ေက်ာဘက္မွာ ရွိတဲ့ နန႔္ဖာလုံသုသာန္ရွိ ဇရပ္ႏွင့္ အေဆာက္အဦးတစ္ခုလုံး ခိုးယူခံရမႈအား ၿပီးခဲ့သည့္ ဇန္နဝါရီ ၇ ရက္ေန႔က နာေရး ၾသဂႋုလ္ ရန္ သြားေရာက္ရာမွ သိရွိရတာလို႔ဆိုပါတယ္
နိဗၺာန္လမ္း လူမႈကူညီေရးအသင္း(တမူးၿမိဳ႕)မွ ကိုမင္းထင္ေက်ာ္က “တမူးၿမိဳ႕ နန္းဖာလုံ သုသာန္အေျခအေနကေတာ့ အကုန္သူခိုး ခိုးခံရလို႔ ဇရပ္လည္းမရွိေတာ့ဘူး
မီးၾသဂႋုလ္ ဖိုအေဆာက္အဦလည္းမရွိေတာ့ဘူး သူခိုး ခိုးသြားအကုန္ပဲ အခု ၾသဂႋုလ္ရ အဆင္မေျပလို႔ တမူးသုသာန္ဖဲလာၾသဂႋုလ္ေနၾကရတယ္” လို႔ ေျပာၾကားထားပါတယ္
အဆိုပါ သုသာန္ရွိ ခိုးယူခံရသည့္ အေဆာက္အဦကို ၿမိဳ႕သူၿမိဳ႕သားမ်ား ေကာင္းမႈျဖင့္ တည္ေဆာက္ထားျခင္း ျဖစ္တယ္လို႔လည္း သိရပါတယ္
MyanmaPlatform
သုသာန်က ဇရပ်အဆောက်အဦးတစ်ခုလုံး ဖြုတ်ယူခိုးခံရ
ဇန္နဝါရီ ၁၁
စစ်ကိုင်းတိုင်း တမူးမြို့၊ နန့်ဖာလုံသုသာန်ရှိ ဇရပ်အပါအဝင် အဆောက်အဦတစ်ခုလုံး ဖြုတ်ယူ ခိုးယူခံရမှု ဖြစ်ပွားခဲ့တယ်လို့ နိဗ္ဗာန်လမ်း လူမှုကူညီရေးအသင်း(တမူးမြို့)မှ သိရပါတယ်
တမူးမြို့၊ နန့်ဖာလုံ စာသင်ကျောင်း နောက်ကျောဘက်မှာ ရှိတဲ့ နန့်ဖာလုံသုသာန်ရှိ ဇရပ်နှင့် အဆောက်အဦးတစ်ခုလုံး ခိုးယူခံရမှုအား ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့က နာရေး သြင်္ဂိုလ် ရန် သွားရောက်ရာမှ သိရှိရတာလို့ဆိုပါတယ်
နိဗ္ဗာန်လမ်း လူမှုကူညီရေးအသင်း(တမူးမြို့)မှ ကိုမင်းထင်ကျော်က “တမူးမြို့ နန်းဖာလုံ သုသာန်အခြေအနေကတော့ အကုန်သူခိုး ခိုးခံရလို့ ဇရပ်လည်းမရှိတော့ဘူး
မီးသြင်္ဂိုလ် ဖိုအဆောက်အဦလည်းမရှိတော့ဘူး သူခိုး ခိုးသွားအကုန်ပဲ အခု သြင်္ဂိုလ်ရ အဆင်မပြေလို့ တမူးသုသာန်ဖဲလာသြင်္ဂိုလ်နေကြရတယ်” လို့ ပြောကြားထားပါတယ်
အဆိုပါ သုသာန်ရှိ ခိုးယူခံရသည့် အဆောက်အဦကို မြို့သူမြို့သားများ ကောင်းမှုဖြင့် တည်ဆောက်ထားခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်
MyanmaPlatform