မူးယစ္ရာဇာ ထြန္းမင္းလတ္ထံမွ မင္းေအာင္လႈိင္ရဲ႕ မိသားစု၏ ပိုင္ဆိုင္မႈေတြ ထိုင္းရဲက သိမ္းဆည္းရမိ၊ သား ေအာင္ျပည့္စုံက ဘန္ေကာက္မွာ ထိုင္းဘတ္ ၃၃ သန္းတန္ ကြန္ဒိုတိုက္ခန္း ဝယ္ထားၿပီး သမီး ခင္သီရိသက္မြန္က ထိုင္းဘဏ္ အေကာင့္ ေတြ ဖြင့္ထား

ရန္ကုန္၊ ဇန္နဝါရီ ၁၁

ျမန္မာခ႐ိုနီ စစ္လက္နက္ပြဲစား ထြန္းမင္းလတ္နဲ႔ သူ႔ရဲ႕ကြန္ရက္ကို မူးယစ္ ေဆး ဝါး ေရာင္းဝယ္ျဖန႔္ခ်ိမႈနဲ႔ စီးနင္းဖမ္းဆီးရာမွာ စစ္ေခါင္းေဆာင္ မင္းေအာင္ လႈိင္ ရဲ႕ သားျဖစ္သူ ေအာင္ျပည့္စုံပိုင္ဆိုင္တဲ့ တန္ဖိုးႀကီးကြန္ဒိုခန္း တစ္ခန္း ရဲ႕ ပိုင္ဆိုင္ မႈအေထာက္အထားနဲ႔ သမီးျဖစ္သူ ခင္သီရိသက္မြန္ရဲ႕ ဘဏ္စာအုပ္ ေတြ ကို ထိုင္းရဲေတြက ေတြ႕ရွိခဲ့တယ္လို႔ Justice for Myanmar က သတင္း ထုတ္ျပန္ ပါတယ္။

မင္းေအာင္လႈိင္ရဲ႕ သားနဲ႔သမီးတို႔ရဲ႕ ပိုင္ဆိုင္မႈေတြကို ထြန္းမင္းလတ္ကို ဖမ္း ဆီး တဲ့ အခ်ိန္မွာ ထြန္းမင္းလတ္ရဲ႕ လက္မွာရွိေနတာကို လက္ပူး လက္ၾကပ္ ဖမ္းမိ တာ ျဖစ္ပါတယ္။လက္ဝယ္ေတြ႕ရွိတဲ့ ပစၥည္းေတြကို သိမ္းဆည္းခဲ့ေပမယ့္ ပိုင္ဆိုင္မႈေတြကိုေတာ့ ဖမ္းဆည္းသိမ္းယူထားျခင္းမရွိေသးေၾကာင္း၊ ထြန္းမင္းလတ္ကိုစြဲဆိုထားတဲ့ ရာဇ ဝတ္ မႈေတြနဲ႔ မင္းေအာင္လႈိင္ရဲ႕ သားသမီးေတြၾကား ဆက္ႏြယ္ေနတဲ့ သက္ေသအေထာက္အထားေတြ ရွိေနေပမယ့္ ထိုင္းရဲေတြအေနနဲ႔ မင္းေအာင္ လႈိင္ရဲ႕ သားသမီးေတြကို စုံစမ္းစစ္ေဆးမႈေတြ တိုးခ်ဲ႕လုပ္ေဆာင္ထားျခင္း မရွိေသးေၾကာင္း Justice For Myanmar က သတင္းထုတ္ျပန္ပါတယ္။

မင္းေအာင္လႈိင္ရဲ႕ သားသမီးေတြနဲ႔ ထြန္းမင္းလတ္တို႔အၾကား ေငြေၾကးဆက္ႏႊယ္ မႈေတြကို Justice For Myanmar က သိမ္းဆည္းရမိတဲ့ စာရင္းမွတ္တမ္း ေတြ က ေန ရွာေဖြဆန္းစစ္ ေဖာ္ထုတ္ခဲ့တာပါ

ထြန္းမင္းလတ္ကို စက္တင္ဘာ ၁၇ ရက္ေန႔က ဘန္ေကာက္ၿမိဳ႕အ႐ုဏ္တက္ခ်ိန္ စီးနင္းမႈမွာ ဖမ္းဆီးလိုက္တာျဖစ္ၿပီး၊ သူ႔ကို အျမင့္ဆုံး ျပစ္ဒဏ္ ၁၅ ႏွစ္ကေန ေသဒဏ္ အထိ အျပစ္ေပးႏိုင္တဲ့ မူးယစ္ေဆးဝါးေရာင္းဝယ္မႈ၊ ေငြေၾကးခဝါခ်မႈနဲ႔ ႏိုင္ငံျဖတ္ေက်ာ္ ရာဇဝတ္မႈေတြနဲ႔ ဒီဇင္ဘာလ ၁၃ ရက္ေန႔က စြဲခ်က္တင္ ထားပါတယ္။

ထြန္းမင္းလတ္ကို ဖမ္းဆီးၿပီးေနာက္မွာ ထိုင္းရဲတပ္ဖြဲ႕က အိမ္ၿခံေျမ၊ ေငြသား၊ ကားေတြ၊ တန္ဖိုးႀကီးနာရီေတြနဲ႔ နာမည္ႀကီးတံဆိပ္လက္ကိုင္အိတ္ ေတြအပါ အဝင္ အေမရိကန္ေဒၚလာ သန္း ၅၀ ေလာက္တန္ဖိုးရွိတဲ့ ပိုင္ဆိုင္မႈေတြကို သိမ္းဆည္းရမိခဲ့ပါတယ္။

ဘန္ေကာက္မွာ ေအာင္ျပည့္စုံက Belle Grand Rama 9 ကြန္ဒိုအခန္း ဝယ္ထား

ထြန္းမင္းလတ္ရဲ႕ လက္ဝယ္ လက္ပူးလက္ၾကပ္ သိမ္းဆည္းရမိတဲ့ ပိုင္ဆိုင္မႈေတြ မွာ ဘန္ေကာက္ၿမိဳ႕ Belle Grand Rama 9 ကြန္ဒိုရွိ ေအာင္ျပည္စုံပိုင္ဆိုင္တဲ့ အိပ္ခန္း ေလးခန္းပါ ဇိမ္ခံကြန္ဒိုအခန္းအတြက္ ပိုင္ဆိုင္မႈ စာ႐ြက္စာတမ္းလည္း ပါတာကို သိမ္း ဆည္းမွတ္တမ္းေတြအရ သိရပါတယ္။

အဲဒီ ကြန္ဒိုအခန္းကို ၂၀၁၇ ခုႏွစ္ကဝယ္ယူခဲ့တာျဖစ္ၿပီး၊ အဲဒီအခ်ိန္ဟာ ေအာင္ ျပည္စုံ ရဲ႕ဖခင္မင္းေအာင္လႈိင္က ႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္တဲ့ ရာဇဝတ္ မႈေတြ က်ဴးလြန္ေနတဲ့ခ်ိန္ျဖစ္ပါတယ္။ အဲဒီ ႏိုင္ငံတကာ ရာဇဝတ္မႈ က်ဴးလြန္ ထားတဲ့ရာဇတ္ေကာင္ကို အခုအခ်ိန္အထိ အျပစ္ေပး အေရးယူႏိုင္ တာ မရွိေသးပါဘူး။

ပုံစံတူ အိပ္ခန္းေလးခန္းပါ ကြန္ဒိုခန္းေတြရဲ႕ တန္ဖိုးကို လက္ရွိကာလ ေပါက္ ေဈး ဘတ္ ၃၃ သန္းဝန္းက်င္နဲ႔ ေၾကာ္ျငာထားၿပီး၊ အဲ့ဒီတန္ဖိုးဟာ အေမရိကန္ ေဒၚလာ ၁ သန္းနီးပါး ျဖစ္ပါတယ္။ Belle Grand Rama 9 ကြန္ဒိုဟာ ထြန္း မင္း လတ္ကို ဖမ္းဆီးရမိခဲ့တဲ့ ကြန္ဒိုမီနီယံျဖစ္ၿပီး အဲဒီကြန္ဒိုမွာ ထြန္းမင္း လတ္ က သူ႔ရဲ႕နာမည္နဲ႔ေရာ ဇနီးျဖစ္တဲ့ ဝင္းမင္းစိုး နာမည္နဲ႔ တြဲလ်က္ပါ အခန္း ၃ ခန္း ကို ပိုင္ဆိုင္ထားပါတယ္။

မင္းေအာင္လႈိင္သမီး ခင္သီရိသက္မြန္က ထိုင္းဘဏ္စာအုပ္ေတြ ဖြင့္ ထား

ထိုင္းရဲတပ္ဖြဲ႕က မင္းေအာင္လႈိင္ရဲ႕ သမီးခင္သီရိသက္မြန္ ပိုင္ဆိုင္တဲ့ Siam Commercial Bank ေငြစုစာအုပ္ႏွစ္အုပ္ကိုလည္း သိမ္းဆည္းရမိခဲ့ပါတယ္။ အဲဒီ ဘဏ္အေကာင့္ေတြဟာ တန္ဖိုးႀကီးဘန္ေကာက္ကြန္ဒိုမီနီယံနဲ႔ ႐ုံးခန္း အေဆာက္အအုံတစ္ခုျဖစ္တဲ့ Q House Lumphini မွာရွိတဲ့ ဘဏ္ခြဲမွာ ဖြင့္ ထားတာ ျဖစ္ပါတယ္။

ထိုင္းအာဏာပိုင္ေတြအေနနဲ႔ ဘဏ္အေကာင့္ကို သိမ္း ဆည္းခဲ့ျခင္းမရွိေၾကာင္း Justice For Myanmar ကဆိုပါတယ္။ အဲ့ဒီဘဏ္အေကာင့္ ဆက္လက္အသုံးျပဳႏိုင္ျခင္း ရွိ မရွိကို အတည္မျပဳႏိုင္ေသး ဘူးလို႔ ဆက္လက္ေျပာဆိုပါတယ္။ ထြန္းမင္းလတ္ဟာ အရင္က ခင္သီရိသက္မြန္နဲ႔ အစုရွယ္ယာကုမၸဏီတစ္ခုရွိ ခဲ့ၿပီး၊ ဒီအေၾကာင္းကို Justice For Myanmar ကထုတ္ေဖာ္ခဲ့ပါတယ္။

မင္းေအာင္လႈိင္ရဲ႕ သားနဲ႔ သမီးတို႔ကို သူတို႔ရဲ႕ ဖခင္နဲ႔ အလားတူ အေမရိကန္နဲ႔ ကေနဒါႏိုင္ငံတို႔က ဒဏ္ခတ္ပိတ္ဆို႔အေရးယူထားေၾကာင္း၊ ထြက္ေပၚလာတဲ့ အေထာက္အထားေတြဟာ လက္ရွိ ထြန္းမင္းလတ္အေပၚ ရာဇဝတ္ေၾကာင္း အရ စြဲဆိုထားတဲ့ကိစၥနဲ႔ မင္းေအာင္လႈိင္ရဲ႕မိသားစုအၾကား ဆက္ႏႊယ္ေနတာ ေတြအတြက္ အေရးပါၿပီး၊ သိမ္းဆည္းရမိတဲ့ပိုင္ဆိုင္မႈေတြအတြက္ ေငြေတြ ဘယ္က ရလဲဆိုတာအေပၚ ေမးခြန္းထုတ္စရာျဖစ္ေၾကာင္း JFM က ဆိုပါတယ္။

ဒီျဖစ္စဥ္ကိုၾကည့္ရင္ ျမန္မာစစ္တပ္က အႀကီးတန္းမိသားစုဝင္ေတြဟာ ထိုင္း ဘဏ္ ေတြကို အသုံးျပဳခြင့္ရေနတာ ေဖာ္ျပေနၿပီး အက်ယ္ခ်ဲ႕ ဆိုရရင္ တနည္း အားျဖင့္ ထိုင္းႏိုင္ငံဟာ ျမန္မာ စစ္တပ္ရဲ႕ အျမစ္တြယ္ေနတဲ့အက်င့္ ပ်က္ျခ စားမႈေတြ ကရတဲ့ တရားမဝင္ အျမတ္ေငြေတြ ျမန္မာစစ္တပ္က အႀကီး တန္း မိသားစုဝင္ေတြ သိုဝွက္ထားဖို႔ေနရာတစ္ခုအျဖစ္ ရွိေနတဲ့အခ်က္ဟာ ထင္ရွား ေပၚ လြင္တဲ့ အေထာက္အထားျဖစ္တယ္လို႔ ဆိုပါတယ္။

စစ္အုပ္စုကို ႏိုင္ငံတကာဘ႑ာေရးစနစ္ကိုသုံးၿပီး ကန႔္သတ္ဖို႔ႀကိဳးပမ္းတဲ့ ဒဏ္ ခတ္ ပိတ္ဆို႔တာေတြ နဲ႔ အျခားေသာအေရးယူမႈေတြ ရွိေနတဲ့ၾကားက ခုလို လုပ္ကိုင္ခြင့္ရေနၾကတာ ျဖစ္ေၾကာင္း၊ မင္းေအာင္လႈိင္ မိသားစုက ထိုင္းႏိုင္ငံကို သူတို႔ မတရားခိုးယူထားတဲ့ ဓနဥစၥာေတြ ဖြက္ထားဖို႔ လုံၿခဳံစိတ္ခ်ရတဲ့ ေနရာ တစ္ခု အျဖစ္ ရႈျမင္လုပ္ကိုင္ေနတာဟာ အံ့ဩစရာမဟုတ္ေၾကာင္း၊ မင္းေအာင္ လႈိင္ ဟာ ၂၀၁၄ ခုႏွစ္မွာ ထိုင္းစစ္တပ္က အာဏာသိမ္းၿပီး ဝန္ႀကီးခ်ဳပ္ ေနရာ ယူ ထားတဲ့ ပရာယြတ္ခ်န္အိုခ်ာနဲ႔ နီးကပ္တဲ့ဆက္ဆံေရးရွိေၾကာင္း JFM က သတင္းထုတ္ျပန္ပါတယ္

ျမန္မာစစ္တပ္က အာဏာသိမ္းရန္ ႀကိဳးပမ္းမႈေနာက္ပိုင္းမွာ ပရာယြတ္နဲ႔ မင္းေအာင္ လႈိင္တို႔ဟာ ကန႔္လန႔္ကာေနာက္ကြယ္လမ္းေၾကာင္းေတြ ကေန ထိေတြ႕ဆက္ဆံေနၾကခဲ့ၿပီး၊ ျမန္မာႏိုင္ငံဆိုင္ရာထိုင္းအထူးသံတမန္ က ျမန္မာ ႏိုင္ငံအေပၚ အေရးယူဒဏ္ခတ္ပိတ္ဆို႔မႈေတြကို ကန႔္ကြက္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။ ထိုင္းႏိုင္ငံဟာ သဘာဝဓာတ္ေငြ႕တင္သြင္းမႈ က တဆင့္ စစ္အုပ္စုရဲ႕ အၾကမ္းဖက္စစ္ဆင္ေရးကို ေငြေၾကးေထာက္ပံ့ေနပါတယ္

ထိုင္းအာဏာပိုင္ေတြအေနနဲ႔ ပိုင္ဆိုင္မႈေတြကို သိမ္းဆည္းၿပီး၊ ေအာင္ျပည့္စုံနဲ႔ ခင္သီရိသက္မြန္တို႔ဟာ ထိုင္းဥပေဒကို ခ်ိဳးေဖာက္ထားေၾကာင္း စြဲဆိုထားတဲ့ ထြန္းမင္း လတ္ရဲ႕ ရာဇဝတ္မႈလုပ္ရပ္ေတြကေန အက်ိဳးအျမတ္ရရွိခဲ့ျခင္း ရွိ မရွိတို႔ကို စုံစမ္းစစ္ေဆးဖို႔၊ စစ္အုပ္စုအဖြဲ႕ဝင္ေတြ၊ သူတို႔ရဲ႕ မိသားစုေတြနဲ႔ အားေပးပံ့ပိုးေနၾကတဲ့ ေထာက္တိုင္ေတြက ထိုင္းဘဏ္ေတြကို အသုံးျပဳေန တာနဲ႔ ထိုင္းႏိုင္ငံမွာ ပိုင္ဆိုင္မႈေတြ ဝယ္ယူတာကို ပိတ္ပင္တားဆီးဖို႔ Justice For Myanmar က ေတာင္းဆိုပါတယ္။

ထိုင္းႏိုင္ငံရဲ႕ မဟာမိတ္ႏိုင္ငံေတြအေနနဲ႔လည္း ျမန္မာစစ္ရာဇဝတ္ေကာင္ေတြရဲ႕ ခိုးရာပါပစၥည္းေတြကို အေရးယူခံရျခင္းလြတ္ကင္းစြာနဲ႔ သိုဝွက္သိမ္းဆည္းတဲ့ ေနရာမျဖစ္ေအာင္ လုပ္ဖို႔ ထိုင္းႏိုင္ငံကို ဖိအားေပးဖို႔လည္း လိုအပ္ေၾကာင္း၊ ထိုင္းဘဏ္ေတြအေနနဲ႔ ေအာင္ျပည္စုံနဲ႔ ခင္သီရိသက္မြန္တို႔ အပါအဝင္ အျခား အခ်ဳပ္အျခာပိုင္ႏိုင္ငံေတြက ဒဏ္ခတ္ပိတ္ဆို႔အေရးယူထားတဲ့ လူပုဂၢိဳလ္ေတြ ဖြင့္လွစ္ကိုင္ေဆာင္ထားတဲ့ ဘဏ္စာရင္းေတြ ပိတ္သိမ္းဖို႔ Justice For Myanmar က ထပ္မံ တိုက္တြန္းေတာင္းဆိုပါတယ္။

Siam Commercial Bank ကို ခင္သီရိသက္မြန္နဲ႔ စစ္အုပ္စုမိသားစုေတြကို ဘဏ္ဝန္ေဆာင္မႈေတြ ေပးေဆာင္ေနတဲ့အေျခအေနနဲ႔ ပတ္သက္ၿပီး Justice For Myanmar ရဲ႕ ေမးျမန္းတာေတြကို ျပန္လည္ေျဖၾကားတာ မရွိဘူးလို႔ သိရပါတယ္

အစိုးရေတြအေနနဲ႔ စစ္အုပ္စုရဲ႕ ေငြေၾကးအရင္းျမစ္ေတြကို ျဖတ္ေတာက္ဖို႔ နဲ႔ စစ္အုပ္စုရဲ႕ ေငြေၾကးေထာက္တိုင္ေတြကို အေရးတႀကီး ဒဏ္ခတ္ပိတ္ဆို႔ အေရးယူရမွာျဖစ္ပါတယ္။ ဒါ့အျပင္ စစ္ဗိုလ္ခ်ဳပ္ေတြနဲ႔ သူတို႔မိသားစုဝင္ေတြ အတြက္ တရားမဝင္စစ္အာဏာသိမ္းမႈကေန အက်ိဳးအျမတ္ထုတ္ဖို႔ နဲ႔ ျမန္မာ ျပည္ သူေတြဆီက ျပည္သူေတြရဲ႕ ပိုင္ဆိုင္မႈေတြကို ခိုးယူခြင့္ရေနတဲ့ အခြင့္ အေရး ေတြကို ပိတ္ပင္တားျမစ္ဖို႔အတြက္လည္း လုပ္ေဆာင္ရမွာျဖစ္တယ္လို႔ JFM ကဆိုပါတယ္

ဒီေန႔အထိေတာ့ ထြန္းမင္းလတ္ရဲ႕ စီးပြားေရးလုပ္ငန္းစုႀကီးျဖစ္တဲ့ Star Sapphire Group of Companies ကို ယူေကႏိုင္ငံတစ္ႏိုင္ငံတည္းကသာ ဒဏ္ခတ္ပိတ္ဆို႔ အေရးယူထားေၾကာင္း၊ အေမရိကန္၊အီးယူ၊ကေနဒါနဲ႔ ၾသစေၾတးလ်တို႔အေနနဲ႔လည္း Star Sapphire Group ကို ဒဏ္ခတ္ အေရးယူရာမွာ ယူေကႏိုင္ငံနဲ႔အတူ လိုက္ပါလုပ္ေဆာင္ဖို႔ လိုအပ္ၿပီး၊ တခ်ိန္တည္းမွာ မဟာမိတ္ငါးႏိုင္ငံအေနနဲ႔ ထြန္းမင္းလတ္နဲ႔ သူ႔ရဲ႕ ကြန္ယက္ ထဲက လူပုဂၢိဳလ္ေတြနဲ႔ စီးပြားေရးလုပ္ငန္းအားလုံးကို ဒဏ္ခတ္ပိတ္ဆို႔ အေရး ယူႏိုင္ ဖို႔ ကေနဒါနဲ႔ ၾသစေၾတးလ်အပါအဝင္ စိတ္တူကိုယ္တူ မိတ္ဖက္ ႏိုင္ငံမ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္သင့္ေၾကာင္း JFM က တိုက္တြန္းပါတယ္

မင္းေအာင္လႈိင္ စီးပြားေရး မိတ္ဖက္ မူးယစ္ရာဇာ ထြန္းမင္းလတ္

အသက္ ၅၃ ႏွစ္ရွိၿပီျဖစ္တဲ့ ထြန္းမင္းလတ္ဟာ ျမန္မာစစ္တပ္အတြက္ စစ္ လက္ နက္ ေတြကို တ႐ုတ္နဲ႔ အစၥေရးႏိုင္ငံ ေတြဆီကေန ဝယ္ေပးတာအပါအဝင္ ျမန္မာစစ္တပ္ကို တေလ်ာက္လုံး ေထာက္ပံ့ကူညီေနတဲ့အေၾကာင္း မွတ္တမ္း ေပါင္း မ်ားစြာရွိတဲ့ ခ႐ိုနီတစ္ဦးျဖစ္ေၾကာင္း JFM သတင္းထုတ္ျပန္ခ်က္က ေဖာ္ျပပါတယ္

သူဟာ အရင္ သန္းေ႐ႊ အစိုးရလက္ထက္ ဟိုတယ္နဲ႔ ခရီးသြားလာေရးဝန္ႀကီး ဌာနအရာရွိေဟာင္း အၿငိမ္းစား ဒုဗိုလ္မႉးႀကီးတစ္ဦးရဲ႕ သားျဖစ္ပါတယ္။ ထြန္း မင္း လတ္ဟာ ျမန္မာစစ္တပ္ရဲ႕ စစ္ေထာက္ခ်ဳပ္႐ုံး၊ စစ္တပ္စီး ပြားေရးလုပ္ငန္း စုႀကီး ျမန္မာ့စီးပြားေရးဦးပိုင္လီမိတက္(MEHL)တို႔နဲ႔ စီးပြားေရးမိတ္ဖက္ အျဖစ္ လုပ္ငန္းေတြ လုပ္ကိုင္ေနတာ ျဖစ္တယ္လို႔ ဆိုပါတယ္

စစ္ေထာက္ခ်ဳပ္႐ုံးကို အေမရိကန္၊ ယူေကႏွင့္ ကေနဒါႏိုင္ငံတို႔က ဒဏ္ခတ္ ပိတ္ဆို႔ အေရးယူထားၿပီး ျမန္မာ့စီးပြားေရးဦးပိုင္လိမိတက္ (MEHL) ကိုေတာ့ အေမရိကန္၊ ယူေက၊ ကေနဒါနဲ႔ အီးယူ တို႔က ပိတ္ဆို႔အေရးယူထားေၾကာင္း၊ ထြန္းမင္းလတ္ဟာ ဇနီးျဖစ္တဲ့ ေဒါက္တာဝင္းမင္းစိုး၊ လုပ္ေဖာ္ကိုင္ဖက္ ေဒါက္ တာထက္ေအာင္၊ စည္သူေမာင္၊ ခိုင္ဝင့္မြန္တို႔နဲ႔ အတူတူ ဦးေဆာင္လုပ္ ကိုင္တဲ့ Star Sapphire Group of Companies ကေနတစ္ဆင့္ သူ႔ရဲ႕လုပ္ငန္း ေတြကို ေဆာင္႐ြက္တာ ျဖစ္ေၾကာင္း သိရွိရပါတယ္

၂၀၁၇ ခုႏွစ္၊ ႏိုဝင္ဘာလက စၿပီး ေ႐ႊႀတိဂံေဒသ၊ ျမန္မာႏိုင္ငံဘက္ျခမ္း၊ တာခ်ီ လိတ္ၿမိဳ႕မွာ သူနဲ႔ ပတ္သက္ဆက္ႏႊယ္တဲ့ Allure Group ဟာ သူ႔ရဲ႕ျမန္မာ လုပ္ ငန္း ခြဲျဖစ္တဲ့ Myanmar Allure Group ကတဆင့္ ကာစီႏိုေလာင္း ကစား ႐ုံ လုပ္ငန္းကို စစ္ေထာက္ခ်ဳပ္႐ုံးနဲ႔ မိတ္ဖက္ လုပ္ကိုင္ေနတယ္လို႔ သိရွိရ ပါတယ္

Allure ကာစီႏိုလုပ္ငန္းဟာ ထြန္းမင္းလတ္ ဒါ႐ိုက္တာအျဖစ္ တာဝန္ယူထားတဲ့ ထိုင္းကုမၸဏီ Allure Group (P&E) ပါတဲ့ နယ္စပ္ျဖတ္ေက်ာ္ လွ်ပ္စစ္ ဓါတ္ အား ဝယ္ယူတာကတဆင့္ ထိုင္းႏိုင္ငံ ေငြေၾကးစနစ္ထဲကို တရားမဝင္ေငြ ေၾကးေတြ ထည့္ေနတဲ့ ေငြေၾကးခဝါခ်မႈႏွင့္ မူးယစ္ေဆးဝါးေရာင္းဝယ္မႈ ကြန္ယက္ တစ္ခုရဲ႕ အစိတ္အပိုင္းပဲ ျဖစ္တယ္လို႔ သိရပါတယ္

ထြန္းမင္းလတ္နဲ႔ အတူ Allure Group (P&E) ကို ထိုင္းအာဏာပိုင္ေတြက စြဲခ်က္တင္ထားၿပီး Allure ကာစီႏိုလုပ္ငန္းကို Upakit Pachariyangkun က တည္ေထာင္ခဲ့တာျဖစ္ၿပီး၊ ဒီလုပ္ငန္းကို ထြန္းမင္းလတ္နဲ႔ အတူ ခ်ဳပ္ကိုင္ထားသူ ျဖစ္ေၾကာင္း၊ Pachariyangkun ဟာ လက္ရွိမွာ ထိုင္းစစ္တပ္က ခန႔္အပ္ ထား တဲ့ အထက္လႊတ္ေတာ္အမတ္တစ္ဦးအျဖစ္ တာဝန္ထမ္းေဆာင္ ေနေၾကာင္း သိရွိရပါတယ္

အရင္ႏွစ္ ေအာက္တိုဘာလက မူးယစ္ေဆးဝါးနဲ႔ ေငြေၾကးခဝါခ်မႈ စြဲခ်က္နဲ႔ Pachariyangkun ကို ဖမ္းဆီးဖို႔ ဝရမ္းထုတ္ခဲ့ၿပီး နာရီပိုင္းအတြင္း ျပန္လည္ ႐ုပ္သိမ္းခဲ့ေၾကာင္း၊ ၂၀၁၉ ခုႏွစ္မွာ Pachariyangkun ဟာ Allure မွာပါထား တဲ့ သူ႔ရဲ႕ ရွယ္ယာေတြကို ထြန္းမင္းလတ္နဲ႔ အတူ စြဲခ်က္တင္ခံထားရတဲ့ သူ႔ရဲ႕ သားမက္ျဖစ္သူ Dean Gultula ဆီကို လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရွိရပါတယ္

ဓာတ္ပုံ- အၾကမ္းဖက္စစ္ေခါင္းေဆာင္း မင္းေအာင္လႈိင္သား၊ သမီး၊ မိသားစု

မူးယစ်ရာဇာ ထွန်းမင်းလတ်ထံမှ မင်းအောင်လှိုင်ရဲ့ မိသားစု၏ ပိုင်ဆိုင်မှုတွေ ထိုင်းရဲက သိမ်းဆည်းရမိ၊ သား အောင်ပြည့်စုံက ဘန်ကောက်မှာ ထိုင်းဘတ် ၃၃ သန်းတန် ကွန်ဒိုတိုက်ခန်း ဝယ်ထားပြီး သမီး ခင်သီရိသက်မွန်က ထိုင်းဘဏ် အကောင့် တွေ ဖွင့်ထား

ရန်ကုန်၊ ဇန်နဝါရီ ၁၁

မြန်မာခရိုနီ စစ်လက်နက်ပွဲစား ထွန်းမင်းလတ်နဲ့ သူ့ရဲ့ကွန်ရက်ကို မူးယစ် ဆေး ဝါး ရောင်းဝယ်ဖြန့်ချိမှုနဲ့ စီးနင်းဖမ်းဆီးရာမှာ စစ်ခေါင်းဆောင် မင်းအောင် လှိုင် ရဲ့ သားဖြစ်သူ အောင်ပြည့်စုံပိုင်ဆိုင်တဲ့ တန်ဖိုးကြီးကွန်ဒိုခန်း တစ်ခန်း ရဲ့ ပိုင်ဆိုင် မှုအထောက်အထားနဲ့ သမီးဖြစ်သူ ခင်သီရိသက်မွန်ရဲ့ ဘဏ်စာအုပ် တွေ ကို ထိုင်းရဲတွေက တွေ့ရှိခဲ့တယ်လို့ Justice for Myanmar က သတင်း ထုတ်ပြန် ပါတယ်။

မင်းအောင်လှိုင်ရဲ့ သားနဲ့သမီးတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထွန်းမင်းလတ်ကို ဖမ်း ဆီး တဲ့ အချိန်မှာ ထွန်းမင်းလတ်ရဲ့ လက်မှာရှိနေတာကို လက်ပူး လက်ကြပ် ဖမ်းမိ တာ ဖြစ်ပါတယ်။လက်ဝယ်တွေ့ရှိတဲ့ ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပေမယ့် ပိုင်ဆိုင်မှုတွေကိုတော့ ဖမ်းဆည်းသိမ်းယူထားခြင်းမရှိသေးကြောင်း၊ ထွန်းမင်းလတ်ကိုစွဲဆိုထားတဲ့ ရာဇ ဝတ် မှုတွေနဲ့ မင်းအောင်လှိုင်ရဲ့ သားသမီးတွေကြား ဆက်နွယ်နေတဲ့ သက်သေအထောက်အထားတွေ ရှိနေပေမယ့် ထိုင်းရဲတွေအနေနဲ့ မင်းအောင် လှိုင်ရဲ့ သားသမီးတွေကို စုံစမ်းစစ်ဆေးမှုတွေ တိုးချဲ့လုပ်ဆောင်ထားခြင်း မရှိသေးကြောင်း Justice For Myanmar က သတင်းထုတ်ပြန်ပါတယ်။

မင်းအောင်လှိုင်ရဲ့ သားသမီးတွေနဲ့ ထွန်းမင်းလတ်တို့အကြား ငွေကြေးဆက်နွှယ် မှုတွေကို Justice For Myanmar က သိမ်းဆည်းရမိတဲ့ စာရင်းမှတ်တမ်း တွေ က နေ ရှာဖွေဆန်းစစ် ဖော်ထုတ်ခဲ့တာပါ။

ထွန်းမင်းလတ်ကို စက်တင်ဘာ ၁၇ ရက်နေ့က ဘန်ကောက်မြို့အရုဏ်တက်ချိန် စီးနင်းမှုမှာ ဖမ်းဆီးလိုက်တာဖြစ်ပြီး၊ သူ့ကို အမြင့်ဆုံး ပြစ်ဒဏ် ၁၅ နှစ်ကနေ သေဒဏ် အထိ အပြစ်ပေးနိုင်တဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့က စွဲချက်တင် ထားပါတယ်။

ထွန်းမင်းလတ်ကို ဖမ်းဆီးပြီးနောက်မှာ ထိုင်းရဲတပ်ဖွဲ့က အိမ်ခြံမြေ၊ ငွေသား၊ ကားတွေ၊ တန်ဖိုးကြီးနာရီတွေနဲ့ နာမည်ကြီးတံဆိပ်လက်ကိုင်အိတ် တွေအပါ အဝင် အမေရိကန်ဒေါ်လာ သန်း ၅၀ လောက်တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဘန်ကောက်မှာ အောင်ပြည့်စုံက Belle Grand Rama 9 ကွန်ဒိုအခန်း ဝယ်ထား

ထွန်းမင်းလတ်ရဲ့ လက်ဝယ် လက်ပူးလက်ကြပ် သိမ်းဆည်းရမိတဲ့ ပိုင်ဆိုင်မှုတွေ မှာ ဘန်ကောက်မြို့ Belle Grand Rama 9 ကွန်ဒိုရှိ အောင်ပြည်စုံပိုင်ဆိုင်တဲ့ အိပ်ခန်း လေးခန်းပါ ဇိမ်ခံကွန်ဒိုအခန်းအတွက် ပိုင်ဆိုင်မှု စာရွက်စာတမ်းလည်း ပါတာကို သိမ်း ဆည်းမှတ်တမ်းတွေအရ သိရပါတယ်။

အဲဒီ ကွန်ဒိုအခန်းကို ၂၀၁၇ ခုနှစ်ကဝယ်ယူခဲ့တာဖြစ်ပြီး၊ အဲဒီအချိန်ဟာ အောင် ပြည်စုံ ရဲ့ဖခင်မင်းအောင်လှိုင်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တဲ့ ရာဇဝတ် မှုတွေ ကျူးလွန်နေတဲ့ချိန်ဖြစ်ပါတယ်။ အဲဒီ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန် ထားတဲ့ရာဇတ်ကောင်ကို အခုအချိန်အထိ အပြစ်ပေး အရေးယူနိုင် တာ မရှိသေးပါဘူး။

ပုံစံတူ အိပ်ခန်းလေးခန်းပါ ကွန်ဒိုခန်းတွေရဲ့ တန်ဖိုးကို လက်ရှိကာလ ပေါက် ဈေး ဘတ် ၃၃ သန်းဝန်းကျင်နဲ့ ကြော်ငြာထားပြီး၊ အဲ့ဒီတန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၁ သန်းနီးပါး ဖြစ်ပါတယ်။ Belle Grand Rama 9 ကွန်ဒိုဟာ ထွန်း မင်း လတ်ကို ဖမ်းဆီးရမိခဲ့တဲ့ ကွန်ဒိုမီနီယံဖြစ်ပြီး အဲဒီကွန်ဒိုမှာ ထွန်းမင်း လတ် က သူ့ရဲ့နာမည်နဲ့ရော ဇနီးဖြစ်တဲ့ ဝင်းမင်းစိုး နာမည်နဲ့ တွဲလျက်ပါ အခန်း ၃ ခန်း ကို ပိုင်ဆိုင်ထားပါတယ်။

မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်က ထိုင်းဘဏ်စာအုပ်တွေ ဖွင့် ထား

ထိုင်းရဲတပ်ဖွဲ့က မင်းအောင်လှိုင်ရဲ့ သမီးခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ Siam Commercial Bank ငွေစုစာအုပ်နှစ်အုပ်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီ ဘဏ်အကောင့်တွေဟာ တန်ဖိုးကြီးဘန်ကောက်ကွန်ဒိုမီနီယံနဲ့ ရုံးခန်း အဆောက်အအုံတစ်ခုဖြစ်တဲ့ Q House Lumphini မှာရှိတဲ့ ဘဏ်ခွဲမှာ ဖွင့် ထားတာ ဖြစ်ပါတယ်။

ထိုင်းအာဏာပိုင်တွေအနေနဲ့ ဘဏ်အကောင့်ကို သိမ်း ဆည်းခဲ့ခြင်းမရှိကြောင်း Justice For Myanmar ကဆိုပါတယ်။ အဲ့ဒီဘဏ်အကောင့် ဆက်လက်အသုံးပြုနိုင်ခြင်း ရှိ မရှိကို အတည်မပြုနိုင်သေး ဘူးလို့ ဆက်လက်ပြောဆိုပါတယ်။ ထွန်းမင်းလတ်ဟာ အရင်က ခင်သီရိသက်မွန်နဲ့ အစုရှယ်ယာကုမ္ပဏီတစ်ခုရှိ ခဲ့ပြီး၊ ဒီအကြောင်းကို Justice For Myanmar ကထုတ်ဖော်ခဲ့ပါတယ်။

မင်းအောင်လှိုင်ရဲ့ သားနဲ့ သမီးတို့ကို သူတို့ရဲ့ ဖခင်နဲ့ အလားတူ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့အရေးယူထားကြောင်း၊ ထွက်ပေါ်လာတဲ့ အထောက်အထားတွေဟာ လက်ရှိ ထွန်းမင်းလတ်အပေါ် ရာဇဝတ်ကြောင်း အရ စွဲဆိုထားတဲ့ကိစ္စနဲ့ မင်းအောင်လှိုင်ရဲ့မိသားစုအကြား ဆက်နွှယ်နေတာ တွေအတွက် အရေးပါပြီး၊ သိမ်းဆည်းရမိတဲ့ပိုင်ဆိုင်မှုတွေအတွက် ငွေတွေ ဘယ်က ရလဲဆိုတာအပေါ် မေးခွန်းထုတ်စရာဖြစ်ကြောင်း JFM က ဆိုပါတယ်။

ဒီဖြစ်စဉ်ကိုကြည့်ရင် မြန်မာစစ်တပ်က အကြီးတန်းမိသားစုဝင်တွေဟာ ထိုင်း ဘဏ် တွေကို အသုံးပြုခွင့်ရနေတာ ဖော်ပြနေပြီး အကျယ်ချဲ့ ဆိုရရင် တနည်း အားဖြင့် ထိုင်းနိုင်ငံဟာ မြန်မာ စစ်တပ်ရဲ့ အမြစ်တွယ်နေတဲ့အကျင့် ပျက်ခြ စားမှုတွေ ကရတဲ့ တရားမဝင် အမြတ်ငွေတွေ မြန်မာစစ်တပ်က အကြီး တန်း မိသားစုဝင်တွေ သိုဝှက်ထားဖို့နေရာတစ်ခုအဖြစ် ရှိနေတဲ့အချက်ဟာ ထင်ရှား ပေါ် လွင်တဲ့ အထောက်အထားဖြစ်တယ်လို့ ဆိုပါတယ်

စစ်အုပ်စုကို နိုင်ငံတကာဘဏ္ဍာရေးစနစ်ကိုသုံးပြီး ကန့်သတ်ဖို့ကြိုးပမ်းတဲ့ ဒဏ် ခတ် ပိတ်ဆို့တာတွေ နဲ့ အခြားသောအရေးယူမှုတွေ ရှိနေတဲ့ကြားက ခုလို လုပ်ကိုင်ခွင့်ရနေကြတာ ဖြစ်ကြောင်း၊ မင်းအောင်လှိုင် မိသားစုက ထိုင်းနိုင်ငံကို သူတို့ မတရားခိုးယူထားတဲ့ ဓနဥစ္စာတွေ ဖွက်ထားဖို့ လုံခြုံစိတ်ချရတဲ့ နေရာ တစ်ခု အဖြစ် ရှုမြင်လုပ်ကိုင်နေတာဟာ အံ့ဩစရာမဟုတ်ကြောင်း၊ မင်းအောင် လှိုင် ဟာ ၂၀၁၄ ခုနှစ်မှာ ထိုင်းစစ်တပ်က အာဏာသိမ်းပြီး ဝန်ကြီးချုပ် နေရာ ယူ ထားတဲ့ ပရာယွတ်ချန်အိုချာနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိကြောင်း JFM က သတင်းထုတ်ပြန်ပါတယ်။

မြန်မာစစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်းမှာ ပရာယွတ်နဲ့ မင်းအောင် လှိုင်တို့ဟာ ကန့်လန့်ကာနောက်ကွယ်လမ်းကြောင်းတွေ ကနေ ထိတွေ့ဆက်ဆံနေကြခဲ့ပြီး၊ မြန်မာနိုင်ငံဆိုင်ရာထိုင်းအထူးသံတမန် က မြန်မာ နိုင်ငံအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကန့်ကွက်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ သဘာဝဓာတ်ငွေ့တင်သွင်းမှု က တဆင့် စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို ငွေကြေးထောက်ပံ့နေပါတယ်

ထိုင်းအာဏာပိုင်တွေအနေနဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး၊ အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်တို့ဟာ ထိုင်းဥပဒေကို ချိုးဖောက်ထားကြောင်း စွဲဆိုထားတဲ့ ထွန်းမင်း လတ်ရဲ့ ရာဇဝတ်မှုလုပ်ရပ်တွေကနေ အကျိုးအမြတ်ရရှိခဲ့ခြင်း ရှိ မရှိတို့ကို စုံစမ်းစစ်ဆေးဖို့၊ စစ်အုပ်စုအဖွဲ့ဝင်တွေ၊ သူတို့ရဲ့ မိသားစုတွေနဲ့ အားပေးပံ့ပိုးနေကြတဲ့ ထောက်တိုင်တွေက ထိုင်းဘဏ်တွေကို အသုံးပြုနေ တာနဲ့ ထိုင်းနိုင်ငံမှာ ပိုင်ဆိုင်မှုတွေ ဝယ်ယူတာကို ပိတ်ပင်တားဆီးဖို့ Justice For Myanmar က တောင်းဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ မဟာမိတ်နိုင်ငံတွေအနေနဲ့လည်း မြန်မာစစ်ရာဇဝတ်ကောင်တွေရဲ့ ခိုးရာပါပစ္စည်းတွေကို အရေးယူခံရခြင်းလွတ်ကင်းစွာနဲ့ သိုဝှက်သိမ်းဆည်းတဲ့ နေရာမဖြစ်အောင် လုပ်ဖို့ ထိုင်းနိုင်ငံကို ဖိအားပေးဖို့လည်း လိုအပ်ကြောင်း၊ ထိုင်းဘဏ်တွေအနေနဲ့ အောင်ပြည်စုံနဲ့ ခင်သီရိသက်မွန်တို့ အပါအဝင် အခြား အချုပ်အခြာပိုင်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့အရေးယူထားတဲ့ လူပုဂ္ဂိုလ်တွေ ဖွင့်လှစ်ကိုင်ဆောင်ထားတဲ့ ဘဏ်စာရင်းတွေ ပိတ်သိမ်းဖို့ Justice For Myanmar က ထပ်မံ တိုက်တွန်းတောင်းဆိုပါတယ်။

Siam Commercial Bank ကို ခင်သီရိသက်မွန်နဲ့ စစ်အုပ်စုမိသားစုတွေကို ဘဏ်ဝန်ဆောင်မှုတွေ ပေးဆောင်နေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး Justice For Myanmar ရဲ့ မေးမြန်းတာတွေကို ပြန်လည်ဖြေကြားတာ မရှိဘူးလို့ သိရပါတယ်

အစိုးရတွေအနေနဲ့ စစ်အုပ်စုရဲ့ ငွေကြေးအရင်းမြစ်တွေကို ဖြတ်တောက်ဖို့ နဲ့ စစ်အုပ်စုရဲ့ ငွေကြေးထောက်တိုင်တွေကို အရေးတကြီး ဒဏ်ခတ်ပိတ်ဆို့ အရေးယူရမှာဖြစ်ပါတယ်။ ဒါ့အပြင် စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့မိသားစုဝင်တွေ အတွက် တရားမဝင်စစ်အာဏာသိမ်းမှုကနေ အကျိုးအမြတ်ထုတ်ဖို့ နဲ့ မြန်မာ ပြည် သူတွေဆီက ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ခိုးယူခွင့်ရနေတဲ့ အခွင့် အရေး တွေကို ပိတ်ပင်တားမြစ်ဖို့အတွက်လည်း လုပ်ဆောင်ရမှာဖြစ်တယ်လို့ JFM ကဆိုပါတယ်

ဒီနေ့အထိတော့ ထွန်းမင်းလတ်ရဲ့ စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ Star Sapphire Group of Companies ကို ယူကေနိုင်ငံတစ်နိုင်ငံတည်းကသာ ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားကြောင်း၊ အမေရိကန်၊အီးယူ၊ကနေဒါနဲ့ သြစတြေးလျတို့အနေနဲ့လည်း Star Sapphire Group ကို ဒဏ်ခတ် အရေးယူရာမှာ ယူကေနိုင်ငံနဲ့အတူ လိုက်ပါလုပ်ဆောင်ဖို့ လိုအပ်ပြီး၊ တချိန်တည်းမှာ မဟာမိတ်ငါးနိုင်ငံအနေနဲ့ ထွန်းမင်းလတ်နဲ့ သူ့ရဲ့ ကွန်ယက် ထဲက လူပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းအားလုံးကို ဒဏ်ခတ်ပိတ်ဆို့ အရေး ယူနိုင် ဖို့ ကနေဒါနဲ့ သြစတြေးလျအပါအဝင် စိတ်တူကိုယ်တူ မိတ်ဖက် နိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း JFM က တိုက်တွန်းပါတယ်

မင်းအောင်လှိုင် စီးပွားရေး မိတ်ဖက် မူးယစ်ရာဇာ ထွန်းမင်းလတ်

အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ ထွန်းမင်းလတ်ဟာ မြန်မာစစ်တပ်အတွက် စစ် လက် နက် တွေကို တရုတ်နဲ့ အစ္စရေးနိုင်ငံ တွေဆီကနေ ဝယ်ပေးတာအပါအဝင် မြန်မာစစ်တပ်ကို တလျောက်လုံး ထောက်ပံ့ကူညီနေတဲ့အကြောင်း မှတ်တမ်း ပေါင်း များစွာရှိတဲ့ ခရိုနီတစ်ဦးဖြစ်ကြောင်း JFM သတင်းထုတ်ပြန်ချက်က ဖော်ပြပါတယ်

သူဟာ အရင် သန်းရွှေ အစိုးရလက်ထက် ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီး ဌာနအရာရှိဟောင်း အငြိမ်းစား ဒုဗိုလ်မှူးကြီးတစ်ဦးရဲ့ သားဖြစ်ပါတယ်။ ထွန်း မင်း လတ်ဟာ မြန်မာစစ်တပ်ရဲ့ စစ်ထောက်ချုပ်ရုံး၊ စစ်တပ်စီး ပွားရေးလုပ်ငန်း စုကြီး မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(MEHL)တို့နဲ့ စီးပွားရေးမိတ်ဖက် အဖြစ် လုပ်ငန်းတွေ လုပ်ကိုင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်

စစ်ထောက်ချုပ်ရုံးကို အမေရိကန်၊ ယူကေနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ် ပိတ်ဆို့ အရေးယူထားပြီး မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် (MEHL) ကိုတော့ အမေရိကန်၊ ယူကေ၊ ကနေဒါနဲ့ အီးယူ တို့က ပိတ်ဆို့အရေးယူထားကြောင်း၊ ထွန်းမင်းလတ်ဟာ ဇနီးဖြစ်တဲ့ ဒေါက်တာဝင်းမင်းစိုး၊ လုပ်ဖော်ကိုင်ဖက် ဒေါက် တာထက်အောင်၊ စည်သူမောင်၊ ခိုင်ဝင့်မွန်တို့နဲ့ အတူတူ ဦးဆောင်လုပ် ကိုင်တဲ့ Star Sapphire Group of Companies ကနေတစ်ဆင့် သူ့ရဲ့လုပ်ငန်း တွေကို ဆောင်ရွက်တာ ဖြစ်ကြောင်း သိရှိရပါတယ်

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက စပြီး ရွှေတြိဂံဒေသ၊ မြန်မာနိုင်ငံဘက်ခြမ်း၊ တာချီ လိတ်မြို့မှာ သူနဲ့ ပတ်သက်ဆက်နွှယ်တဲ့ Allure Group ဟာ သူ့ရဲ့မြန်မာ လုပ် ငန်း ခွဲဖြစ်တဲ့ Myanmar Allure Group ကတဆင့် ကာစီနိုလောင်း ကစား ရုံ လုပ်ငန်းကို စစ်ထောက်ချုပ်ရုံးနဲ့ မိတ်ဖက် လုပ်ကိုင်နေတယ်လို့ သိရှိရ ပါတယ်

Allure ကာစီနိုလုပ်ငန်းဟာ ထွန်းမင်းလတ် ဒါရိုက်တာအဖြစ် တာဝန်ယူထားတဲ့ ထိုင်းကုမ္ပဏီ Allure Group (P&E) ပါတဲ့ နယ်စပ်ဖြတ်ကျော် လျှပ်စစ် ဓါတ် အား ဝယ်ယူတာကတဆင့် ထိုင်းနိုင်ငံ ငွေကြေးစနစ်ထဲကို တရားမဝင်ငွေ ကြေးတွေ ထည့်နေတဲ့ ငွေကြေးခဝါချမှုနှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှု ကွန်ယက် တစ်ခုရဲ့ အစိတ်အပိုင်းပဲ ဖြစ်တယ်လို့ သိရပါတယ်

ထွန်းမင်းလတ်နဲ့ အတူ Allure Group (P&E) ကို ထိုင်းအာဏာပိုင်တွေက စွဲချက်တင်ထားပြီး Allure ကာစီနိုလုပ်ငန်းကို Upakit Pachariyangkun က တည်ထောင်ခဲ့တာဖြစ်ပြီး၊ ဒီလုပ်ငန်းကို ထွန်းမင်းလတ်နဲ့ အတူ ချုပ်ကိုင်ထားသူ ဖြစ်ကြောင်း၊ Pachariyangkun ဟာ လက်ရှိမှာ ထိုင်းစစ်တပ်က ခန့်အပ် ထား တဲ့ အထက်လွှတ်တော်အမတ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင် နေကြောင်း သိရှိရပါတယ်

အရင်နှစ် အောက်တိုဘာလက မူးယစ်ဆေးဝါးနဲ့ ငွေကြေးခဝါချမှု စွဲချက်နဲ့ Pachariyangkun ကို ဖမ်းဆီးဖို့ ဝရမ်းထုတ်ခဲ့ပြီး နာရီပိုင်းအတွင်း ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်မှာ Pachariyangkun ဟာ Allure မှာပါထား တဲ့ သူ့ရဲ့ ရှယ်ယာတွေကို ထွန်းမင်းလတ်နဲ့ အတူ စွဲချက်တင်ခံထားရတဲ့ သူ့ရဲ့ သားမက်ဖြစ်သူ Dean Gultula ဆီကို လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရပါတယ်

ဓာတ်ပုံ- အကြမ်းဖက်စစ်ခေါင်းဆောင်း မင်းအောင်လှိုင်သား၊ သမီး၊ မိသားစု

Leave a Reply

Your email address will not be published. Required fields are marked *