Breaking News- ခ်င္းအမ်ိဳးသား တပ္ဦး CNF ဌာနခ်ဳပ္ကို ယေန႔ ညေနပိုင္း တြင္ ဒုတိယအႀကိမ္ စစ္ေကာင္စီက တိုက္ေလယာဥ္ျဖင့္ ဗုံးထပ္က်ဲ
ရန္ကုန္၊ ဇန္နဝါရီ ၁၁
ခ်င္းျပည္နယ္၊ ခ်င္းအမ်ိဳးသား တပ္ဦး CNF ဌာနခ်ဳပ္ကို ယေန႔ ညေနပိုင္းတြင္ ဒုတိယအႀကိမ္ စစ္ေကာင္စီက တိုက္ေလယာဥ္ျဖင့္ ဗုံးထပ္က်ဲေၾကာင္း ခ်င္းအမ်ိဳး သားတပ္ဦး သတင္းရင္းျမစ္မ်ားထံမွ သိရွိရသည္
ဇန္နဝါရီလ ၁၁ ရက္ေန႔ မြန္းလြဲ ၄ နာရီဝန္းက်င္အခ်ိန္တြင္ CNF ဌာနခ်ဳပ္ကို စစ္ေကာင္စီက ေလယာဥ္ ၃ စီးျဖင့္ ထပ္မံ ဗုံးက်ဲျခင္း ျဖစ္ေၾကာင္း သိရွိရသည္
“ဂ်က္ဖိုက္တာ အျပာေရာင္ ၃ စီးနဲ႔ က်ဲခ်သြားတာ ထိခိုက္ဒဏ္ရာရရွိမႈ အေျခ အေန မသိရေသးဘူး။ မေန႔က ပထမအႀကိမ္ က်ဲတာ။ အခုက ဒုတိယအႀကိမ္ ထပ္က်ဲတာ
မီးခိုးလုံးေတြ တက္လာတယ္” ဟု ခ်င္း အမ်ိဳးသား တပ္ဦး ႏွင့္နီးစပ္သည့္ သတင္းရင္းျမစ္က ေျပာသည္
ယမန္ေန႔ နံနက္ပိုင္းကလည္း CNF ဌာနခ်ဳပ္ကို ပထမအႀကိမ္ တိုက္ေလယာဥ္ ျဖင့္ ဗုံးက်ဲခဲ့သျဖင့္ ေတာ္လွန္ေရးရဲေဘာ္ ၅ ဦးက်ဆုံးခဲ့ရေၾကာင္း သိရွိရသည္
ဓာတ္ပုံ- စစ္ေကာင္စီက တိုက္ေလယာဥ္ျဖင့္ ဗုံးက်ဲသျဖင့္ မီးခိုးလုံးမ်ား တက္လာေနစဥ္
Breaking News- ချင်းအမျိုးသား တပ်ဦး CNF ဌာနချုပ်ကို ယနေ့ ညနေပိုင်း တွင် ဒုတိယအကြိမ် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကျဲ
ရန်ကုန်၊ ဇန်နဝါရီ ၁၁
ချင်းပြည်နယ်၊ ချင်းအမျိုးသား တပ်ဦး CNF ဌာနချုပ်ကို ယနေ့ ညနေပိုင်းတွင် ဒုတိယအကြိမ် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကျဲကြောင်း ချင်းအမျိုး သားတပ်ဦး သတင်းရင်းမြစ်များထံမှ သိရှိရသည်
ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၄ နာရီဝန်းကျင်အချိန်တွင် CNF ဌာနချုပ်ကို စစ်ကောင်စီက လေယာဉ် ၃ စီးဖြင့် ထပ်မံ ဗုံးကျဲခြင်း ဖြစ်ကြောင်း သိရှိရသည်
“ဂျက်ဖိုက်တာ အပြာရောင် ၃ စီးနဲ့ ကျဲချသွားတာ ထိခိုက်ဒဏ်ရာရရှိမှု အခြေ အနေ မသိရသေးဘူး။ မနေ့က ပထမအကြိမ် ကျဲတာ။ အခုက ဒုတိယအကြိမ် ထပ်ကျဲတာ
မီးခိုးလုံးတွေ တက်လာတယ်” ဟု ချင်း အမျိုးသား တပ်ဦး နှင့်နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်
ယမန်နေ့ နံနက်ပိုင်းကလည်း CNF ဌာနချုပ်ကို ပထမအကြိမ် တိုက်လေယာဉ် ဖြင့် ဗုံးကျဲခဲ့သဖြင့် တော်လှန်ရေးရဲဘော် ၅ ဦးကျဆုံးခဲ့ရကြောင်း သိရှိရသည်
ဓာတ်ပုံ- စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် မီးခိုးလုံးများ တက်လာနေစဉ်