ေခ်ာင္းဦး၊ အျမင့္ေက်း႐ြာသို႔ သေဘၤာျဖင့္ အင္အားတိုးခ်ဲ႕လာေသာ စစ္ေၾကာင္း ကို ဒ႐ုန္းျဖင့္ ဗုံးက်ဲတိုက္ခိုက္၊ ဗုံးထိေသာ စစ္သား ကမ္းေျခတြင္ လူးလိမ့္ရင္း ေသဆုံး

ရန္ကုန္၊ ဇန္နဝါရိ ၁၁

စစ္ကိုင္းတိုင္း၊ ေခ်ာင္းဦးၿမိဳ႕နယ္ အျမင့္ေက်း႐ြာသို႔ သေဘၤာျဖင့္ အင္အားတိုး ခ်ဲ႕လာေသာ စစ္ေၾကာင္းကို ဒ႐ုန္းျဖင့္ ဗုံးက်ဲတိုက္ ခိုက္ရာ ဗုံးထိေသာ စစ္သား ကမ္းေျခတြင္ လူးလိမ့္ရင္း ေသဆုံးသြားေၾကာင္း စစ္ကိုင္းခ႐ိုင္တပ္ရင္း(၅)-MRA မွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆို သည္

ဇန္နဝါရီလ (၁၀)ရက္ေန႔ မြန္းလြဲ ၃ နာရီ ၃၀ မိနစ္ အခ်ိန္ခန႔္ မုံ႐ြာ(နမခ)မွ ေခ်ာင္းဦးၿမိဳ႕နယ္၊ အျမင့္ေက်း႐ြာ သို႔ ေရေၾကာင္းမွတဆင့္ အင္အားလာ တိုးေသာ စစ္ေကာင္စီတပ္ကို ဒ႐ုန္းျဖင့္ ဗုံသီးခ် တိုက္ခိုက္ခဲ့ရာ စစ္ေကာင္ စီတပ္သား ၁ ဦး ေသဆုံးခဲ့ၿပီး ၃ ဦး ဒဏ္ရာရရွိသြားေၾကာင္း သိရွိရသည္

တိုက္ခိုက္မႈကို Drone စစ္ဆင္ေရးကို မိမိတို႔ စစ္ကိုင္းခ႐ိုင္တပ္ရင္း(၅)-MRA ႏွင့္အတူ မုံ႐ြာခ႐ိုင္တပ္ရင္း(၁၅)- CRA၊ မုံ႐ြာခ႐ိုင္တပ္ရင္း(၁၂)-တပ္ခြဲ(၄)တို႔က ပူးေပါင္းၿပီး လုပ္ေဆာင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရွိရသည္

“ဗုံးသီးက်တဲ့ နားက စစ္ေခြး တစ္ေကာင္ကေတာ့ လူးလိမ့္ၿပီး ျမစ္ကမ္းစပ္ ထိကို ေရာက္သြားတာပဲ ေသဆုံးတဲ့သူ နဲ႔ ထိခိုက္တဲ့ သူေတြကို အျမင့္႐ြာ စခန္းထဲကို ေခၚသြားပါတယ္

လူနာတင္ေနတဲ့ အခ်ိန္ ဒ႐ုန္း နဲ႔ ထပ္ဗုံးခ်ဖို႔ လုပ္ခဲ့ေပမယ့္ drone killer ပါ လာတယ္ၾကားလို႔ က်ေနာ္တို႔အဖြဲ႕ေတြ ျပန္လည္ ဆုတ္ခြာခဲ့ပါတယ္” ဟု စစ္ကိုင္းခ႐ိုင္တပ္ရင္း(၅)-MRAမွ တာဝန္ရွိသူက ရွင္းျပသည္

ချောင်းဦး၊ အမြင့်ကျေးရွာသို့ သင်္ဘောဖြင့် အင်အားတိုးချဲ့လာသော စစ်ကြောင်း ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ ဗုံးထိသော စစ်သား ကမ်းခြေတွင် လူးလိမ့်ရင်း သေဆုံး

ရန်ကုန်၊ ဇန်နဝါရိ ၁၁

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အမြင့်ကျေးရွာသို့ သင်္ဘောဖြင့် အင်အားတိုး ချဲ့လာသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ရာ ဗုံးထိသော စစ်သား ကမ်းခြေတွင် လူးလိမ့်ရင်း သေဆုံးသွားကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း(၅)-MRA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်

ဇန်နဝါရီလ (၁၀)ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ် အချိန်ခန့် မုံရွာ(နမခ)မှ ချောင်းဦးမြို့နယ်၊ အမြင့်ကျေးရွာ သို့ ရေကြောင်းမှတဆင့် အင်အားလာ တိုးသော စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံသီးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင် စီတပ်သား ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်

တိုက်ခိုက်မှုကို Drone စစ်ဆင်ရေးကို မိမိတို့ စစ်ကိုင်းခရိုင်တပ်ရင်း(၅)-MRA နှင့်အတူ မုံရွာခရိုင်တပ်ရင်း(၁၅)- CRA၊ မုံရွာခရိုင်တပ်ရင်း(၁၂)-တပ်ခွဲ(၄)တို့က ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်

“ဗုံးသီးကျတဲ့ နားက စစ်ခွေး တစ်ကောင်ကတော့ လူးလိမ့်ပြီး မြစ်ကမ်းစပ် ထိကို ရောက်သွားတာပဲ သေဆုံးတဲ့သူ နဲ့ ထိခိုက်တဲ့ သူတွေကို အမြင့်ရွာ စခန်းထဲကို ခေါ်သွားပါတယ်

လူနာတင်နေတဲ့ အချိန် ဒရုန်း နဲ့ ထပ်ဗုံးချဖို့ လုပ်ခဲ့ပေမယ့် drone killer ပါ လာတယ်ကြားလို့ ကျနော်တို့အဖွဲ့တွေ ပြန်လည် ဆုတ်ခွာခဲ့ပါတယ်” ဟု စစ်ကိုင်းခရိုင်တပ်ရင်း(၅)-MRAမှ တာဝန်ရှိသူက ရှင်းပြသည်

Leave a Reply

Your email address will not be published. Required fields are marked *