ရဲေဘာ္ ၅ ဦး က်ဆုံးခဲ့ရသည့္ CNF ဌာနခ်ဳပ္ကို စစ္ေလယာဥ္ျဖင့္ ဗုံးက်ဲမႈ ခ်င္းအမ်ိဳးသား အတိုင္ပင္ခံ ေကာင္စီ ရႈတ္ခ်၊ အပစ္အခတ္ရပ္စဲေရး အလိမ္အညာသာျဖစ္ၿပီး‌ စစ္အာဏာရွင္ ေခ်မႈန္းေရး အစြမ္း ကုန္ တိုက္ပြဲဝင္မည္

ရန္ကုန္၊ ဇန္နဝါရီ ၁၁

အၾကမ္းဖက္စစ္ေကာင္စီက ခ်င္းျပည္နယ္၊ ခ်င္းအမ်ိဳးသားတပ္ဦး CNF ဌာနခ်ဳပ္ကို စစ္ေလယာဥ္ျဖင့္ ဗုံးက်ဲမႈကို ခ်င္းအမ်ိဳးသား အတိုင္ပင္ခံေကာင္စီက ျပင္းျပင္းထန္ထန္ ရႈတ္ခ်လိုက္ၿပီး စစ္အာဏာရွင္ ေခ်မႈန္းေရး အစြမ္းကုန္ ႀကိဳးပမ္း တိုက္ပြဲဝင္သြားမည္ျဖစ္ေၾကာင္း တရားဝင္ ေၾကညာသည္

ဇန္နဝါရီလ ၁၀ ရက္ ေဒသစံေတာ္ခ်ိန္ ညေန ၄ နာရီ ၃၀ မိနစ္အခ်ိန္ အာဏာသိမ္းစစ္ေကာင္စီ သည္ ခ်င္းအမ်ိဳးသားတပ္ဦးဌာနခ်ဳပ္တည္ရွိရာ Camp Victoria စခန္းကို တိုက္ေလယာဥ္မ်ား အသုံးျပဳ၍ ေလေၾကာင္းမွ ဗုံးက်ဲတိုက္ခိုက္ခဲ့ေၾကာင္း၊ ထိုသို႔တိုက္ခိုက္မႈေၾကာင့္ ခ်င္းအမ်ိဳးသား တပ္ဦး တပ္ဖြဲ႕ဝင္ ၅ ဦးက်ဆုံးခဲ့ရေၾကာင္း၊

က်ဲခ်ေသာ ဗုံးမ်ားအနက္တစ္လုံးသည္ အိႏၵိယႏိုင္ငံ နယ္နိမိတ္ အတြင္း သို႔ က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း၊ စစ္ေကာင္စီ၏ ဤလုပ္ရပ္အား ၾကားကာလ ခ်င္းအမ်ိဳး သား အတိုင္ပင္ခံေကာင္စီအေနျဖင့္ ျပင္းထန္စြာ ရႈံ႕ခ်ေၾကာင္း ေၾကညာသည္

ေလေၾကာင္းမွ ဗုံးႀကဲတိုက္ခိုက္မႈသည္ လူမဆန္ေသာလုပ္ရပ္ျဖစ္သည္သာမက၊ ႏိုင္ငံေတာ္ အာဏာကို စစ္တပ္က မတရားလုယူၿပီးေနာက္ပိုင္းျဖစ္ေပၚလာေသာ ခ်င္းလူမ်ိဳးမ်ားအပါအဝင္ တိုင္းရင္းသား ျပည္သူလူထုတစ္ရပ္လုံး၏ သေဘာထားႏွင့္ လိုလားခ်က္မ်ားကို ေျပာင္ေျပာင္တင္းတင္း မ်က္ကြယ္ ျပဳကာ ႏိုင္ငံေရးနည္းလမ္းျဖင့္ အေျဖ မရွာလိုေသာ စစ္ေကာင္စီ၏ သေဘာထားအမွန္ကို အတိ အလင္း ေဖာ္ျပခ်က္ ျဖစ္ေၾကာင္း

တစ္ဖက္တြင္ ၂၀၂၃ ခုႏွစ္ကုန္အထိ အပစ္အခတ္ရပ္စဲမည္ဟု စစ္ေကာင္စီ၏ထုတ္ေဖာ္ ေျပာဆိုခ်က္သည္ အလိမ္အညာသက္သက္သာျဖစ္ေၾကာင္း ၎တို႔ ကိုယ္တိုင္ ဝန္ခံေနျခင္းပင္ျဖစ္ေၾကာင္း ေထာက္ျပထားသည္

ခ်င္းအမ်ိဳးသားတပ္ဦးဌာနခ်ဳပ္တည္ရွိရာ Camp Victoria စခန္းအပါအဝင္ ခ်င္းျပည္အတြင္း ေလေၾကာင္းမွပစ္ခတ္တိုက္ခိုက္မႈမ်ားသည္ ႏိုင္ငံေရးအရ အလြန္ပင္ မွားယြင္းသည့္လုပ္ရပ္ျဖစ္ၿပီး၊ လူမ်ိဳးေရး အရလည္း ျပန္လည္ေျဖဆည္ရာခက္ခဲသည့္ စိတ္ဒါဏ္ရာမ်ားကို ပိုမိုနက္ရႈိင္းခိုင္မာ သြားေစမည္ျဖစ္ေၾကာင္း ေျပာဆိုထားသည္

တစ္ဖက္တြင္လည္း စစ္ေကာင္စီကို အျမစ္ျပတ္ေခ်မႈန္းလိုသည့္ ခ်င္း လူမ်ိဳး မ်ား၏ နာၾကည္းမႈႏွင့္ သႏၷိဌာန္ကို ပိုမိုအားသစ္ေလာင္းေပးရာ ေရာက္ေၾကာင္း၊ ခ်င္းလူမ်ိဳးမ်ားအေနျဖင့္ စစ္ေကာင္စီ ၏ ဖိႏွိပ္တိုက္ခိုက္မႈမ်ားကို ဆက္၍ တြန္းလွန္ခုခံသြားမည္သာျဖစ္ေၾကာင္း တရားဝင္ ထုတ္ျပန္သည္

လက္ရွိအခ်ိန္သည္ ခ်င္းလူမ်ိဳးတို႔၏သမိုင္းတြင္ အလြန္အေရးႀကီးသည့္အခ်ိန္ကာလျဖစ္ရာ ခ်င္း ျပည္သူ မ်ားႏွင့္ ခ်င္းေတာ္လွန္ေရးအင္အားစုအသီးသီး အေနျဖင့္ စည္းလုံးညီၫြတ္စြာ အခ်င္းခ်င္း လက္တြဲမျဖဳတ္စတမ္း ဘုံရည္မွန္းခ်က္ပန္းတိုင္ေရာက္ရွိသည္ အထိ ရရာနည္းလမ္းမ်ိဳးစုံျဖင့္ အစြမ္း ကုန္ႀကိဳးပမ္းေဆာင္႐ြက္သြားၾကရန္အေလးအနက္ တိုက္တြန္းေၾကာင္း ၾကားကာလ ခ်င္းအမ်ိဳး သားအတိုင္ပင္ခံေကာင္စီက တရားဝင္ ေၾကညာထားသည္

စစ္ေကာင္စီ၏ ေလေၾကာင္းျဖင့္ တိုက္ခိုက္မႈေၾကာင့္ ဆလိုင္းဗန္႐ိုျပန္၊ မိုင္ငြန္ေလွပါရ္၊ မိုင္ေ႐ႊလဲန္ပါရ္၊ ဆလိုင္းဒုသင္ႏွင့္ ဆလိုင္ကီလ္မန္ ၊ စုစုေပါင္း ရဲေဘာ္ ၅ ဦး က်ဆုံးေၾကာင္း The Chin Journal ၏ သတင္းေဖာ္ျပခ်က္အရ သိရွိရသည္

ဓာတ္ပုံ- စစ္ေကာင္စီ၏ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ က်ဆုံးခဲ့ရသည့္ ေတာ္လွန္ေရးရဲေဘာ္ ၅ ဦး။

ရဲဘော် ၅ ဦး ကျဆုံးခဲ့ရသည့် CNF ဌာနချုပ်ကို စစ်လေယာဉ်ဖြင့် ဗုံးကျဲမှု ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ ရှုတ်ချ၊ အပစ်အခတ်ရပ်စဲရေး အလိမ်အညာသာဖြစ်ပြီး‌ စစ်အာဏာရှင် ချေမှုန်းရေး အစွမ်း ကုန် တိုက်ပွဲဝင်မည်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

အကြမ်းဖက်စစ်ကောင်စီက ချင်းပြည်နယ်၊ ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကို ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး စစ်အာဏာရှင် ချေမှုန်းရေး အစွမ်းကုန် ကြိုးပမ်း တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း တရားဝင် ကြေညာသည်

ဇန်နဝါရီလ ၁၀ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၃၀ မိနစ်အချိန် အာဏာသိမ်းစစ်ကောင်စီ သည် ချင်းအမျိုးသားတပ်ဦးဌာနချုပ်တည်ရှိရာ Camp Victoria စခန်းကို တိုက်လေယာဉ်များ အသုံးပြု၍ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့တိုက်ခိုက်မှုကြောင့် ချင်းအမျိုးသား တပ်ဦး တပ်ဖွဲ့ဝင် ၅ ဦးကျဆုံးခဲ့ရကြောင်း၊

ကျဲချသော ဗုံးများအနက်တစ်လုံးသည် အိန္ဒိယနိုင်ငံ နယ်နိမိတ် အတွင်း သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ စစ်ကောင်စီ၏ ဤလုပ်ရပ်အား ကြားကာလ ချင်းအမျိုး သား အတိုင်ပင်ခံကောင်စီအနေဖြင့် ပြင်းထန်စွာ ရှုံ့ချကြောင်း ကြေညာသည်

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုသည် လူမဆန်သောလုပ်ရပ်ဖြစ်သည်သာမက၊ နိုင်ငံတော် အာဏာကို စစ်တပ်က မတရားလုယူပြီးနောက်ပိုင်းဖြစ်ပေါ်လာသော ချင်းလူမျိုးများအပါအဝင် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ သဘောထားနှင့် လိုလားချက်များကို ပြောင်ပြောင်တင်းတင်း မျက်ကွယ် ပြုကာ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေ မရှာလိုသော စစ်ကောင်စီ၏ သဘောထားအမှန်ကို အတိ အလင်း ဖော်ပြချက် ဖြစ်ကြောင်း

တစ်ဖက်တွင် ၂၀၂၃ ခုနှစ်ကုန်အထိ အပစ်အခတ်ရပ်စဲမည်ဟု စစ်ကောင်စီ၏ထုတ်ဖော် ပြောဆိုချက်သည် အလိမ်အညာသက်သက်သာဖြစ်ကြောင်း ၎င်းတို့ ကိုယ်တိုင် ဝန်ခံနေခြင်းပင်ဖြစ်ကြောင်း ထောက်ပြထားသည်

ချင်းအမျိုးသားတပ်ဦးဌာနချုပ်တည်ရှိရာ Camp Victoria စခန်းအပါအဝင် ချင်းပြည်အတွင်း လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှုများသည် နိုင်ငံရေးအရ အလွန်ပင် မှားယွင်းသည့်လုပ်ရပ်ဖြစ်ပြီး၊ လူမျိုးရေး အရလည်း ပြန်လည်ဖြေဆည်ရာခက်ခဲသည့် စိတ်ဒါဏ်ရာများကို ပိုမိုနက်ရှိုင်းခိုင်မာ သွားစေမည်ဖြစ်ကြောင်း ပြောဆိုထားသည်

တစ်ဖက်တွင်လည်း စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းလိုသည့် ချင်း လူမျိုး များ၏ နာကြည်းမှုနှင့် သန္နိဌာန်ကို ပိုမိုအားသစ်လောင်းပေးရာ ရောက်ကြောင်း၊ ချင်းလူမျိုးများအနေဖြင့် စစ်ကောင်စီ ၏ ဖိနှိပ်တိုက်ခိုက်မှုများကို ဆက်၍ တွန်းလှန်ခုခံသွားမည်သာဖြစ်ကြောင်း တရားဝင် ထုတ်ပြန်သည်

လက်ရှိအချိန်သည် ချင်းလူမျိုးတို့၏သမိုင်းတွင် အလွန်အရေးကြီးသည့်အချိန်ကာလဖြစ်ရာ ချင်း ပြည်သူ များနှင့် ချင်းတော်လှန်ရေးအင်အားစုအသီးသီး အနေဖြင့် စည်းလုံးညီညွတ်စွာ အချင်းချင်း လက်တွဲမဖြုတ်စတမ်း ဘုံရည်မှန်းချက်ပန်းတိုင်ရောက်ရှိသည် အထိ ရရာနည်းလမ်းမျိုးစုံဖြင့် အစွမ်း ကုန်ကြိုးပမ်းဆောင်ရွက်သွားကြရန်အလေးအနက် တိုက်တွန်းကြောင်း ကြားကာလ ချင်းအမျိုး သားအတိုင်ပင်ခံကောင်စီက တရားဝင် ကြေညာထားသည်

စစ်ကောင်စီ၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ဆလိုင်းဗန်ရိုပြန်၊ မိုင်ငွန်လှေပါရ်၊ မိုင်ရွှေလဲန်ပါရ်၊ ဆလိုင်းဒုသင်နှင့် ဆလိုင်ကီလ်မန် ၊ စုစုပေါင်း ရဲဘော် ၅ ဦး ကျဆုံးကြောင်း The Chin Journal ၏ သတင်းဖော်ပြချက်အရ သိရှိရသည်

ဓာတ်ပုံ- စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရသည့် တော်လှန်ရေးရဲဘော် ၅ ဦး။

Leave a Reply

Your email address will not be published. Required fields are marked *