ေသရဲလွ်င္ လူဦးေရစာရင္းဆက္ေကာက္ၾကဟု ထားဝယ္PDF သတိေပး

ထားဝယ္ PDF ေတြ ရွ-င္းတယ္ျပတ္ျပတ္သားသား လုပ္ျပၿပီးမွထပ္ၿပီးေတာ့ သတိေပးလိုက္ၿပီ

” ေ-သ-ရဲလွ်င္ လူဦးေရစာရင္းဆက္ေကာက္ၾကေပါ့ “တဲ့ေလဇန္နဝါရီ ၉ နံနက္ ၁၁ နာရီခန႔္တနသၤာရီတိုင္း ေလာင္းလုံံးၿမိ့ုနယ္ကေျမာကင္းေက်း႐ြာ စစ္တပ္လုံၿခဳံေရးယူၿပီး လူဦးေရစာရင္းလိုက္လံေကာက္ယူေနေသာစစ္အုပ္စုဝင္ကို ထားဝယ္ ပကဖေလာင္းလုံး ပကဖနဲ႔ Dawei Guerrilla Revolutionary Force-DGRF တို႔ ပ-စ္ခ-တ္ရွ-င္းလင္းခဲ့ၿပီးေနာက္ DGRF တာဝန္ရွိသူတဦးက ေ-သ-ရဲလွ်င္လူဦးေရစာရင္း ဆက္ေကာက္လို႔သတိေပးလို႔ MPA မွာ ေဖာ္ျပ

ေသရဲလွ်င္ လူဦးေရစာရင္း ဆက္ေကာက္ၾကပါဟု Dawei Guerrilla Revolutionary Force- DGRF (ထားဝယ္-ပကဖ) ၏ တာဝန္ရွိသူတစ္ဦးက သတိေပးလိုက္သည္

စစ္ေကာင္စီစိတ္ကူးယဥ္ေနေသာေ႐ြးေကာက္ပြဲအတြက္ တစ္အိမ္တက္ဆင္း လူဦးေရစာရင္း လိုက္ ေကာက္ေနသူမ်ားကို DGRF က အထက္ပါအတိုင္းသတိေပးလိုက္ျခင္းျဖစ္သည္

ဇန္နဝါရီလ ၉ရက္ေန႔ နံနက္ ၁၁နာရီခန႔္က တနသၤာရီတိုင္း၊ ေလာင္းလုံးၿမိဳ႕နယ္ ကေျမာကင္း ေက်း႐ြာတြင္ စစ္တပ္လုံၿခဳံေရးရယူကာ လူဦးေရစာရင္းလိုက္လံေကာက္ေနသည့္ အၾကမ္းစစ္တပ္ႏွင့္ လူတစ္စုကို ထားဝယ္ ပကဖ နဲ႔ ေလာင္းလုံး ပကဖ တို႔ပူးေပါင္းတိုက္ခိုက္ခဲ့ၿပီးေနာက္ DGRFတပ္ဖြဲ႕၏ တာဝန္ရွိသူတစ္ဦးကထိုသို႔ ထပ္မံသတိေပးလိုက္ျခင္းလည္း ျဖစ္သည္

“ မေန႔က မနက္ပိုင္းေလာက္က ကေျမာကင္း မူလတန္းေက်ာင္းနားမွာ ျဖစ္တာ။ေလာင္းလုံ ပကဖနဲ႔ ထားဝယ္ ပကဖတို႔ပူးေပါင္းလုပ္ေဆာင္တာပါ။စစ္တပ္ကလုံၿခဳံေရးလိုက္ေပးတာကို အထင္ႀကီးၿပီး လက္ကိုင္တုတ္ေကာင္ေတြေသရဲရင္ဆက္လုပ္ေပါ့” ဟု ၎ကေျပာသည္

မင္းေအာင္လႈိင္ျပဳလုပ္မည့္ တရားမဝင္ေ႐ြးေကာက္ပြဲကို လက္ခံမွာမဟုတ္သလို တရားမဝင္ေ႐ြး ေကာက္ပြဲ ျဖစ္ေအာင္လုပ္ေဆာင္ေနမႈမ်ား ကိုလည္း အေပၚလက္ပိုက္ၾကည့္ေနမွာမဟုတ္ေၾကာင္း ၎ကဆိုသည္။“ စစ္တပ္နဲ႔ နီးကပ္စြာမေနပါနဲ႔။ေ႐ြးေကာက္ပြဲအတြက္ မဲလိုက္ေကာက္ေနမယ္ဆို ထားဝယ္ ပကဖအေနနဲ႔ ေနာက္ဆက္တြဲျဖစ္စဥ္ေတြကို လုံးဝတာဝန္ယူမွာမဟုတ္ဘူး” ဟု ၎က ဆက္လက္ေျပာသည္

ယမန္ေန႔ တိုက္ခိုက္မႈအတြင္း စစ္ေကာင္စီတပ္သား၁ဦးေသၿပီး တဦး ဒဏ္ရာျဖင့္ ထြက္ေျပးသြားခဲ့ကာ ၎တို႔ထံမွ Ak 47 ေသနတ္တစ္လက္၊က်ည္ ၂၃ေတာင့္ႏွင့္ က်ည္ေဘာက္တစ္ခု သိမ္းဆည္းရမိခဲ့ေၾကာင္း DGRFက ထုတ္ျပန္ထားသည္

စစ္ေကာင္စီက တစ္အိမ္တက္ဆင္း လူဦးေရစာရင္းေကာက္ခံမႈကို ဇန္နဝါရီ၉ရက္မွ ၃၁ရက္ေန႔အထိ ႏိုင္ငံတစ္ဝန္း ျပဳလုပ္လ်က္ရွိၿပီးလူဦးေရစာရင္းေကာက္ေနသူမ်ားကို အၾကမ္း ဖက္တိုက္ဖ်က္ေရး ဥပေဒျဖင့္ ျပင္းထန္စြာ တရားစြဲအေရးယူသြားမည္ျဖစ္ေၾကာင္း NUG အစိုးရ၊ ျပည္ထဲေရးႏွင့္လူဝင္ မႈႀကီးၾကပ္ေရးဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီး ဦးလြင္ကိုလတ္က ဇန္နဝါရီ၉ရက္တြင္ေၾကညာခ်က္ ထုတ္ျပန္ ခဲ့သည္

သေရဲလျှင် လူဦးရေစာရင်းဆက်ကောက်ကြဟု ထားဝယ်PDF သတိပေး

ထားဝယ် PDF တွေ ရှ-င်းတယ်ပြတ်ပြတ်သားသား လုပ်ပြပြီးမှထပ်ပြီးတော့ သတိပေးလိုက်ပြီ

” ေ-သ-ရဲလျှင် လူဦးရေစာရင်းဆက်ကောက်ကြပေါ့ “တဲ့လေဇန်နဝါရီ ၉ နံနက် ၁၁ နာရီခန့်တနင်္သာရီတိုင်း လောင်းလုံံးမြိ့ုနယ်ကမြောကင်းကျေးရွာ စစ်တပ်လုံခြုံရေးယူပြီး လူဦးရေစာရင်းလိုက်လံကောက်ယူနေသောစစ်အုပ်စုဝင်ကို ထားဝယ် ပကဖလောင်းလုံး ပကဖနဲ့ Dawei Guerrilla Revolutionary Force-DGRF တို့ ပ-စ်ခ-တ်ရှ-င်းလင်းခဲ့ပြီးနောက် DGRF တာဝန်ရှိသူတဦးက ေ-သ-ရဲလျှင်လူဦးရေစာရင်း ဆက်ကောက်လို့သတိပေးလို့ MPA မှာ ဖော်ပြ

သေရဲလျှင် လူဦးရေစာရင်း ဆက်ကောက်ကြပါဟု Dawei Guerrilla Revolutionary Force- DGRF (ထားဝယ်-ပကဖ) ၏ တာဝန်ရှိသူတစ်ဦးက သတိပေးလိုက်သည်

စစ်ကောင်စီစိတ်ကူးယဉ်နေသောရွေးကောက်ပွဲအတွက် တစ်အိမ်တက်ဆင်း လူဦးရေစာရင်း လိုက် ကောက်နေသူများကို DGRF က အထက်ပါအတိုင်းသတိပေးလိုက်ခြင်းဖြစ်သည်

ဇန်နဝါရီလ ၉ရက်နေ့ နံနက် ၁၁နာရီခန့်က တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကမြောကင်း ကျေးရွာတွင် စစ်တပ်လုံခြုံရေးရယူကာ လူဦးရေစာရင်းလိုက်လံကောက်နေသည့် အကြမ်းစစ်တပ်နှင့် လူတစ်စုကို ထားဝယ် ပကဖ နဲ့ လောင်းလုံး ပကဖ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးနောက် DGRFတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးကထိုသို့ ထပ်မံသတိပေးလိုက်ခြင်းလည်း ဖြစ်သည်

“ မနေ့က မနက်ပိုင်းလောက်က ကမြောကင်း မူလတန်းကျောင်းနားမှာ ဖြစ်တာ။လောင်းလုံ ပကဖနဲ့ ထားဝယ် ပကဖတို့ပူးပေါင်းလုပ်ဆောင်တာပါ။စစ်တပ်ကလုံခြုံရေးလိုက်ပေးတာကို အထင်ကြီးပြီး လက်ကိုင်တုတ်ကောင်တွေသေရဲရင်ဆက်လုပ်ပေါ့” ဟု ၎င်းကပြောသည်

မင်းအောင်လှိုင်ပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲကို လက်ခံမှာမဟုတ်သလို တရားမဝင်ရွေး ကောက်ပွဲ ဖြစ်အောင်လုပ်ဆောင်နေမှုများ ကိုလည်း အပေါ်လက်ပိုက်ကြည့်နေမှာမဟုတ်ကြောင်း ၎င်းကဆိုသည်။“ စစ်တပ်နဲ့ နီးကပ်စွာမနေပါနဲ့။ရွေးကောက်ပွဲအတွက် မဲလိုက်ကောက်နေမယ်ဆို ထားဝယ် ပကဖအနေနဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေကို လုံးဝတာဝန်ယူမှာမဟုတ်ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်

ယမန်နေ့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား၁ဦးသေပြီး တဦး ဒဏ်ရာဖြင့် ထွက်ပြေးသွားခဲ့ကာ ၎င်းတို့ထံမှ Ak 47 သေနတ်တစ်လက်၊ကျည် ၂၃တောင့်နှင့် ကျည်ဘောက်တစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း DGRFက ထုတ်ပြန်ထားသည်

စစ်ကောင်စီက တစ်အိမ်တက်ဆင်း လူဦးရေစာရင်းကောက်ခံမှုကို ဇန်နဝါရီ၉ရက်မှ ၃၁ရက်နေ့အထိ နိုင်ငံတစ်ဝန်း ပြုလုပ်လျက်ရှိပြီးလူဦးရေစာရင်းကောက်နေသူများကို အကြမ်း ဖက်တိုက်ဖျက်ရေး ဥပဒေဖြင့် ပြင်းထန်စွာ တရားစွဲအရေးယူသွားမည်ဖြစ်ကြောင်း NUG အစိုးရ၊ ပြည်ထဲရေးနှင့်လူဝင် မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဇန်နဝါရီ၉ရက်တွင်ကြေညာချက် ထုတ်ပြန် ခဲ့သည်

 

Leave a Reply

Your email address will not be published. Required fields are marked *