ခ်င္းအမ်ိဳးသားတပ္ဦး CNF ဌာနခ်ဳပ္ကို စစ္ေကာင္စီက ေလယာဥ္ျဖင့္ ဗုံးက်ဲမႈ ဗီဒီယို

ရန္ကုန္၊ ဇန္နဝါရီ ၁၀

အိႏၵိယ-ျမန္မာနယ္စပ္ရွိ ခ်င္းအမ်ိဳးသားတပ္ဦး(CNF/CNA) ဌာနခ်ဳပ္ကို စစ္ ေကာင္စီက တိုက္ေလယာဥ္ အသုံးျပဳ ဗုံးက်ဲမႈေၾကာင့္ ေတာ္လွန္ေရးရဲေမ ၃ ဦး ႏွင့္ ရဲေဘာ္ ၂ ဦး က်ဆုံးေၾကာင္း၊ ဒဏ္ရာရရွိ သူမ်ားရွိေၾကာင္း ခ်င္းေတာ္ လွန္ ေရး တပ္ဖြဲ႕သတင္းရင္းျမစ္မ်ားထံသိရွိရသည္

ယေန႔ ညေန၄ နာရီဝန္းက်င္အခ်ိန္ တိုက္ေလယာဥ္မ်ားျဖင့္ ဗုံး ၅ လုံးက်ဲခ် တိုက္ ခိုက္ျခင္းျဖစ္ၿပီး ဗုံးက်ဲမႈေၾကာင့္ အနည္းဆုံး ၅ ဦး ေသဆုံးေၾကာင္း၊

ဒဏ္ ရာ ရရွိသူမ်ားလည္း မ်ားျပားေၾကာင္း၊ တိုက္ေလယာဥ္မ်ားသည္ အိႏၵိယ ေလ ပိုင္ နက္ကို ျဖတ္ေက်ာ္ဖြယ္ရွိေၾကာင္း ေဒသခံမ်ားကို ကိုးကား၍ ခ်င္းလူ႔ အခြင့္ အေရးအဖြဲ႕က ထုတ္ျပန္ထားသည္

ရန္ကုန္ေခတ္သစ္အေနျဖင့္ ခ်င္းအမ်ိဳးသားတပ္ဦး(CNF/CNA) ဌာနခ်ဳပ္ကို ဆက္သြယ္ေသာ္လည္း လက္ရွိအခ်ိန္အထိ အဆက္ အသြယ္ မရရွိေသးေပ

ဓာတၸဳံ – MMK News

ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု ဗီဒီယို

ရန်ကုန်၊ ဇန်နဝါရီ ၁၀

အိန္ဒိယ-မြန်မာနယ်စပ်ရှိ ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဌာနချုပ်ကို စစ် ကောင်စီက တိုက်လေယာဉ် အသုံးပြု ဗုံးကျဲမှုကြောင့် တော်လှန်ရေးရဲမေ ၃ ဦး နှင့် ရဲဘော် ၂ ဦး ကျဆုံးကြောင်း၊ ဒဏ်ရာရရှိ သူများရှိကြောင်း ချင်းတော် လှန် ရေး တပ်ဖွဲ့သတင်းရင်းမြစ်များထံသိရှိရသည်

ယနေ့ ညနေ၄ နာရီဝန်းကျင်အချိန် တိုက်လေယာဉ်များဖြင့် ဗုံး ၅ လုံးကျဲချ တိုက် ခိုက်ခြင်းဖြစ်ပြီး ဗုံးကျဲမှုကြောင့် အနည်းဆုံး ၅ ဦး သေဆုံးကြောင်း၊

ဒဏ် ရာ ရရှိသူများလည်း များပြားကြောင်း၊ တိုက်လေယာဉ်များသည် အိန္ဒိယ လေ ပိုင် နက်ကို ဖြတ်ကျော်ဖွယ်ရှိကြောင်း ဒေသခံများကို ကိုးကား၍ ချင်းလူ့ အခွင့် အရေးအဖွဲ့က ထုတ်ပြန်ထားသည်

ရန်ကုန်ခေတ်သစ်အနေဖြင့် ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဌာနချုပ်ကို ဆက်သွယ်သော်လည်း လက်ရှိအချိန်အထိ အဆက် အသွယ် မရရှိသေးပေ

ဓာတ္ပုံ – MMK News

Leave a Reply

Your email address will not be published. Required fields are marked *