ေဖေဖာ္ဝါရီတြင္ စစ္ေကာင္စီ အမည္သစ္ေျပာင္းမည္

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔တြင္ အာဏာသိမ္း စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္၏ စစ္ေကာင္စီက ပုံစံအသစ္ျဖင့္ ေျပာင္းလဲသြားရန္ရွိၿပီး အေျခအေနမေရရာျဖစ္မွာကို စစ္ေကာင္စီတပ္ထိပ္ပိုင္းအရာရွိအခ်ိဳ႕တြင္ စိုးရိမ္မႈမ်ားျဖစ္ေနသည္ဟု ေနျပည္ေတာ္ရွိသတင္းရပ္ကြက္မ်ားက မဇၩိမကိုေျပာသည္

“ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ” ဆိုေသာအဖြဲ႕ကို ဇန္နဝါရီလ ၃၁ ရက္ေန႔တြင္ဖ်က္သိမ္းၿပီး အမည္သစ္၊ အဖြဲ႕သစ္ပုံစံဖြဲ႕စည္းသြားရမွာျဖစ္ရာ ဖြဲ႕စည္းမႈအသစ္တြင္ ပါဝင္မည့္သူမ်ားလည္း အေျပာင္းအလဲျဖစ္လာဖြယ္ရွိသည္

” ဘယ္လိုျဖစ္မလဲေတာ့မသိဘူး။ ဒီလကုန္လို႔ရွိရင္ အေျခအေနတစ္ခုေျပာင္းလိမ့္မယ္” ဟု စစ္တပ္၏စီးပြားေရးလုပ္ငန္းတစ္ခုျဖစ္ေသာ MEC မွာ အရာရွိတစ္ဦးက ေျပာသည္။ အေသးစိတ္ကိုသူက ေျပာၾကားရန္ ျငင္းဆန္လိုက္ၿပီး “Guardian government” ပုံစံဟုေျပာသည္

အျခားေသာ လက္ရွိစစ္ေကာင္စီတပ္အႀကီးတန္းအရာရွိတစ္ေယာက္ကလည္း ယခုလကုန္မွစ၍ သူ႔တြင္လုပ္ပိုင္ခြင့္မရွိေတာ့ဟု ဆိုသည္

ေဖေဖာ္ဝါရီ ၁ ရက္၊ ၂၀၂၃ ခုႏွစ္တြင္ စစ္တပ္ကေနျပည္ေတာ္တြင္ အာဏာသိမ္းသည္မွာ ႏွစ္ႏွစ္ျပည့္ေျမာက္မွာျဖစ္သည္ ၂၀၀၈ အေျခခံဥပေဒအတိုင္း လုပ္ေဆာင္ပါသည္ဟု ေၾကညာထားသည့္ စစ္ေခါင္းေဆာင္အတြက္ အာဏာသိမ္းသက္တမ္းတိုးခ်ဲ႕ခြင့္ကုန္ဆုံးသြားၿပီျဖစ္ရာ ဇန္နဝါရီ ၃၁ ရက္ေန႔သည္ သက္တမ္းေနာက္ဆုံးေန႔ျဖစ္သည္

အဆိုပါအေျခခံဥပေဒအရ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အေနျဖင့္ တိုင္းျပည္အေျခအေနကို အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ (ကာလုံ) ကို အစီရင္ခံတင္ျပရမွာျဖစ္ၿပီး ကာလုံ၏သဘာပတိျဖစ္သူ ယာယီသမၼတ ဦးျမင့္ေဆြက မင္းေအာင္လႈိင္ထံလႊဲအပ္ထားေသာအာဏာကို ႐ုပ္သိမ္းရမွာျဖစ္သည္

ထို႔ေနာက္ ကာလုံကအာဏာအရွိဆုံးအဖြဲ႕ျဖစ္လာၿပီး ဥပေဒျပဳေရးအာဏာကို ကာလုံက ကိုင္ဆြဲထားမွာျဖစ္သည္။ ကာလုံ၏ဆုံးျဖတ္ခ်က္ျဖင့္ ဦးျမင့္ေဆြက အုပ္ခ်ဳပ္ေရးႏွင့္ တရားစီရင္ေရးကို ျပည္ေထာင္စုအဆင့္ႏွင့္ ျပည္နယ္ႏွင့္တိုင္းအဆင့္မ်ားတြင္ ခန႔္အပ္ရမွာျဖစ္သည္

ထို႔ေနာက္ ေျခာက္လအၾကာတြင္ ေ႐ြးေကာက္ပြဲက်င္းပရမွာျဖစ္ၿပီး အစိုးရအဖြဲ႕သစ္ဖြဲ႕စည္းၿပီးသည္အထိ ကာလုံက အသက္ဝင္သည္။

တိုင္းျပည္ေနရာအမ်ားအျပားတြင္ လက္နက္ကိုင္ပဋိပကၡမ်ားျဖစ္ပြားေနၿပီး စစ္ေကာင္စီတပ္ထိန္းခ်ဳပ္ရာနယ္ေျမမွာ အေတာ္ပင္နည္းပါးလာေနသည့္အတြက္ ေ႐ြးေကာက္ပြဲကလည္းလုပ္ႏိုင္ေျခမရွိဘဲျဖစ္ေနရာ မည္သို႔ဆက္လုပ္ရမည္ဆိုေသာၫႊန္ၾကားခ်က္မွာ ၂၀၀၈ဖြဲ႕စည္းပုံအေျခခံဥပေဒတြင္ မပါဝင္ေသာ အပိုင္းျဖစ္သည္

ယာယီသမၼတဦးျမင့္ေဆြသည္ ကာလုံတြင္သဘာပတိျဖစ္ေနေသာ္လည္း သူ႔ကို မင္းေအာင္လႈိင္ကပင္ အရပ္သားအစိုးရလက္ထက္လႊတ္ေတာ္တြင္ အမည္စာရင္းတင္သြင္းခဲ့ျခင္းျဖစ္သည္

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္ေသာ အရပ္သားအစိုးရသည္ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ မဲသမာမာမ်ားျပဳလုပ္ခဲ့သည္ဆိုကာ စစ္တပ္က ေဖေဖာ္ဝါရီလ ၁ ရက္၊ ၂၀၂၁ ခုႏွစ္တြင္ အာဏာသိမ္းခဲ့သည္ကို အေျခခံဥပေဒအရလုပ္ေဆာင္သည္ဟု အေၾကာင္းျပသည္

သို႔ေသာ္ မဲမသမာမႈျပဳလုပ္သည္ဆိုေသာ အေထာက္အထားမ်ား တင္ျပႏိုင္ျခင္းမရွိပါ အာဏာသိမ္းၿပီးေနာက္ တစ္ႏွစ္ျပည့္ႏွင့္ ေျခာက္လျပည့္ႏွစ္ႀကိမ္မ်ားတြင္ သက္တမ္းတိုးခြင့္ရခဲ့သည္

ဖေဖော်ဝါရီတွင် စစ်ကောင်စီ အမည်သစ်ပြောင်းမည်

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်ကောင်စီက ပုံစံအသစ်ဖြင့် ပြောင်းလဲသွားရန်ရှိပြီး အခြေအနေမရေရာဖြစ်မှာကို စစ်ကောင်စီတပ်ထိပ်ပိုင်းအရာရှိအချို့တွင် စိုးရိမ်မှုများဖြစ်နေသည်ဟု နေပြည်တော်ရှိသတင်းရပ်ကွက်များက မဇ္ဈိမကိုပြောသည်

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” ဆိုသောအဖွဲ့ကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင်ဖျက်သိမ်းပြီး အမည်သစ်၊ အဖွဲ့သစ်ပုံစံဖွဲ့စည်းသွားရမှာဖြစ်ရာ ဖွဲ့စည်းမှုအသစ်တွင် ပါဝင်မည့်သူများလည်း အပြောင်းအလဲဖြစ်လာဖွယ်ရှိသည်

” ဘယ်လိုဖြစ်မလဲတော့မသိဘူး။ ဒီလကုန်လို့ရှိရင် အခြေအနေတစ်ခုပြောင်းလိမ့်မယ်” ဟု စစ်တပ်၏စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော MEC မှာ အရာရှိတစ်ဦးက ပြောသည်။ အသေးစိတ်ကိုသူက ပြောကြားရန် ငြင်းဆန်လိုက်ပြီး “Guardian government” ပုံစံဟုပြောသည်

အခြားသော လက်ရှိစစ်ကောင်စီတပ်အကြီးတန်းအရာရှိတစ်ယောက်ကလည်း ယခုလကုန်မှစ၍ သူ့တွင်လုပ်ပိုင်ခွင့်မရှိတော့ဟု ဆိုသည်

ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၃ ခုနှစ်တွင် စစ်တပ်ကနေပြည်တော်တွင် အာဏာသိမ်းသည်မှာ နှစ်နှစ်ပြည့်မြောက်မှာဖြစ်သည် ၂၀၀၈ အခြေခံဥပဒေအတိုင်း လုပ်ဆောင်ပါသည်ဟု ကြေညာထားသည့် စစ်ခေါင်းဆောင်အတွက် အာဏာသိမ်းသက်တမ်းတိုးချဲ့ခွင့်ကုန်ဆုံးသွားပြီဖြစ်ရာ ဇန်နဝါရီ ၃၁ ရက်နေ့သည် သက်တမ်းနောက်ဆုံးနေ့ဖြစ်သည်

အဆိုပါအခြေခံဥပဒေအရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် တိုင်းပြည်အခြေအနေကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာလုံ) ကို အစီရင်ခံတင်ပြရမှာဖြစ်ပြီး ကာလုံ၏သဘာပတိဖြစ်သူ ယာယီသမ္မတ ဦးမြင့်ဆွေက မင်းအောင်လှိုင်ထံလွှဲအပ်ထားသောအာဏာကို ရုပ်သိမ်းရမှာဖြစ်သည်

ထို့နောက် ကာလုံကအာဏာအရှိဆုံးအဖွဲ့ဖြစ်လာပြီး ဥပဒေပြုရေးအာဏာကို ကာလုံက ကိုင်ဆွဲထားမှာဖြစ်သည်။ ကာလုံ၏ဆုံးဖြတ်ချက်ဖြင့် ဦးမြင့်ဆွေက အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကို ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်နှင့်တိုင်းအဆင့်များတွင် ခန့်အပ်ရမှာဖြစ်သည်

ထို့နောက် ခြောက်လအကြာတွင် ရွေးကောက်ပွဲကျင်းပရမှာဖြစ်ပြီး အစိုးရအဖွဲ့သစ်ဖွဲ့စည်းပြီးသည်အထိ ကာလုံက အသက်ဝင်သည်။

တိုင်းပြည်နေရာအများအပြားတွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ထိန်းချုပ်ရာနယ်မြေမှာ အတော်ပင်နည်းပါးလာနေသည့်အတွက် ရွေးကောက်ပွဲကလည်းလုပ်နိုင်ခြေမရှိဘဲဖြစ်နေရာ မည်သို့ဆက်လုပ်ရမည်ဆိုသောညွှန်ကြားချက်မှာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မပါဝင်သော အပိုင်းဖြစ်သည်

ယာယီသမ္မတဦးမြင့်ဆွေသည် ကာလုံတွင်သဘာပတိဖြစ်နေသော်လည်း သူ့ကို မင်းအောင်လှိုင်ကပင် အရပ်သားအစိုးရလက်ထက်လွှတ်တော်တွင် အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်သည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရသည် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲသမာမာများပြုလုပ်ခဲ့သည်ဆိုကာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သည်ကို အခြေခံဥပဒေအရလုပ်ဆောင်သည်ဟု အကြောင်းပြသည်

သို့သော် မဲမသမာမှုပြုလုပ်သည်ဆိုသော အထောက်အထားများ တင်ပြနိုင်ခြင်းမရှိပါ အာဏာသိမ်းပြီးနောက် တစ်နှစ်ပြည့်နှင့် ခြောက်လပြည့်နှစ်ကြိမ်များတွင် သက်တမ်းတိုးခွင့်ရခဲ့သည်

 

Leave a Reply

Your email address will not be published. Required fields are marked *